Sunday, May 5, 2024

ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

Must read

သျှမ်းပြည် ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်လိုက်ကြေင်း စုံစမ်းသိရသည်။

ဆိုက်ခေါင်

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုင်းခေါင်ကျေးရွာ အောင်သုခရပ်ကွက်တွင် ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီခွဲဝန်းကျင်၌ စစ်ကောင်စီက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“PDF တွေကို သတင်းပေးတယ်ဆိုပြီး စစ်သားတွေက သူ့အိမ်ကို ဝိုင်းထားတာ။သူက ပြေးလို့ သူတို့ပစ်တယ် ပြောတယ်။ မနေ့က သေနတ်သံကတော့ အကျယ်ကြီးကြားရတယ်။အရင်ရက်တွေဆို လက်နက်ကြီး သံကြားရတယ်။ မနေ့ကတော့ သူတို့ပစ်တဲ့ သေနတ်သံပဲကြားရတာ။”ဟု ဆိုင်းခေါင်ကျေးရွာဒေသခံ အမျိးသား တစ်ဦးက ပြောသည်။

သေနတ်ပစ်သတ်ခံရသည့် အမျိုးသားသည် အသက် ၄၀ ဝန်းကျင် ကိုညွန်နိုင်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) တွင်လည်း ဆီဆိုင်မြို့တိုက်ပွဲကြောင့် ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာသည့် လူငယ် ၃ ဦးသည် စောင်နှင့်အဝတ်အထည်များ ပြန်ယူရန် နေအိမ်ရှိ ဆီဆိုင်မြို့သို့ ပြန်နေစဉ် လမ်း၌ပျောက်ဆုံးသွားရာ ယနေ့အချိန်ထိ မတွေ့ရှိသေးပေ။

ပြီးခဲ့သည့် (မတ် ၁၇)ရက် တွင်လည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာရှိ မြောင်းထဲတွင် ပျောက်ဆုံးကာ သတ်ဖြတ်ခံရသည့် အမျိုးသားအလောင်းတစ်လောင်းကို ပြန်တွေ့ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article