တောင်ကြီးခရိုင်ရှိ ဝန်ထမ်းအားလုံး စစ်တပ်အရန် အင်အား ဖွဲ့စည်းရန် ညွှန်ကြားစာ ထွက်လာ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အားလုံး စစ်တပ်အရန်အင်အား အဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းကြရန် ညွှန်ကြားစာ ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။

.

ယခု သြဂုတ် ၉ ရက်စွဲဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန် အင်အား အဖြစ် စုဆောင်းပြီး တပ်ရင်းအသွင် ဖွဲ့စည်းရန် ညွှန်ကြားထားသည့်စာကို သျှမ်းပြည် စစ်ကောင်စီ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း မှ လက်မှတ်ရေးထိုးထားသည်။

ထို ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း နှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ အကြား စစ်သင်တန်းတက်ရမည်ကို စိုးရိမ်နေရကြောင်း ကလောမြို့နယ်တွင် နေထိုင်သည့် စည်ပင် ဝန်ထမ်း မိသားစု နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရှမ်းပြည်နယ်အစိုးရရုံး

“စာက လျှို့ဝှက်ဆိုပြီး ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားလာတာပဲ၊ ဒါပေမဲ့ လိုင်းပေါ်မှာလည်း အဲ့စာတွေ ပေါက်သွားတယ်၊ အမျိုးသားတွေမှ မဟုတ်ဘူး၊ အမျိုးသမီးတွေလည်း စစ်သင်တန်း တက်ပြီးတာနဲ့ အရန် တပ်ဖွဲ့အဖြစ် အဆင်သင့် ဖြစ်အောင် လုပ်ရမယ်၊ တာဝန်ကျတဲ့ နေရာကို သွားပြီး တာဝန်ထမ်းဆောင် ရမယ်ဆိုပြီး ညွှန်ကြားလာတယ်လို့ သိရတယ်” ဟု ကလောမြို့မှ စည်ပင်ဝန်ထမ်း မိသားစုဝင် နှင့် နီးစပ် သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ ထုတ်ပြန်ချက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှာ ဝန်ထမ်းများအားလုံးကို ပြည်သူ့စစ် တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊ အင်အား အခြေအနေပေါ် မူတည်၍ တာဝန်ခွဲ ဝေပေးခြင်း နှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်မည့် စီမံချက်များ ရေးဆွဲတင်ပြရမည် ဖြစ်ကြောင်း ရေးသားထားသည်။

လက်ရှိတွင် တောင်ကြီးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ တချို့သည် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်သင်တန်းတွင် လက်နက်ငယ် သင်တန်း တက်ရောက်သင်ယူနေရကြောင်းလည်း တောင်ကြီးမြို့ခံ အသက် (၅၀) ဝန်းကျင် အစိုးရ ဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထွေအုပ်ရုံးက ဝန်ထမ်းတချို့ကို ဖောင်‌ကြီး သင်တန်းမှာ လက်နက်ငယ် ပစ်ခတ်သင်တန်းနဲ့ စစ်ရေး သင်တန်းတွေကို အဓိက ပေးနေတာ။ ဝန်ထမ်းတွေကို စစ်တိုက်ခိုင်းမယ့် သဘောပဲ။ ဒီညွှန်ကြားချက် ကြောင့် တချို့ ဝန်ထမ်းတွေတော့ ပြေးမယ်ထင်တယ်” ဟု တောင်ကြီးမြို့ခံ အစိုးရဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ နှင့် ပြည်သူ့စစ်တပ်ဖွဲ့များသည် ကရင်နီပြည်နယ်မှ စစ်ဆင်ရေးတွင် ဝင်ပါနေရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ၏ ခုခံတော်လှန်မှုကြောင့် ထိခိုက် သေဆုံးမှုလည်း များနေကြောင်း သိရသည်။

ယင်းကဲ့သို့ ထိခိုက်သေဆုံးမှု များပြားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ပျူစောထီးများကို လက်နက်ပေးအပ်ပြီး ရှေ့တန်းထွက်ခိုင်းခြင်း ပြုလုပ်သည့်အပြင် ယခုတစ်ကြိမ်၌ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများကို အရန်ဝန်ထမ်းများအဖြစ် ဖွဲ့စည်းကြရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုသုံးသပ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...