ကျေးသီးမြို့နယ် ရွာသားတစ်ဦးကို ရိုက်နှက်သည့် စစ်သား အရေးယူပေးရန် ပြည်သူများ တောင်းဆို

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနင်းကျေးရွာအုပ်စုမှ ရွာသား လုံးရွှေထွန်းကို ဓားဖြင့်ခုတ်သည့် စစ်သားကို အရေးယူ ဆောင်ရွက်ပေးရန် ပြည်သူများက တောင်းဆိုကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် မိုင်းနင်းကျေးရွာအုပ်စု နောင်ယုမ်းကျေးရွာနေ လုံးရွှေထွန်းသည် နွားကျောင်းနေစဥ် စစ်ကောင်စီတပ်သားမှ ၎င်း၏ နွားကို သေနတ်ဖြင့် ပစ်မည်ကို ဝင်တားရာမှ ခလရ ၁၃၁ တပ်သားဖြစ်သည့် စစ်သား ၃ ယောက်မှ ၎င်း၏ လည်ပင်းကို ဓားဖြင့် ခုတ်လိုက်သဖြင့် အချက် ၄၀ ကျော် ချုပ်လိုက်ရပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လုံးရွှေထွန်းမှ ဆေးကုသမှုခံယူနေစဥ်တွင် စစ်ကောင်စီဘက်မှ ဆေးကုသစားရိတ်အတွက်ဟု ဆိုကာ ငွေကြေး ၁ သိန်းကျပ် လာပေးခဲ့ကြောင်း၊ ယင်းလုပ်ဆောင်ချက်သည် တရားမျှတမှုမရှိကြောင်း နီးစပ်သူ ဆွေမျိုးများက ပြောသည်။

လုံးရွှေထွန်း

“တရားမျှတမှု လုံးဝမရှိတဲ့လုပ်ရပ်ပေါ့။ သူများကို မသေရုံတမယ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ပြီးမှ ခုမှ ဘာတာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ သူများပစ္စည်း ဥစ္စာကိုလည်း အလကားယူချင်သေးတယ်။ လူကိုလည်း ရန်ပြုသွားတယ်၊ သေရင်တောင် အလကားသေရမယ့်အဖြစ်မျိုးပဲ သူတို့လုပ်ရပ်က” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဓားဖြင့်ခုတ်ခံရသည့် လုံးရွှေထွန်းသည် ဆေးရုံတွင် ၉ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဆေးကုသမှု ခံယူစဥ်တွင် စစ်ကောင်စီမှ နှစ်ကြိမ်လာကြည့်ကြောင်း၊ တစ်ကြိမ်လာလျှင် ပိုက်ဆံ ၅ သောင်းပေးဆောင်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။

“ဆေးကုသမှု စရိတ်တွေက ပိုက်ဆံသိန်းဆယ်ချီကုန်မှာ၊ ဒါပေမဲ့ ဆေးရုံက ဆရာဝန်တွေလည်း လုံးရွှေထွန်း ဖြစ်စဥ်ကို နားလည်သိရှိလို့ စေတနာရှိသလောက် ပေးပါဆိုလို့ တော်သေးတယ်၊ စကစ တွေက လုံးရွှေထွန်းကို ရန်လုပ်တဲ့ တပ်သားကို အရေးယူပေးမယ်လိုတော့ ပြောပေမဲ့ ကျနော်တို့က မသိရဘူး။ ကျနော်တို့ အနေနဲ့ သူတို့ကို ထိုက်တန်တဲ့ ပြစ်မှုပြစ်ဒဏ်ကျစေချင်တယ်။ ဒါကို အများပြည်သူလည်း သိစေချင်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် လုံးရွှေထွန်းသည် ဒဏ်ရာသက်သာပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိနေသော်လည်း တစ်ပတ် တစ်ကြိမ် ဆေးရုံသို့ ဆေးစစ်မှု သွားရောက်ခံယူနေရသေးသည့်အတွက် ကုသမှုစားရိတ်အတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။

လုံးရွှေထွန်းကို ဓါးဖြင့်ခုတ်သည့် စစ်ကောင်စီတပ်သားတို့သည် ခလရ ၁၃၁ မှ တပ်သားများဖြစ်ကြပြီး၊ မိုင်းနောင်အခြေစိုက် ခစခ ၂ လက်အောက်ခံ ဖြစ်ကြောင်း သတင်းသိရသည်။

အဆိုပါ တပ်သားတို့ကို စစ်စည်းကမ်းအရသော်လည်းကောင်း တရားဥပဒေအရ သော်လည်းကောင်း အပြစ်ပေး အရေးယူရန် တောင်းဆိုလိုကြောင်း ဒေသခံပြည်သူများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...