လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။

ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း ဒေသခံများက ပြောသည်။

“ကျေးသီးကနေ လဲချားအထိဆိုရင် ကျားဖြန့်လုပ်တဲ့ တရုတ်တွေ ၂၀၀၀ ထက်တော့ မလျော့ဘူး။ အဖွဲ့တော်တော်ကြီးတယ် အရင်ကရှိတဲ့ အဖွဲ့တွေပဲ၊ သျှမ်းတပ်ကော ပြည်သူ့စစ်ကော လုံခြုံရေး ယူပေးထားတာ။ စစ်ကောင်စီ ဖမ်းတော့မယ်ဆိုရင် သူတို့နယ်မြေထဲပဲ လှည့်ပတ်ပြီး ဝှက်ထားပေးတာ။ ဟိုနားရွှေ့ ဒီနားရွှေ့ အဲ့လိုပဲ ပတ်နေတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းကျားဖြန့်လုပ်ငန်း နေရာများသည် လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုအတွင်း လှည့်ပတ်ကာ ပြောင်းရွှေ့လုပ်ကိုင်နေပြီး လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ လုံခြုံရေး ရယူထားခြင်းကြောင့် စစ်ကောင်စီမှ လက်လှမ်းမမီကြောင်း ဒေသခံများက ပြောသည်။

ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် အခြေစိုက်ပြီး လဲချားမြို့နယ်တွင် ဝမ်ပန်ဌာနေပြည်သူ့စစ် လှုပ်ရှားနေသည်။

“နမ့်တိန်းချောင်းတလျှောက် မိုင်းကိုင်၊ လဲချား၊ ကျေးသီး ဒီသုံးနယ်ဆုံတဲ့ ဝမ်ပန်အုပ်စုထဲမှာ လှည့်ပတ်ရွှေ့နေတာ။ ကျားဖြန့်သတင်းထွက်ပြီဆိုရင် တခြား အနီးအနား ရွာတွေကို ပြောင်းသွားတယ်။ သျှမ်းတပ်နဲ့ ပြည်သူ့စစ်တွေ လုံခြုံရေး ယူပေးထားလို့ စစ်ကောင်စီလည်း အဲ့ဘက်မဝင်ရဲဘူး”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

အလားတူ မတ်လ တတိယပတ်တွင် စစ်ကောင်စီမှ နမ့်စန်မြို့နယ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၇၀၀) ကျော် ဖမ်းဆီးရမိခဲ့ပြီးနောက် မိုးနဲမြို့နယ်နှင့် နမ့်စန်မြို့နယ်ကြားရှိ မတ်ကျိုင်းပြည်သူ့စစ် ထိန်းချုပ်ထားသည့် ပန်လျန်းဆိုင်ဒေသသို့ ကျားဖြန့်လုပ်ငန်းများ ထပ်မံပြောင်းရွှေ့လာပြီး လုပ်ငန်းလည်ပတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မိုးနဲဘက်လည်း နောက်ထပ်တစ်ဖွဲ့ရှိတယ်၊ အဲ့တာက လူ ၇၀၀ ကျော် ရှိမယ်။ စစ်တပ်က နမ့်စန်မှာ ကျားဖြန့်တွေကို ဖမ်းပြီးတဲ့နောက် ပန်လျန်းဆိုင်ဘက်ကို ရွှေ့သွားတာလည်း အများကြီးပဲ ရာနဲ့ချီ ရှိတယ်”ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်တွင် SSPP ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး၊ ကျားဖြန့်လုပ်ငန်းနှင့် လက်နက်ရောင်းဝယ်မှုတို့ကို မပတ်သက်ရန် အောက်ခြေတပ်သားများကို အမိန့်စာ ထပ်မံထုတ်ပြန်ပြီး တားမြစ်ထားသည်။

တတိယအကြိမ် ထပ်မံထုတ်ပြန်သည့် ၎င်းအမိန့်စာကို မလိုက်နာဘဲ ကျားဖြန့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပါက အရေးယူခံရမည့်အပြင် စစ်ကောင်စီနှင့် တရုတ်အစိုးရမှ ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွှယ်သူများကို တောင်းဆိုလာပါက SSPP/SSA မှ ဖမ်းဆီးပြီး အပ်နှံပေးသွားမည်ဖြစ်ကြောင်း အမိန့်စာတွင် ရေးသားထားသည်။

ယခင်က ထုတ်ပြန်ခဲ့ဖူးသည့် ကျားဖြန့်လုပ်ငန်းနှင့် မပတ်သက်ရန် အမိန့်စာကို မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်၍ SSPP ထိန်းချုပ် နေရာအချို့တွင် ၎င်းလုပ်ငန်းများကို လျှို့ဝှက်လုပ်ကိုင်နေသူများ ရှိခြင်းကြောင့် အမိန့်စာကို ထပ်မံထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...