စစ်ရှောင်လာသည့် လူငယ်အမျိုးသား (၁) ဦး၊ (၃) လအကြာ ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ထွက်ပြေးတိမ်းရှောင်လာသည့် အသက် (၁၉)နှစ် အရွယ်ရှိ အမျိုးသား (၁)ဦးသည် လဲချားမြို့နယ် လွိုင်တန့်အနီးတစ်ဝိုက် ပျောက်ဆုံးခဲ့သည်မှာ (၃)လအကြာ ရှိခဲ့ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

၃လ ကြာ ပျောက်ဆုံးနေသည့် စိုင်းဆိုင်ဟုမ်

စိုင်းဆိုင်ဟုမ် (၁၉) နှစ်သည် ကျေးသီးမြို့နယ် ဝမ်းကာကျေးရွာတွင် နေထိုင်ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် လဲချားမြို့နယ် လွိုင်တန့်ကျေးရွာအနီးတဝိုက်တွင် ဖမ်းဆီးခံရကြောင်း၊ ထိုနေရာတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ နယ်မြေစိုးမိုးနေသည့် နေရာဖြစ်ကြောင်း စိုင်းဆိုင်ဟုမ်၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အဲနားမှ RCSS တွေ ရှိထားတဲ့နေရာဖြစ်တယ်။ ကျမတို့သိထားရတာက စိုင်းဘောဂ ဦးဆောင်တဲ့ တပ်မ(၆)က ခေါ်သွားတယ်လို့ သိရတယ်။ အခုတော့ တောင်ပေါ်ကို ခေါ်သွားတယ်လို့သိရတယ်။ သူ့ကို ပြန်လွှတ်လာပေးဖို့လည်း ကျမတို့ စာတင်ထားတယ်။ ၂ ကြိမ်ရှိပြီ စာတင်ထားတာ။ သူတို့ဘာမှ ပြန်မပြောလာဘူး” ဟု စိုင်းဆိုင်ဟုမ်၏ မိသားစုဝင် အမျိုးသမီး တစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ စိုင်းဆိုင်ဟုမ်ကို အဆက်အသွယ်မရသေးကြောင်း၊ မိသားစုဝင်များအနေဖြင့် စိုးရိမ်စိတ်ပူနေကြောင်း လည်း သိရသည်။

“သူ့အသက်က ၁၉ နှစ်ပဲရှိသေးတယ်။ သူ့အမေတော့ တော်တော်လေးစိတ်ပူနေတယ်။ သူ့သားကို မြန်မြန်တွေ့ချင်နေပြီ။ အဆက်အသွယ်လည်းမရတော့ သူ့အမေက နေ့တိုင်း ငိုနေတယ်။ စိတ်ကျရောဂါပါ ဖြစ်လာနိုင်တယ်” ဟု စိုင်းဆိုင်ဟုမ်နှင့် နီးစပ်သူ ဆွေမျိုးတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက အသေးစိတ် မသိရှိရသေးကြောင်း ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အသေးစိတ် မသိရသေးဘူး။ မြေပြင်သတင်းဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လည်း အသေးစိတ်မသိရသေးဘူး။ တကယ် ဖမ်းလား မဖမ်းလားလည်း မသိရသေးဘူး” ဟု ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စိုင်းဆိုင်ဟုမ်းသည် ယခင်က သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တွင် ၅ လအကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...