ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး ဦးဇင်းပိန် ခေါ် ဘွဲတော် ဦးဓမ္မသရ နှင့် ၎င်း၏ ဒကာဖြစ်သူတို့သည် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာသို့ သွားစဉ် လမ်း၌ သေနတ်ပစ်သတ်ခံလိုက်ရသည်။

“ ဘုန်းကြီးက သေနတ်ဒဏ်ရာ (၈)ချက်၊သူ့ရဲ့ ဒကာက ဒဏ်ရာ နှစ်ချက်ပစ်ခံရတယ်။ ဘယ်အဖွဲ့ ကပစ်သွားလဲတော့ မသိရသေးဘူး။ အဲ့ဘက်မှာက ကရင်နီတပ်ပေါင်းစုရော ပအိုဝ်းပြည်သူ့စစ်ရောရှိတယ်။” ဟု ဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းဘုန်းကြီး ဉီးဇင်းပိန် ခေါ် ဘွဲတော် ဦးဓမ္မသရသည် ယခင်တွင် ဖယ်ခုံမြို့ပေါ်ရှိ သျှမ်းဘုန်းကြီးကျောင်းတွင် ကျောင်းထိုင် သံဃာတော်တစ်ပါး ဖြစ်ပြီး၊ ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာခဲ့ပြီး စစ်ရှောင်အရေးကို ကူညီပေးနေသည်မှာ ၃နှစ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ ဘုန်ကြီးက ဖယ်ခုံမြို့ပေါ်ကနေ ဒီလွယ်ပေါရွာကို စစ်ရှောင်လာတာ (၃)နှစ်ရှိပြီး။ စစ်ဘေးရှောင်တွေကိုလည်း ကူညီပေးနေတဲ့ဘုန်းကြီးတစ်ပါးဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

သေနတ်ပစ်သတ်ခံရသည့် သျှမ်းဘုန်းကြီးသည် သက်တော် (၄၇)နှစ် ၊ ဝါတော် (၈)ဝါရှိပြီး ဘုန်းကြီးနှင့်အတူ သေနတ်ပစ်ခံရသည့် ဒကာသည် အသက် (၄၀)ဝန်းကျင်ဖြစ်ပြီး စစ်ဘေးရှောင်အမျိုးသားဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသတ်ခံရသည့် သျှမ်းဘုန်းကြီးသည် စစ်ဘေးရှောင် အရေးကို အားကြိုမာန်တက် ကူညီနေသူ တစ်ဉီးဖြစ်ပြီး၊ သျှမ်းစာပေကို သင်ကြားပေးသူတစ်ဉီလည်းကာ စစ်ဘေးရှောင် ပြည်သူများအားကိုးရသည့် ဆရာတော် တစ်ပါးလည်း ဖြစ်ကြောင်း ဖယ်ခုံမြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဘုန်းကြီးက စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ကူညီတယ်။ စစ်ရှောင်တွေ အားကိုးရတဲ့ ဘုန်းကြီးတစ်ပါး ပေါ့။ နောက် သျှမ်းစာပေးနဲ့ပတ်သက်ရင်လည်း သင်ကြားပေးသူဖြစ်တယ်။ သာသနာ့အကျိုးပြု ဘုန်းကြီး တပါးပါ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

သျှမ်းဘုန်းကြီးနှင့် ၎င်း၏ ဒကာသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ရန်ငြိုးမရှိသော်လည်း ၎င်းတို့ကို သေနတ်ပစ်သတ်ခြင်းသည် ဘာသာရေး၊ လူမျိုးရေးသွေးခွဲမှု ပဋိပက္ခ ဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သွားခြင်းသာ ဖြစ်သည် ဟုလည်း ဘုန်းကြီး၏ ဒကာများက သုံးသပ်ပြောဆိုသည်။

“ ဒီဘက်မှာက အမြင်မကြည်ရင် သတ်ခံရတာများတယ်။ ဒါပေမယ့် ဘုန်းကြီးက အားလုံးနဲ့တည့်တယ်။ ရန်ငြိုးလည်းမရှိဘူး။ ဘာသာရေး လူမျိုးရေးသွေးခွဲမှု ဖြစ်အောင် တမြင်လုပ်တာပဲ။ စစ်ရှောင်တွေ အားထားနေရတဲ့ ဘုန်းကြီးဖြစ်တော့ နှမြောတယ်” ဟု ဖယ်ခုံဒေသခံ အမျိုးသမီးက ထပ်လောင်းပြောသည်။

အဆိုပါ သတင်းကိစ္စကြောင့် စစ်ဘေးရှောင် ကူညီပေးနေသူများသည့် ရပ်နားထားကြောင်း၊ သတိဖြင့်သာ သွားလာနေရကြကြောင်း စစ်ဘေးရှောင် ကူညီပေးသည့် အမျိုးသမီး တစ်ဉီးကပြောသည်။

“ခုက ကူညီနေတဲ့ သူတွေလည်း တစ်ချို့က ရပ်နားထားကြတယ်။ ပြီးတော့ သတိနဲ့ အမြဲ ကပ်ထားရတယ်။ စိုးရိမ်မှုကတော့ နေ့တိုင်းပဲရှိတယ်။ စစ်ရှောင်ကူတယ်ဆိုတာက ဟိုဘက် ဒီဘက် ပါတာ မဟုတ်ဘူး။စစ်ကြောင့် ထွက်ပြေးနေရတဲ့ သူတွေကို လူသားချင်းစာနာမှုနဲ့ ကူညီနေတာဖြစ်တယ်။ ခုလို စစ်ရှောင်ကူညီနေသူတွေကို သတ်လိုက်ရင် ဘယ်သူတွေက ကူညီတော့မလဲ။” ဟု အဆိုပါ စစ်ရှောင်ကူညီသူ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ကူညီပေးနေသည့် သူများကို ပစ်မှတ်ထားပြီး အသက်အန္တရာယ်ပြုမူမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ အတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မဆို ယခုကဲ့သို့ ပြုမူမှုသည် ရုပ်ဆိုးသည့်လုပ်ရက်ဖြစ်ပြီး စစ်ဘေးရှောင်များကို လူသားစာနာထောက်ထားမှု ကူညီပေးစေချင်ကြောင်း စစ်ရှောင်များက ပြောသည်။

ယခုကဲ့သို့ သျှမ်းဘုန်းကြီး တစ်ပါးအသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း -၂ (၁၀၀၆ တပ်ရင်း) မှ ထိုသို့ နိုင်ထက်စီးနင်း လုပ်ရပ်ကို၎င်းတို့အနေဖြင့် ပြုလုပ်ကျူးလွန်ခြင်းမရှိကြောင်းနှင့် တရားသော အမှုမှန်ပေါ်ပေါက်ရေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( ပအဖ )များနှင့် ပူးပေါင်းကာ ၎င်းတို့ တပ်ရင်းအနေဖြင့် လိုအပ်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ မတ်လ (၅)ရက်နေ့တွင် ထုတ်ပြန်လာသည်။

မိုးဗြဲ၊ဖယ်ခုံတို့မှ စစ်ရှောင်များသည် ပင်လောင်းနှင့် အခြားသောကျေးရွာများသို့ စစ်ရှောင်လာသည်မှာ (၃)နှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီး ယနေ့ထိ နေရပ်မပြန်နိုင်ကြဘဲ စားဝတ်နေရေးအတွက် ကြုံရာအလုပ်များ ဝင်လုပ်ကာ ဝမ်းရေး ဖြေရှင်းနေရသည်။

ယခုလက်ရှိ သျှမ်း-ကယားနယ်စပ် မိုးဗြဲ၊ဖယ်ခုံတို့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားတပ်ပေါင်းစုတို့ တိုက်ပွဲ ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...