အိပ်မောနေသည့် ဇနီးဖြစ်သူပါးစပ်ထဲ ၎င်းအမျိုးသားက ဗြောက်အိုးထည့် ဖောက်ခဲ့

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦးသည် အိပ်မောနေသည့် ဇနီးဖြစ်သူ၏ ပါးစပ်ထဲသို့ ဗြောက်အိုးထည့်ပြီး ဖောက်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။​

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်မြို့နယ် မောက်စံပယ်အုပ်စုရှိ ရပ်ကွက် ၄ တွင် ဖြစ်ပွားခဲ့ပြီး တိုင်းကြားမှုအရ ရဲတပ်ဖွဲ့များက ယမန်နေ့ (သြဂုတ် ၆ )ရက်တွင် မှုခင်းနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။​

မှုခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးနေလျက်ရှိသည့် အသက် ၅၃ နှစ်ရွယ် ပါလင်း၏ ပါးစပ်မှာ စုတ်ပြတ်သတ်ပြီး အိပ်ယားခင်းထဲတွင်လည်း ကျွတ်ကျနေသည့် သွားများတွေ့ရှိထားကြောင်း သတင်းများတွင်ရေးသားထားသည်။

ထို့ပြင်၎င်း၏ မျက်နှာတွင်လည်း မည်သူမည်ဝါ ခန့်မှန်း၍ မရနိုင်အောင် ဒဏ်ရာများစွာရရှိထားကြောင်း၊ အခန်းထဲတွင်လည်း မဖောက်ရသေးသည့် ဗောက်အိုးအချို့လည်းတွေ့ရှိကြောင်း ဆိုထားသည်။

အဆိုပါမှုခင်းနှင့် ပတ်သက်၍ သေဆုံးသွားသူ၏ ခင်ပွန်းဖြစ်သူ အသက် ၅၄ နှစ်အရွယ် လုံးရွမ်းက သူသတ်ခဲ့တာ မဟုတ်ကြောင်း၊ အခန်းထဲကို ဘယ်သူဝင်လာပြီး သူ့ဇနီးကို သတ်သွားမှန်းမသိကြောင်း၊ ညအချိန် ပေါက်ကွဲသံတစ်ခုမျှလည်း မကြားရကြောင်း ငြင်းဆိုထားသည်။

သို့သော် ပတ်ဝန်းကျင်များ၏ပြောပြချက်အရ လုံးရွမ်းသည် အမြဲအရက်သောက်မူးယစ်နေပြီး မကြာခဏ ၎င်း၏ဇနီးဖြစ်သူနှင့် ရန်ဖြစ်စကားများဖူးသူဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၄ ရက် ဥပုလ်နေ့တွင် ပါလင်းသည် ဘုန်းကြီးကျောင်းတွင် ဥပုလ်သွားစောင့်ပြီး ပြန်လာပြီး အသတ်မခံရသည့်အချိန်ထိ ၎င်းတို့လင်မယား၂ဦးသည် ရန်ဖြစ်စကားများသံကိုကြားနေရသည်ဟု ပတ်ဝန်းကျင်ပြောပြချက်အရကြောင်း ထိုင်းမီဒီယာတွင်ရေးသားထားသည်။

ထို့ကြောင့် ပါလင်းကို သတ်သွားသူမှာ ၎င်း၏ခင်ပွန်းဖြစ်သူ လုံးရွမ်းကိုယ်တိုင်ဖြစ်နိုင်သည်ဟု ဆိုပြီး ရဲတပ်ဖွဲ့က သံသယဖြင့် ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...