Tuesday, January 27, 2026

တစ်ပတ်အတွင်း တောင်ကြီးခရိုင် လူငယ် ၁၅ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင်ရှိ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် နှင့် ရပ်စောက်မြို့နယ်တို့မှ ဒေသခံ လူငယ် ၁၅ ဦးထက်မနည်းကို တော်လှန်ရေး နှင့် ပတ်သက်သည်ဟုဆိုပြီး စစ်ကောင်စီက လာရောက် ဖမ်းဆီးခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

.

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ ၇ ရက်အထိ ဒေသအတွင်းမှ စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများသည် သေနတ်ကိုယ်စီဖြင့် လူငယ်များကို လာရောက်ဖမ်းဆီး သွားကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

တောင်ကြီးမြို့နယ်

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်တွင် ရပ်စောက်မြို့နယ် ကောင်းဘိုရွာမှ မိသားစုတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့ထံ ထောက်ပံ့နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အိမ်သားအားလုံးကို ဖမ်းဆီးသွားကြောင်း အမည် မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“PDF တွေကို ထောက်ပို့ လုပ်ပေးနေတယ်ဆိုပြီး လာဖမ်းတာတဲ့၊ အမှန်တော့ ပျူစောထီးက လုပ်ကြံပြီး ပြောတာပါ၊ သူတို့ သာမာန် မိသားစုပါပဲ၊ အဖေ အမေ နဲ့ သားနှစ်ယောက် အားလုံးကို ဖမ်းသွားပြီးတော့ အိမ်ကိုလည်း သစ်သားပြား နဲ့ ကြက်ခြေခတ် ပိတ်သွားတယ်” ဟု အမည် မဖော်လိုသူ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသူများသည် ဒေသအတွင်း ပျူစောထီးများ၏ မလိုမုန်းတီးမှုတွေကြောင့် မဟုတ်မှန် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပင်းတယမြို့နယ်မှ အသက် ၂၀ ကျော် လူငယ် ၃ ဦး နှင့် ရွာငံမြို့နယ်မှ ဒေသခံ အမျိုးသား ၈ ဦး ထက်မနည်းကို ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး (DPLF) နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးသွား ကြောင်းလည်း သိရသည်။

“DPLF ဖွဲ့စည်းကြောင်း ထုတ်ပြန်လာပြီးတဲ့နောက်မှာ ပင်းတယဘက်ကို စစ်ကောင်စီ စစ်ကြောင်း ပိုများလာတယ်။ အရင်က ရွာငံဘက်စခန်းချနေတဲ့ တပ်ဖွဲ့ကလည်း ပင်းတယဘက်ကို ရောက်လာကြတယ်။ ဖမ်းဆီးခံသွားရတဲ့သူတွေထဲက တချို့ကလည်း မိသားစုဝင်နဲ့ အဆက်အသွယ်မရ၊ တွေ့ခွင့်မရကြဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး (DPLF) ဖွဲ့စည်းကြောင်းကို ဇူလိုင်လ (၂၉) ရက်နေ့တွင် ထုတ်ပြန်လာပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့သည် ပျူစောထီးများကို သေနတ်နှင့် ကျည်ဆန် ပေးအပ်မှု ပိုမိုများလာကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့မှာလည်း ရွာငံမြို့နယ်မှ လွှစင်ကျေးရွာ နှင့် ပဲရင်းတောင်ကျေးရွာမှ အမျိုးသား (၄) ဦးကို DPLA နှင့် ပတ်သက်မိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားသည့်အပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးမှု ပြုလုပ်သွားခဲ့သည်။

စစ်အာဏာသိမ်းမှု မရှိခင် အချိန်တွင် ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်တို့သည် စစ်တပ်အခြေစိုက် လှုပ်ရှားမှု မရှိသည့် ငြိမ်းချမ်းသည့် ဒေသဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းနောက်ပိုင်းတွင် စစ်ကောင်စီ တပ်အပြင် ၊ ပျူစောထီး နှင့် ဒလန်များကြောင့် ပြည်သူများ ဖမ်းဆီးခံရမှုတစ်နေ့တစ်ခြား များပြားလာကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...