ကျေးသီးမြို့နယ်အတွင်း အမျိုးသမီး တဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အမျိုးသမီးတဦး ကားပေါ်တွင် လည်ပင်းညစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်တွင် ထိုအမျိုးသမီးသည် ကျေးသီးမြို့နယ် ဟာဝမ်းကျေးရွာမှ ကားမောင်း ထွက်ခွာခဲ့ပြီးနောက် ကျေးသီးမြို့ အကျော် ၁ မိုင် အကွာတွင် သတ်ခံရတာဖြစ်ကြောင်း သိရသည်။

“ဘာကြောင့် သတ်ခံရတာလည်း မသိရဘူး။ ကျမတို့ သွားတွေ့ချိန်က သူက သေနေပြီ။ သူ့မှာ ဘာကိစ္စရှိတာလဲ မသိဘူး။ ကားပေါ်မှာပဲသေနေတာ။ လည်ပင်းနဲ့ ကျောကုန်းမှာက ညိုနေတယ်။ လည်ပင်းညစ်ခံရသလိုပဲ။ ဘာကြောင့် ဖြစ်တာလဲ အခုထိ ကျမတို့လည်း ဘာမှ မသိရသေးဘူး” ဟု သေဆုံးသွားသည့် အမျိုးသမီး၏ မိခင်က ပြောသည်။

ထိုသေဆုံးသွားသည့် အမျိုးသမီးသည် အသက် (၂၈)နှစ်အရွယ် ဟာဝမ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်ထိ တရားခံ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

“အခုချိန်ထိ သူ့ကို ဘယ်သူသတ်သွားလဲ မသိရသေးဘူး။ ရဲကို တိုင်ကြားလည်း ဘာမှ မရဘူး။ သူတို့ ဟိုနေ့ အလောင်းလာကြည့်တာတောင် စစ်ဆေးမှု မပြုလုပ်ဘူး။ ကျနော်တို့ အိမ်ပြန်ရောက်ပြီး သူ့အလောင်းကို ပြင်ပေးမှ သူ လည်ပင်းညစ်သတ်ခံရတာလို့ သိလိုက်ရတာ” ဟု ကျေးသီးမြို့နယ် ဒေသခံ အမျိုးသားတဦးက ပြောသည်။

အဆိုပါ အမျိုးသမီး သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး နီးစပ်သူများက လိုက်လံစုံစမ်းနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

0
သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့်...

ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး...