မိုင်းရယ် – ကျေးသီး ကားလမ်း စစ်ကောင်စီတပ်ဖွဲ့ ပြည်သူများထံ အဓမ္မ ပိုက်ဆံတောင်းနေ

သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းအစပ် မိုင်းရယ် – ကျေးသီး ကြား စစ်ကောင်စီ စစ်ဆေးရေဂိတ်တွင် ခရီးသွားပြည်သူများထံ အတင်းအဓမ္မ ငွေတောင်းခံနေကြောင်း သတင်းသိရသည်။

မိုင်းရယ် – ကျေးသီး လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ဆေးဂိတ် (၄)ခု ရှိပြီး ထိုဂိတ်များတွင် ကားသမားများသည် တစ်စီးလျှင် ငွေကျပ် ၁၀၀၀ ခန့် ပေးဆောင်နေရကြောင်း ကားသမားအသိုင်းအ၀န်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က လားရှိုးဘက်ခရီးသွားတာ ကျေးသီးမြို့အလွန်မှာရှိတဲ့ ပထမစစ်ဆေးရေးဂိတ်မှာ ၁၀၀၀ ကျပ် ပေးရတယ်၊ အဲ့လိုစစ်ဆေးရေးဂိတ်တွေထဲ မိုင်းရယ်မြို့ နယ်စပ်နားရှိတဲ့ စစ်ဆေးရေးဂိတ်က အဆိုးဆုံးပဲ၊ ကျနော်တို့ကို သေနတ်ပြပြီး ပိုက်ဆံတောင်းတာ” ဟု ကိုယ်တိုင်ကြုံတွေ့ရသည့် ကျေးသီးမြို့နယ်မှ အသက် ၂၀ ကျော် စိုင်းယီ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နယ်အဝင် ခိုလောင်း (ဒေသအခေါ်) စစ်ဆေးရေးဂိတ်တွင် ဂိတ်စောင့် စစ်ကောင်စီတပ်သား၏ သေနတ်ပြ ခြိမ်းခြောက် ပိုက်ဆံတောင်းခြင်းကို ခံရကြောင်း စိုင်းယီက ပြောသည်။

“ပိုက်ဆံသုံးထောင်တောင်းတာကို ကျနော်က နှစ်ထောင်ပေးလို့ရမလား ပြောလိုက်လို့ သေနတ်ပြပြီး လေမရှည်နဲ့ လို့ ပြောတယ်၊ ပြီးတော့ ကားပေါ်ကအကုန်ဆင်းခိုင်းပြီးတော့ သူတို့စစ်ဆေးတာခံရတယ်၊ ပိုက်ဆံမပေးရင် မဖြတ်ရလို့ ပေးလိုက်ရတယ်၊ ကျန်တဲ့စစ်ဆေးရေးဂိတ် ၃ ခုမှာတော့ ၁၀၀၀ စီ ပေးလိုက်ရတယ်” ဟု စိုင်းယီက ဆိုသည်။

ထို မိုင်းရယ် – ကျေးသီး လမ်းပိုင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စောင့် စစ်သားများသည် လုံခြုံရေးကို အလေးမထားသည့်အပြင် ပိုက်ဆံရယူခြင်းများသာ လုပ်ဆောင်နေကြောင်းလည်း မိုင်းရယ်မြို့မှ ကျေးသီးသို့ ခရီးသွားရင်း ကြုံတွေ့ရသူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းက ကျနော် ဒီလမ်းကို ဖြတ်သွားဖြတ်လာလုပ်ရင် သူတို့ရဲ့ စာရွက်စာတမ်းဖိုးဆိုပြီး ၂၀၀ ကနေ ၅၀၀ အမြဲတမ်းပေးဖြစ်တယ်၊ အဲ့တုန်းက သူတို့လည်း ပေးသလောက်ပဲယူတယ်၊ အမှန်ဆို သူတို့က ဒီလမ်းရဲ့ လမ်းသွား လမ်းလာပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူရမယ်၊ ဒါပေမဲ့ အခုက ပိုက်ဆံရဖို့ပဲ လုပ်နေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မိုင်းရယ် – ကျေးသီး လမ်းကြောရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ စစ်သားများသည် စကားပြောကြမ်းတမ်းခြင်း၊ လက်နက်ပြ ခြိမ်းခြောက်ခြင်းတို့ ပြုမူနေသည့်အတွက် အဆိုပါ လမ်းကြောင်းကို အမျိုးသမီးချည်း သွားရန် မသင့်ကြောင့်လည်း အထက်ပါ ပုဂ္ဂိုလ်များက မှတ်ချက်ပြု ပြောဆိုကြသည်။

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များကို အတင်းအဓမ္မ ငွေကြေး ကောက်ယူမှုပြုလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...