အွန်လိုင်း ကနေ တရားမဝင် မြေကွက်ရောင်းချနေမှုကို ထွေအုပ်ရုံးမှ အသိပေးတားမြစ်

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်းတွင် အွန်လိုင်းမှတဆင့် တရားမဝင်မြေကွက် ရောင်းချနေသူများကို ထွေအုပ်ရုံးမှ အသိပေးစာထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကတည်း တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့ နောင်ကား၊ နောင်ရွေးဖက်တွင် မြေကွက်များကို ဈေးသက်သာစွာဖြင့် အွန်လိုင်းကနေရောင်းချနေသူများကို မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ကြရန်နှင့် ထိုသို့ မလိုက်နာသည့်သူများကို တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့တွင် မြို့နယ် ထွေထွေအုပ်ချုပ်ရေးရုံးမှ ထုတ်ပြန်လိုက်သည်။

“ အခု ကျောက်တစ်လုံးမှာ မြေဝယ်ရင် တရားမဝင်ဘူး။ မဝယ်နဲ့ တကယ်လို့ ရွာထဲမှာ အသိရှိတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။သူများကြော်ငြာတိုင်းဝယ်ရင် မကောင်းဘူး။ ဝယ်လည်း ပိုက်ဆံ ရှုံး တယ်။ အဲမြေတွေက ဖျက်ချင်တဲ့အချိန်ပေးရတယ်။ ပွဲစားတွေက ပွဲစားခပဲ လိုချင်တာပဲ။ အစိုးရတစ်ယောက်တက်လာရင်အဲဒါတွေ ဆွဲချမှာ ။ အိမ်တွေ ဆွဲနှုတ်မှာ။” ဟု တောင်ကြီး ဒေသခံတစ်ဦးက ဆိုသည်။

ဟိုပုံး မြေယာမြေ

ထိုသို့ မြေဝယ်မည်ဆိုပါက စာရွက်စာတမ်းနှင့် မြေအမျိုးစားများကို မှန်ကန်မှုရှိမရှိ စုံစမ်းပြီးမှသာ ဝယ်ယူနိုင်ကြောင်းနှင့် မြေပွဲစားများမှာလည်း မြေရောင်းမထွက်ခင်အထိသာ တာဝန်ယူမှုရှိပြီး မြေရောင်းပြီးလျှင် ဖြစ်လာသည့် ပြဿနာများကို တာဝန်ယူမှု တာဝန်ခံမှု မပေးကြကြောင်း သိရသည်။

ထို့အပြင် မြေအများစုကို (PNO) နှင့် စစ်ကောင်စီတပ်များမှ အချိန်မရွေးသိမ်းနိုင်ကြောင်း နှင့် မြေစုထားသူများမှာ ငွေဈေးအတက်ကျကြောင့် မြေများဝယ်စုထားကြကြောင်း မြေပွဲစားတစ်ဦးက ဆိုသည်။

“ သူတို့လိုချင်ရင်ဘယ်မြေဖြစ်ဖြစ် သိမ်းသွားတာပဲ။ သူတို့ လုပ်ချင်တာတစ်ခုခုရှိပြီဆိုရင် သိမ်းနိုင်တယ်။ အစိုးရအနေနဲ့ မလွတ်ကင်းဘူးဆိုပြီး သိမ်းတယ်။ မြေဝယ်တဲ့သူတွေက ငွေဈေးအတက်ကျ ဖြစ်နေတော့ လက်ထဲ ပိုက်ဆံမထားချင်လို့ ဝယ်ထားကြတယ်။” ဟု မြေပွဲစားလုပ်နေသူတစ်ဦးကပြောသည်။

ထွေအုပ်ရုံးမှလည်း သက်ဆိုင်ရာ အိမ်ခြံမြေဝန်ဆောင်မှု အသင်းများရှိ အသင်းဝင်များမှ တရားမဝင်ဖော်ထုတ်ရောင်းချမှု ရှိ၊ မရှိ ပြန်လည် စီစစ်တင်ပြရန် အသိပေးထုတ်ပြန်လိုက်သည်။

အလားတူ ညိုမီးရွာဖက်တွင် မြေဝယ်ထားသူတစ်ဦးမှာလည်း စစ်ကောင်စီတပ်မှ တပ်ပိုင်မြေဟုဆိုကာ လာရောက်သိမ်းသွားကြောင်းသိရသည်။

လက်ရှိတောင်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ နယ်မြေစိုးမိုးထားပြီး စစ်မှုထမ်းရန်အတွက် လူများဆက်တိုက်စုဆောင်းနေလျှက်ရှိကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...