ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံများ တောင်ယာမသွားရန် SSPP သတိပေး

သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို တောင်ယာ မသွားကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သတိပေးထားကြောင်း စုံစမ်းသိရသည်။

ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့သည် ဇူလိုင် လလယ်မှ စတင်ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး ပြည်သူများကို တောင်ယာမသွားရန် ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက SSPP ဘက်မှ အသိပေး တားမြစ်ခဲ့ကြောင်း ကျေးသီးမြို့နယ် ဒေသခံများက ပြောသည်။

“ သျှမ်းတပ် (၂)တပ် ကြားနေရတာလည်း ခက်တယ်။ အခုက တရားဝင် ကြေညာတာတော့ မဟုတ်ဘူး။ ဒီဘက်က SSPP ထိန်းချုပ်တဲ့ နေရာဆိုတော့ သူတို့ သတိလာပေးသွားတဲ့ သဘောပါ။ တိုက်ပွဲက မကြာခဏ ဖြစ်နေတော့ စိုးရိမ်စိတ်တော့ ရှိတယ်” ဟု ဝမ်စိမ်းကျေးရွာအုပ်စုတွင် နေထိုင်သည့် တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၁၄)ရွာရှိကြောင်း သိရသည်။

လက်ရှိအချိန်သည် တောင်ယာလုပ်ကိုင်ရသည့် အချိန်ဖြစ်သည့်အတွက် သီးနှံများ မစိုက်ပျိုးရလျှင် နောင်လာမည့် နှစ်အတွက် ဝင်ငွေလျော့နည်းသွားနိုင်ပြီး စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားလာပါက ထွက်ပြေးတိမ်းရှောင်ရန်လည်း ကြိုတင်စီစဉ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“လောလောဆယ်တော့ ထွက်ပြေးရတာ မရှိသေးဘူး။ စစ်ဖြစ်လာရင် ဘယ်ပြေးရမှာလဲ ဆိုတာတော့ စီစဉ်ထားတယ်။ ရွာထဲမှာ စစ်မဖြစ်ရင်တော့ ကောင်းတာပေါ့”ဟု ဝမ်စိမ်းကျေးရွာမှ တောင်ယာစိုက်ပျိုးသည့် အမျိုးသမီးက ထပ်လောင်းပြောကြားသည်။

အလားတူ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ကာ ယနေ့ထိတိုင် ကွန်ဟိန်းမြို့နယ် လိုင်းကမ်ကျေးရွာ မြောက်ဖက်တွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ အချင်းချင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ဇူလိုင်လ ၂၉ ရက်တွင် လိုင်းကမ်ကျေးရွာရှိ ဒေသခံများကို ၅ ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရန် RCSS တပ်ဖွဲ့က လာရောက်ပြောဆိုခဲ့ကြောင်း ကွန်ဟိန်းဒေသခံများက ပြောသည်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် သျှမ်းလူထုတို့၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများသည် ဒုက္ခများနှင့် အခက်အခဲများ တွေ့ကြုံနေရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း RCSS တပ်ဖွဲ့မှ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်ခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ကြရန်နှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားကြရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အခြားတစ်ဘက်တွင် သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့အချင်းချင်း ရပ်စောက်၊ မိုင်းကိုင်၊ လဲချား၊ ဟိုပုန်းနှင့် ကွန်ဟိန်းမြို့နယ်တို့တွင် မေလမှ စတင်ပြီး တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...