သျှမ်းတောင် လိုင်စင်မဲ့ကားများကို နေအိမ်ထိဝင်ဖမ်းရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှိုဝှက်ညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရပ်စောက်မြို့ ဘက်တွင် လိုင်စင်မဲ့ ကားများကို နေအိမ်အထိဝင်ဖမ်းရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှိုဝှက်ညွှန်ကြားလာကြောင်း စုံစမ်းသိရှိရပါသည်။

အဆိုပါ ညွှန်ကြားချက်ထဲတွင်  PDF အဖွဲ့နှင့် ဒုစရိုက်သမားများ အပါအဝင် ဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်း လုပ်ကိုင်သူများသည် လိုင်စင်မဲ့ ကားများကို အသုံးပြု၍ ခရီးသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း အပါဝင် လက်နက်ခဲယမ်းသယ်ဆောင် ရာတွင် အသုံးပြုနေကြသောကြောင့် ထိုကဲ့သို့ ဝင်ဖမ်းရန် အမိန့်ပေးထားကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိရေးအတွက် သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်၍ ဖမ်းဆီးရေးအဖွဲ့ (၁၀) ဖွဲ့ ဖြင့် ဖွဲ့စည်းထားပြီး ရပ်ကွက်/ ကျေးရွာများရှိ လိုင်စင်မဲ့ ယာဉ်သယ်ဆောင်သူ၊ ရောင်းဝယ်သူများ၏ နေအိမ်၊ ယာဉ်ပြုပြင်ရုံများ၊ ရေဆေး ဆီလိုက်ဆိုင်များအား ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခွင့်ရှိကြောင်း ခွင့်ပြုမိန့်ထုတ်လာသည်။

ယခုကဲ့သို့ လိုင်စင်မဲ့ ကားများကို ဖမ်းဆီးရန် ညွှန်ကြားချက်တွင် ပြည်သူများအတွက်သာဖြစ်ပြီး NON CDM များမောင်းနှင့်သည့် ကားများကိုမူ စစ်ဆေးမှု မပြုလုပ်ကြောင်း ပြည်သူများထံမှ သိရသည်။

တောင်ကြီးမြို့

“သျှမ်းပြည်နယ် အစိုးရလက်အောက်ခံ ဌာနအလိုက် NOM CDM တွေ မောင်းတဲ့ ကားကို မစစ်ဆေးဖို့လည်း ညွှန်ကြားထားတယ်ကြားတယ်။ သူတို့က အစိုးရ ဝန်ထမ်းတွေဆိုတော့ လွတ်လပ်သွားလာခွင့်ရတယ် ပြောတယ်။ အဓိကတော့ ပြည်သူတွေပဲ နစ်နာရတော့ပေါ့ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် လိုင်စင်မဲ့ ကားအရောင်းဝယ်လုပ်နေသည့် ပြည်သူ့များကို အရောင်းဝယ်များခေတ္တ ရပ်နားထားရန်နှင့် Facebook နှင့်Tiktokတွင် ရောင်းဝယ်နေမှုများကိုလည်း ရပ်နားထားရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောဆိုထားသည်။

ဆက်လက်ပြီး တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို ဖမ်းထားပြီး ပြန်လည်ရွေးထုတ်ခွင့် မရှိဘဲ အပြီးသိမ်းသွားကြောင်းနှင့် ယနေ့ထိ ကားများကို နေရာအနှံ့ ရှောင်တခင် ဖမ်းဆီးနေသည်ဟု တောင်ကြီးမြိုခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကားတွေ ဆိုင်ကယ်တွေကို ဖမ်းထားတာ အစီး(၅၀၀) ကျော်ပြီ၊ ဖမ်းထားတာတွေ သူတို့ NON CDM ဝန်ထမ်းတွေကို ပြန်ထုတ်ပေးဖို့ စီစဉ်နေတယ်ကြားတယ်။ အဖမ်းခံရတဲ့ ကားတွေကတော့ ပြန်ရဖို့ မမျှော်နဲ့တော့ သူတို့က ပြန်ကို မပေးတော့တာ။ လူကို ပါ မဖမ်းထားတာ တစ်ခုပဲ။ “ ဟု အဆိုပါ  အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ (၁၆) ရက်တွင်လည်း ရဲနှင့် စစ်ကောင်စီ တပ်သားများအပါဝင် မော်တော်ယာဉ်ထိန်းရဲများ ပေါင်းပြီး တောင်ကြီးမြို့အတွင်း အရပ်ဝတ်ဖြင့် သွားလာနေပြီး နေအိမ်၊ ရပ်ကွက်အထိ လာရောက် ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် PNOပြည်သူ့စစ်အဖွဲ့များမှလည်း ၎င်းတို့ ထိန်းချုပ်ဒေသဖြစ်သည့် ပင်လောင်း၊ဆီဆိုင်နှင့် ဟိုပုံးမြို့နယ် ဘက်တွင် လိုင်စင်မဲ့ ကားများ၊ဆိုင်ကယ်များကို မောင်းနှင်ခြင်းမပြုရန် ထုတ်ပြန်ထားပြီး အကယ်၍ မောင်းနှင်ပါက ဖမ်းဆီးခံရသည့်အခါ PNOအဖွဲ့မှ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်း ပြီးခဲ့သည့် မတ်လ (၄) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...