Tuesday, January 27, 2026

ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး ဦးဇင်းပိန် ခေါ် ဘွဲတော် ဦးဓမ္မသရ နှင့် ၎င်း၏ ဒကာဖြစ်သူတို့သည် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာသို့ သွားစဉ် လမ်း၌ သေနတ်ပစ်သတ်ခံလိုက်ရသည်။

“ ဘုန်းကြီးက သေနတ်ဒဏ်ရာ (၈)ချက်၊သူ့ရဲ့ ဒကာက ဒဏ်ရာ နှစ်ချက်ပစ်ခံရတယ်။ ဘယ်အဖွဲ့ ကပစ်သွားလဲတော့ မသိရသေးဘူး။ အဲ့ဘက်မှာက ကရင်နီတပ်ပေါင်းစုရော ပအိုဝ်းပြည်သူ့စစ်ရောရှိတယ်။” ဟု ဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းဘုန်းကြီး ဉီးဇင်းပိန် ခေါ် ဘွဲတော် ဦးဓမ္မသရသည် ယခင်တွင် ဖယ်ခုံမြို့ပေါ်ရှိ သျှမ်းဘုန်းကြီးကျောင်းတွင် ကျောင်းထိုင် သံဃာတော်တစ်ပါး ဖြစ်ပြီး၊ ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာခဲ့ပြီး စစ်ရှောင်အရေးကို ကူညီပေးနေသည်မှာ ၃နှစ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ ဘုန်ကြီးက ဖယ်ခုံမြို့ပေါ်ကနေ ဒီလွယ်ပေါရွာကို စစ်ရှောင်လာတာ (၃)နှစ်ရှိပြီး။ စစ်ဘေးရှောင်တွေကိုလည်း ကူညီပေးနေတဲ့ဘုန်းကြီးတစ်ပါးဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

သေနတ်ပစ်သတ်ခံရသည့် သျှမ်းဘုန်းကြီးသည် သက်တော် (၄၇)နှစ် ၊ ဝါတော် (၈)ဝါရှိပြီး ဘုန်းကြီးနှင့်အတူ သေနတ်ပစ်ခံရသည့် ဒကာသည် အသက် (၄၀)ဝန်းကျင်ဖြစ်ပြီး စစ်ဘေးရှောင်အမျိုးသားဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသတ်ခံရသည့် သျှမ်းဘုန်းကြီးသည် စစ်ဘေးရှောင် အရေးကို အားကြိုမာန်တက် ကူညီနေသူ တစ်ဉီးဖြစ်ပြီး၊ သျှမ်းစာပေကို သင်ကြားပေးသူတစ်ဉီလည်းကာ စစ်ဘေးရှောင် ပြည်သူများအားကိုးရသည့် ဆရာတော် တစ်ပါးလည်း ဖြစ်ကြောင်း ဖယ်ခုံမြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဘုန်းကြီးက စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ကူညီတယ်။ စစ်ရှောင်တွေ အားကိုးရတဲ့ ဘုန်းကြီးတစ်ပါး ပေါ့။ နောက် သျှမ်းစာပေးနဲ့ပတ်သက်ရင်လည်း သင်ကြားပေးသူဖြစ်တယ်။ သာသနာ့အကျိုးပြု ဘုန်းကြီး တပါးပါ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

သျှမ်းဘုန်းကြီးနှင့် ၎င်း၏ ဒကာသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ရန်ငြိုးမရှိသော်လည်း ၎င်းတို့ကို သေနတ်ပစ်သတ်ခြင်းသည် ဘာသာရေး၊ လူမျိုးရေးသွေးခွဲမှု ပဋိပက္ခ ဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သွားခြင်းသာ ဖြစ်သည် ဟုလည်း ဘုန်းကြီး၏ ဒကာများက သုံးသပ်ပြောဆိုသည်။

“ ဒီဘက်မှာက အမြင်မကြည်ရင် သတ်ခံရတာများတယ်။ ဒါပေမယ့် ဘုန်းကြီးက အားလုံးနဲ့တည့်တယ်။ ရန်ငြိုးလည်းမရှိဘူး။ ဘာသာရေး လူမျိုးရေးသွေးခွဲမှု ဖြစ်အောင် တမြင်လုပ်တာပဲ။ စစ်ရှောင်တွေ အားထားနေရတဲ့ ဘုန်းကြီးဖြစ်တော့ နှမြောတယ်” ဟု ဖယ်ခုံဒေသခံ အမျိုးသမီးက ထပ်လောင်းပြောသည်။

အဆိုပါ သတင်းကိစ္စကြောင့် စစ်ဘေးရှောင် ကူညီပေးနေသူများသည့် ရပ်နားထားကြောင်း၊ သတိဖြင့်သာ သွားလာနေရကြကြောင်း စစ်ဘေးရှောင် ကူညီပေးသည့် အမျိုးသမီး တစ်ဉီးကပြောသည်။

“ခုက ကူညီနေတဲ့ သူတွေလည်း တစ်ချို့က ရပ်နားထားကြတယ်။ ပြီးတော့ သတိနဲ့ အမြဲ ကပ်ထားရတယ်။ စိုးရိမ်မှုကတော့ နေ့တိုင်းပဲရှိတယ်။ စစ်ရှောင်ကူတယ်ဆိုတာက ဟိုဘက် ဒီဘက် ပါတာ မဟုတ်ဘူး။စစ်ကြောင့် ထွက်ပြေးနေရတဲ့ သူတွေကို လူသားချင်းစာနာမှုနဲ့ ကူညီနေတာဖြစ်တယ်။ ခုလို စစ်ရှောင်ကူညီနေသူတွေကို သတ်လိုက်ရင် ဘယ်သူတွေက ကူညီတော့မလဲ။” ဟု အဆိုပါ စစ်ရှောင်ကူညီသူ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ကူညီပေးနေသည့် သူများကို ပစ်မှတ်ထားပြီး အသက်အန္တရာယ်ပြုမူမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ အတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မဆို ယခုကဲ့သို့ ပြုမူမှုသည် ရုပ်ဆိုးသည့်လုပ်ရက်ဖြစ်ပြီး စစ်ဘေးရှောင်များကို လူသားစာနာထောက်ထားမှု ကူညီပေးစေချင်ကြောင်း စစ်ရှောင်များက ပြောသည်။

ယခုကဲ့သို့ သျှမ်းဘုန်းကြီး တစ်ပါးအသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း -၂ (၁၀၀၆ တပ်ရင်း) မှ ထိုသို့ နိုင်ထက်စီးနင်း လုပ်ရပ်ကို၎င်းတို့အနေဖြင့် ပြုလုပ်ကျူးလွန်ခြင်းမရှိကြောင်းနှင့် တရားသော အမှုမှန်ပေါ်ပေါက်ရေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( ပအဖ )များနှင့် ပူးပေါင်းကာ ၎င်းတို့ တပ်ရင်းအနေဖြင့် လိုအပ်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ မတ်လ (၅)ရက်နေ့တွင် ထုတ်ပြန်လာသည်။

မိုးဗြဲ၊ဖယ်ခုံတို့မှ စစ်ရှောင်များသည် ပင်လောင်းနှင့် အခြားသောကျေးရွာများသို့ စစ်ရှောင်လာသည်မှာ (၃)နှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီး ယနေ့ထိ နေရပ်မပြန်နိုင်ကြဘဲ စားဝတ်နေရေးအတွက် ကြုံရာအလုပ်များ ဝင်လုပ်ကာ ဝမ်းရေး ဖြေရှင်းနေရသည်။

ယခုလက်ရှိ သျှမ်း-ကယားနယ်စပ် မိုးဗြဲ၊ဖယ်ခုံတို့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားတပ်ပေါင်းစုတို့ တိုက်ပွဲ ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...