ကျေးသီးမြို့နယ် စစ်ကောင်စီအဖွဲ့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက SSPP ဌာနချုပ်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများကို ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေကြောင်း စုံစမ်းသိရသည်။

မိုင်းနောင် – ကျေးသီး

ယမန်နေ့ (မတ်လ ၁၂ ရက်)မှ စတင်ပြီး ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက် သည် ရပ်ကျေးစာရေးများမှတဆင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်ခိုင်းခဲ့ရာ SSPP ဌာနချုပ်အနီးရှိ ကျေးရွာများလည်း ပါဝင်ကြောင်း ကျေးသီးမြို့ ဒေသခံများက ပြောသည်။

“ကျေးသီးမြို့ပေါ်က အုပ်ချုပ်ရေးမှူး ပြောလာတာ။ ခုမ်ပန် (ဆိုင်းလိုင်) အုပ်စုက ၁၇၀ ယောက်၊ ပန်လော့အုပ်စုက ၁၅၀ ယောက်။ ပြီးတော့ ဝမ်ဟိုင်းအုပ်စုက ၆၀၀ လို့ ဒီလိုကြားတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ကျား/မ မရွေးဘူး၊ ‌ ပြည်သူ့စစ်လုပ်ဖို့ လူတောင်းတာ”ဟု ကျေးသီးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်ခိုင်းသည့် ကျေးရွာအုပ်စုများမှာ မိုင်းနောင်မြို့ အပါအဝင် တစ်မြို့နယ်လုံးတွင် စုစုပေါင်း ၃၀ ကျော်အထိ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းကျေးရွာအုပ်စုများထဲတွင် SSPP/SSA ဌာနချုပ်အနီးရှိ ပန်လော့၊ ဆိုင်းလိုင် (ခုမ်ပန်)နှင့် ဝမ်ဟိုင်း ကျေးရွာအုပ်စုများလည်း ပါဝင်ပြီး ကျေးရွာအတွင်း နေထိုင်သည့် လူဦးရေအားလုံးကို မတ်လ ၁၄ ရက် နောက်ဆုံးထားပြီး စာရင်းပေးပို့ရန် ညွှန်ကြားထားကြောင်း ကျေးသီးဒေသခံများက ပြောသည်။

“‌၁၄ ရက်နေ့ ရောက်လို့ စာရင်းမပို့ပေးရင် ရွာက လူတွေကို မှတ်ပုံတင်စာရင်းထဲက ဖျက်ပစ်မယ်လို့ ပြောတယ်။ အဲ့လိုဆိုရင် မသွားတဲ့လူကို မှတ်ပုံတင်စာရင်း ဖျက်မယ့်သဘောဖြစ်မှာ။ အိမ်ထောင်ရှိတဲ့လူဆိုရင် မယူဘူး။ မှတ်ပုံတင်စာရင်း ဖျက်လိုက်ရင် ဘယ်မှ သွားလို့မရတော့ဘူးပေါ့”ဟု ကျေးသီးမြို့နယ်မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းမြောက်တွင် စစ်ရေးအဘက်ဘက်က ရှုံးနိမ့်ခဲ့သည့် စစ်ကောင်စီတပ်သည် တပ်သားအင်အား နည်းပါးလာခြင်းကြောင့် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် သျှမ်းပြည်အတွင်းရှိ မြို့နယ်များတွင်လည်း အသက်ပြည့်ပြီးသူများကို စစ်မှုထမ်းနှင့် ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့ရည်ရွယ်ချက်က မြောက်ပိုင်းမှာ စစ်သွားတိုက်ခိုင်းဖို့လေ၊ ကိုယ့်အချင်းချင်း ပြန်တိုက်ခိုင်းမှာ။ စိတ်ပူတာကတော့ ဒီကိစ္စက အထက်လူကြီးတွေ မဖြေရှင်းပေးနိုင်ရင် ကျနော်တို့က ဘယ်လိုမှ မတတ်နိုင်ဘူး။ အခုက တစ်ယောက်ထဲဆိုရင် ဘယ်မှ မသွားရဲတော့ဘူး။ ဒီမှာက ဝမ်ဟိုင်းဌာနချုပ်နဲ့လည်း နီးတော့ လူကြီးတွေကတော့ ဘယ်လိုပြောမလဲ စောင့်ကြည့်ရဦးမှာ”ဟု ကျေးသီးမြို့နယ်မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးသီးမြို့နယ်တွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ-၁၃၁၊ မိုင်းနောင်မြို့တွင် စကခ-၂၊ ခလရ-၉ နှင့် ခလရ-၂၈၆ တပ်ရင်းတို့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်လည်း အခြေစိုက်ထားသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်ကလည်း နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် မှ စစ်အင်အား အများအပြားသည် SSPP/SSA လှုပ်ရှားနယ်မြေ မိုင်းနောင်-မိုင်းရယ်ဘက်သို့ ဦးတည်ပြီး အလုံးအရင်း အင်အားဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...