Saturday, April 20, 2024

ကျေးသီးမြို့နယ်

ကျေးသီးမြို့နယ် စစ်ကောင်စီအဖွဲ့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက SSPP ဌာနချုပ်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများကို ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်)မှ စတင်ပြီး ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက် သည် ရပ်ကျေးစာရေးများမှတဆင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

ကျေးသီးမြို့နယ် ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီအသစ်တစ်ခု ထပ်တိုး

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီအသစ် တစ်ခု ထပ်မံရောက်ရှိလာကြေင်း စုံစမ်းသိရသည်။ လက်ရှိ စက်တင်ဘာလ စတုတ္တပတ်အတွင်း ကျေးသီးမြို့နယ်၊ မိုင်းကောင် (ဝ်) အုပ်စုအတွင်းတူးဖော်နေသည့် ကျောက်မီးသွေးတွင်း နေရာ၌ နောက်ထပ် ကုမ္ပဏီ အသစ် တစ်ခုရောက်လာနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး ဧက ၅၀၀ ထက်မနည်း တူးဖော်မှု ရှိနေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်မှုသည် ဧကပေါင်း ၅၀၀ ထက်မနည်း ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေရကြောင်း သိရသည်။ . ကျေးသီးမြို့နယ်၊ မိုင်းကောင်(ဝ်)အုပ်စု (ဢိူင်ႇမိူင်းၵၢဝ်ႇ) ရှိ မိုက်ဟုန်းလိန်ကျေးရွာ (ဝၢၼ်ႈမႆ့ႁူင်းလိူင်) အနီးတွင် ကျောက်မီးသွေး တူးဖော်နေခြင်းဖြစ်ပြီး ဟေဟိန်းကုမ္ပဏီက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ...

ကျေးသီးမြို့နယ် ရွာသားတစ်ဦးကို ရိုက်နှက်သည့် စစ်သား အရေးယူပေးရန် ပြည်သူများ တောင်းဆို

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနင်းကျေးရွာအုပ်စုမှ ရွာသား လုံးရွှေထွန်းကို ဓားဖြင့်ခုတ်သည့် စစ်သားကို အရေးယူ ဆောင်ရွက်ပေးရန် ပြည်သူများက တောင်းဆိုကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် မိုင်းနင်းကျေးရွာအုပ်စု နောင်ယုမ်းကျေးရွာနေ လုံးရွှေထွန်းသည် နွားကျောင်းနေစဥ် စစ်ကောင်စီတပ်သားမှ...

ကျေးသီးမြို့နယ် သျှမ်းတပ် ၂ တပ်တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SSPP/SSA နှင့် RCSS/ SSA တို့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ သျှမ်းတပ် (၂)တပ် တိုက်ပွဲ ၁နှစ်နီးပါးရပ်နားခဲ့ရာမှ ယနေ့ (စက်တင်ဘာ ၂၁ )ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကျေးသီးမြို့နယ် မိန်းရဲကျေးရွာအုပ်စု ပန်ဟိုက်...

မိုင်းရယ် – ကျေးသီး ကားလမ်း စစ်ကောင်စီတပ်ဖွဲ့ ပြည်သူများထံ အဓမ္မ ပိုက်ဆံတောင်းနေ

သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းအစပ် မိုင်းရယ် - ကျေးသီး ကြား စစ်ကောင်စီ စစ်ဆေးရေဂိတ်တွင် ခရီးသွားပြည်သူများထံ အတင်းအဓမ္မ ငွေတောင်းခံနေကြောင်း သတင်းသိရသည်။ မိုင်းရယ် - ကျေးသီး လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ဆေးဂိတ် (၄)ခု ရှိပြီး ထိုဂိတ်များတွင် ကားသမားများသည် တစ်စီးလျှင် ငွေကျပ်...

စစ်ရှောင်လာသည့် လူငယ်အမျိုးသား (၁) ဦး၊ (၃) လအကြာ ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ထွက်ပြေးတိမ်းရှောင်လာသည့် အသက် (၁၉)နှစ် အရွယ်ရှိ အမျိုးသား (၁)ဦးသည် လဲချားမြို့နယ် လွိုင်တန့်အနီးတစ်ဝိုက် ပျောက်ဆုံးခဲ့သည်မှာ (၃)လအကြာ ရှိခဲ့ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ စိုင်းဆိုင်ဟုမ် (၁၉) နှစ်သည် ကျေးသီးမြို့နယ် ဝမ်းကာကျေးရွာတွင် နေထိုင်ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင်...

ကျေးသီးမြို့နယ်အတွင်း အမျိုးသမီး တဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အမျိုးသမီးတဦး ကားပေါ်တွင် လည်ပင်းညစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်တွင် ထိုအမျိုးသမီးသည် ကျေးသီးမြို့နယ် ဟာဝမ်းကျေးရွာမှ ကားမောင်း ထွက်ခွာခဲ့ပြီးနောက် ကျေးသီးမြို့ အကျော် ၁ မိုင် အကွာတွင် သတ်ခံရတာဖြစ်ကြောင်း သိရသည်။ “ဘာကြောင့် သတ်ခံရတာလည်း မသိရဘူး။ ကျမတို့...

ကျေးသီးမြို့နယ် ကုန်းကော်ကျေးရွာ ဒေသခံ တစ်ဦး မိုင်းနင်းမိသေဆုံး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာအုပ်စု ကုန်းကော်ကျေးရွာ ဒေသခံတစ်ဦးသည် ခြံသွားစဥ် မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၂၄)ရက် နံနက် (၉)နာရီဝန်းကျင်က လုင်းဆမ် (၅၀)နှစ်သည် ခြံသွားစဥ် မြေမြှုပ်မိုင်း နင်းမိကာ ခြေတချောင်းပြတ်ဒဏ်ရာရရှိပြီး ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံးသို့ ရောက်ပြီးနောက် သေဆုံးသွားကြောင်း...

Latest news