Wednesday, January 28, 2026

တောင်ကြီးခရိုင်ရှိ ဝန်ထမ်းအားလုံး စစ်တပ်အရန် အင်အား ဖွဲ့စည်းရန် ညွှန်ကြားစာ ထွက်လာ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အားလုံး စစ်တပ်အရန်အင်အား အဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းကြရန် ညွှန်ကြားစာ ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။

.

ယခု သြဂုတ် ၉ ရက်စွဲဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန် အင်အား အဖြစ် စုဆောင်းပြီး တပ်ရင်းအသွင် ဖွဲ့စည်းရန် ညွှန်ကြားထားသည့်စာကို သျှမ်းပြည် စစ်ကောင်စီ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း မှ လက်မှတ်ရေးထိုးထားသည်။

ထို ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း နှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ အကြား စစ်သင်တန်းတက်ရမည်ကို စိုးရိမ်နေရကြောင်း ကလောမြို့နယ်တွင် နေထိုင်သည့် စည်ပင် ဝန်ထမ်း မိသားစု နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရှမ်းပြည်နယ်အစိုးရရုံး

“စာက လျှို့ဝှက်ဆိုပြီး ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားလာတာပဲ၊ ဒါပေမဲ့ လိုင်းပေါ်မှာလည်း အဲ့စာတွေ ပေါက်သွားတယ်၊ အမျိုးသားတွေမှ မဟုတ်ဘူး၊ အမျိုးသမီးတွေလည်း စစ်သင်တန်း တက်ပြီးတာနဲ့ အရန် တပ်ဖွဲ့အဖြစ် အဆင်သင့် ဖြစ်အောင် လုပ်ရမယ်၊ တာဝန်ကျတဲ့ နေရာကို သွားပြီး တာဝန်ထမ်းဆောင် ရမယ်ဆိုပြီး ညွှန်ကြားလာတယ်လို့ သိရတယ်” ဟု ကလောမြို့မှ စည်ပင်ဝန်ထမ်း မိသားစုဝင် နှင့် နီးစပ် သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ ထုတ်ပြန်ချက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှာ ဝန်ထမ်းများအားလုံးကို ပြည်သူ့စစ် တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊ အင်အား အခြေအနေပေါ် မူတည်၍ တာဝန်ခွဲ ဝေပေးခြင်း နှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်မည့် စီမံချက်များ ရေးဆွဲတင်ပြရမည် ဖြစ်ကြောင်း ရေးသားထားသည်။

လက်ရှိတွင် တောင်ကြီးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ တချို့သည် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်သင်တန်းတွင် လက်နက်ငယ် သင်တန်း တက်ရောက်သင်ယူနေရကြောင်းလည်း တောင်ကြီးမြို့ခံ အသက် (၅၀) ဝန်းကျင် အစိုးရ ဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထွေအုပ်ရုံးက ဝန်ထမ်းတချို့ကို ဖောင်‌ကြီး သင်တန်းမှာ လက်နက်ငယ် ပစ်ခတ်သင်တန်းနဲ့ စစ်ရေး သင်တန်းတွေကို အဓိက ပေးနေတာ။ ဝန်ထမ်းတွေကို စစ်တိုက်ခိုင်းမယ့် သဘောပဲ။ ဒီညွှန်ကြားချက် ကြောင့် တချို့ ဝန်ထမ်းတွေတော့ ပြေးမယ်ထင်တယ်” ဟု တောင်ကြီးမြို့ခံ အစိုးရဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ နှင့် ပြည်သူ့စစ်တပ်ဖွဲ့များသည် ကရင်နီပြည်နယ်မှ စစ်ဆင်ရေးတွင် ဝင်ပါနေရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ၏ ခုခံတော်လှန်မှုကြောင့် ထိခိုက် သေဆုံးမှုလည်း များနေကြောင်း သိရသည်။

ယင်းကဲ့သို့ ထိခိုက်သေဆုံးမှု များပြားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ပျူစောထီးများကို လက်နက်ပေးအပ်ပြီး ရှေ့တန်းထွက်ခိုင်းခြင်း ပြုလုပ်သည့်အပြင် ယခုတစ်ကြိမ်၌ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများကို အရန်ဝန်ထမ်းများအဖြစ် ဖွဲ့စည်းကြရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုသုံးသပ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...