လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က မီးစက်အတွက် ပုံးနဲ့ဆီဝယ်ဖို့သွားယူရတာ ထောက်ခံစာမပါရင် မရောင်ပေးဘူး’’ဟု တောင်ကြီး မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ စက်သုံးဆီရောင်းချရန် သိုလှောင်ထားသည့် ဆီများ မရှိသည့်အတွက် ဆိုင်အများအပြား ပိတ်ထားရကြောင်း၊ စက်သုံးဆီ သိုလှောင်ပြီး ရောင်းချနေသည့် ဆိုင်များလည်း အဆမတန် စျေးနှုန်းမြှင့်ကာ ရောင်းချနေမှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း ၎င်းက ဆိုသည်။

‘’ ဒေါ်လာစျေး၊ ဘတ်ဈေး တက်လာတော့ အကုန်လိုက်တက်မှာလေ။ စက်သုံးဆီတွေက အဓိကစျေးတက်နေတာ၊ အဲဒါတောင် ဆီက လိုသလောက် မရဘူး။ ဒီဇယ်ကတော့ သိပ်မပြတ်သေးဘူးဆိုပေမယ့် ဘယ်လောက်ကြာကြာ ရှိဦးမလဲ မပြောတတ်သေးဘူး”ဟု ပင်လုံ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့များအကြား စစ်ရေးဆက်လက် ပြင်းထန်နေပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက်သွားသကဲ့သို့ သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေး ဆက်သွယ်သည့် ပြည်ထောင်စုလမ်းမကြီးလည်း ကုန်သွယ်စီးဆင်းမှု မရှိတော့ပေ။

ထို့ကြောင့် သျှမ်းမြောက်မှ မန္တလေးသို့ သွားလိုပါက သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်ကို ဖြတ်သန်းကာ သွားလာနေရပြီး လားရှိုးမြို့မှ စစ်ဘေးရှောင်များလည်း လွိုင်လင်ခရိုင်အတွင်း အများအပြား စစ်ဘေးရှောင်လာကြကြောင်း ဒေသခံများက ပြောသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...