တာချီလိတ် ဆိုင်ကယ် တက္ကစီသမားသတ်ခံရပြီးနောက် ဆိုင်ကယ်သမားများပိုစိုးရိမ်မှုဖြစ်လာ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ဆိုင်ကယ် တက္ကစီမောင်းနေသည့် လူငယ်တစ်ဉီး အသတ်ခံရပြီနောက်တွင် စားဝတ်နေရးအတွက် ရုန်းကန်လုပ်ကိုင်နေသည့် ဆိုင်ကယ်သမားများလည်း စိုးရိမ်စိတ်ဖြင့် လုပ်စားနေရကြောင်း စုံစမ်းသိရသည်။ 

ပြီးခဲ့သည့် (ဇန်နဝါရီ ၁၆ ရက်)တွင် အသက် (၂၃)နှစ်ရှိသည့် ဆိုင်ကယ် တက္ကစီသမားတစ်ဉီးသည် ခရီးသည်ကို မြို့အပြင်ထိ လိုက်ပို့ပေးရာကနေ အသတ်ခံလိုက်ရပြီး ဆိုင်ကယ်ခိုးယူသွားကြောင်း တာချီလိတ်မြို့က ကယ်ရီသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့အတွင်း ပစ်ခတ်မှုများ၊ ခိုးယူ လုယက်မှု၊ ပြန်ပေးဆွဲမှုများ နေ့စဉ်ဖြစ်ပွားနေ့သည့်အတွက် မြို့အတွင်းလုံခြုံမှုများ ကင်းမဲ့နေပြီး၊ လက်ရှိ ဆိုင်ကယ်တက္ကစီသမားများသည်လည်း မြို့နှင့်ဝေးသည့် နေရာတွင် ခရီးသည်များကို မပို့ရဲကြောင်း ၎င်းက ဆက်ပြောသည်။

“အသက် ၂၃ နှစ်ပဲရှိသေးတာ မြို့နဲ့ နည်းနည်းဝေးတယ်။ သူအသတ်ခံရတဲ့နေရာက ဆိုင်ကယ်ပါယူသွားတာ။ တာချီလိတ်မှာက လောင်းကစားရုံတွေ ငါးဂိမ်းတွေ အရမ်းများလာတယ်။ ပြီးတော့ ဆေးသမားတွေလည်း ပိုများ သူတို့ ပိုက်ဆံလိုလို့ လိမ်ခေါ်ရာကနေ အဲကောင်လေး အသတ်ခံလိုက်ရတယ်။ အခုဆိုရင် ကယ်ရီသမားတွေလည်း ကြောက်နေရတယ် မြို့နဲ့ဝေးရင် သွားမပို့ရဲကြတော့ဘူး”ဟု ၎င်းက‌ ပြောသည်။

ကယ်ရီသမားအသတ်ခံရပြီးနောက် မြို့တွင်းရှိ လောင်းကစားရုံနှင့် ဂိမ်းခုံများကို တာချီလိတ်ရဲတပ်ဖွဲ့များက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုစစ်ဆေးမှုအတွင်း အမျိုးသားလူငယ်တစ်ဦးကို လက်ထိပ်ခတ် ခေါ်ဆောင်သွားကြောင့် မျက်မြင်တွေ့ရှိသူ အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း ကယ်ရီသမားတစ်ဦး အသတ်ခံရပြီး ယခင်နှစ်လည်း ထပ်မံအသတ်ခံနေရကြောင်း၊ မည်သည့် အဖွဲ့အစည်းမှ တာဝန်ယူစစ်ဆေးမှု မပြုလုပ်ပေးကြောင်း ၎င်းက ဆက်ပြောသည်။

“မနှစ်ကလည်း ဖြစ်ဖူးသေးတယ်။ ကယ်ရီသမားအသတ်ခံရတာ ခုလည်း ထပ်ဖြစ်တ​ယ်။ ဘယ်သူမှလည်း တာဝန်ယူစစ်ဆေးမှုတွေ မလုပ်ပေးပါဘူး။ ရဲတွေလည်း လောင်းကစားရုံတွေ ဂိမ်းဆိုင်တွေဆို ရှောင်တခင် ဝင်စစ်တာမျိုးတော့ ရှိလာတယ် ဒီကစ္စဖြစ်ပြီးနောက်ပေါ့။ အလောင်းသွားသင်္ဂြိုဟ်တဲ့နေ့ဆို လူစီတယ်။ ကယ်ရီသမား မိသားစုတွေ အများဆုံးပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ( ဒီဇင်ဘာလ ၁၃ ရက် ) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အမှတ် ၂ ကမ္ဘောဇဘဏ်အရှေ့တွင် ငွေလဲလှယ်သည့် လုပ်ငန်းကို လုပ်ကိုင်သော အသက် ၇၈ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားပြီးနောက် (ဒီဇင်ဘာ ၁၈ ရက်)တွင် နေအိမ်တစ်ခုတွင် ရဲ့တပ်ဖွဲ့တို့က ဝင်ဖမ်းစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသူ ၆ ဦး သေဆုံးသွားကြောင်း သိရသည်။

စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း တာချီလိတ်မြို့တွင် အနယ်နယ်အရပ်ရပ်ရှိ လူမျိုးစုံ ရောက်ရှိလာပြီး၊ အလောင်းကစားဝိုင်းများ၊အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊လက်နက်ကိုင်များလည်း ပေါများ နေသည့်အတွက် ဓားပြတိုက်၊ ခိုးဆိုးလုယက် ဒုစရိုက်များလည်း နေ့စဉ်နှင့် အမျှပေါများလာပြီး မြို့တွင်းလုံခြုံရေးမရှိကြောင်း တာချီလိတ်မြို့ဒေသခံများကပြောသည်။ 

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...