တစ်ပတ်အတွင်း တောင်ကြီးခရိုင် လူငယ် ၁၅ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင်ရှိ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် နှင့် ရပ်စောက်မြို့နယ်တို့မှ ဒေသခံ လူငယ် ၁၅ ဦးထက်မနည်းကို တော်လှန်ရေး နှင့် ပတ်သက်သည်ဟုဆိုပြီး စစ်ကောင်စီက လာရောက် ဖမ်းဆီးခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

.

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ ၇ ရက်အထိ ဒေသအတွင်းမှ စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများသည် သေနတ်ကိုယ်စီဖြင့် လူငယ်များကို လာရောက်ဖမ်းဆီး သွားကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

တောင်ကြီးမြို့နယ်

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်တွင် ရပ်စောက်မြို့နယ် ကောင်းဘိုရွာမှ မိသားစုတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့ထံ ထောက်ပံ့နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အိမ်သားအားလုံးကို ဖမ်းဆီးသွားကြောင်း အမည် မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“PDF တွေကို ထောက်ပို့ လုပ်ပေးနေတယ်ဆိုပြီး လာဖမ်းတာတဲ့၊ အမှန်တော့ ပျူစောထီးက လုပ်ကြံပြီး ပြောတာပါ၊ သူတို့ သာမာန် မိသားစုပါပဲ၊ အဖေ အမေ နဲ့ သားနှစ်ယောက် အားလုံးကို ဖမ်းသွားပြီးတော့ အိမ်ကိုလည်း သစ်သားပြား နဲ့ ကြက်ခြေခတ် ပိတ်သွားတယ်” ဟု အမည် မဖော်လိုသူ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသူများသည် ဒေသအတွင်း ပျူစောထီးများ၏ မလိုမုန်းတီးမှုတွေကြောင့် မဟုတ်မှန် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပင်းတယမြို့နယ်မှ အသက် ၂၀ ကျော် လူငယ် ၃ ဦး နှင့် ရွာငံမြို့နယ်မှ ဒေသခံ အမျိုးသား ၈ ဦး ထက်မနည်းကို ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး (DPLF) နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးသွား ကြောင်းလည်း သိရသည်။

“DPLF ဖွဲ့စည်းကြောင်း ထုတ်ပြန်လာပြီးတဲ့နောက်မှာ ပင်းတယဘက်ကို စစ်ကောင်စီ စစ်ကြောင်း ပိုများလာတယ်။ အရင်က ရွာငံဘက်စခန်းချနေတဲ့ တပ်ဖွဲ့ကလည်း ပင်းတယဘက်ကို ရောက်လာကြတယ်။ ဖမ်းဆီးခံသွားရတဲ့သူတွေထဲက တချို့ကလည်း မိသားစုဝင်နဲ့ အဆက်အသွယ်မရ၊ တွေ့ခွင့်မရကြဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး (DPLF) ဖွဲ့စည်းကြောင်းကို ဇူလိုင်လ (၂၉) ရက်နေ့တွင် ထုတ်ပြန်လာပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့သည် ပျူစောထီးများကို သေနတ်နှင့် ကျည်ဆန် ပေးအပ်မှု ပိုမိုများလာကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့မှာလည်း ရွာငံမြို့နယ်မှ လွှစင်ကျေးရွာ နှင့် ပဲရင်းတောင်ကျေးရွာမှ အမျိုးသား (၄) ဦးကို DPLA နှင့် ပတ်သက်မိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားသည့်အပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးမှု ပြုလုပ်သွားခဲ့သည်။

စစ်အာဏာသိမ်းမှု မရှိခင် အချိန်တွင် ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်တို့သည် စစ်တပ်အခြေစိုက် လှုပ်ရှားမှု မရှိသည့် ငြိမ်းချမ်းသည့် ဒေသဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းနောက်ပိုင်းတွင် စစ်ကောင်စီ တပ်အပြင် ၊ ပျူစောထီး နှင့် ဒလန်များကြောင့် ပြည်သူများ ဖမ်းဆီးခံရမှုတစ်နေ့တစ်ခြား များပြားလာကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...