ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး ဧက ၅၀၀ ထက်မနည်း တူးဖော်မှု ရှိနေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်မှုသည် ဧကပေါင်း ၅၀၀ ထက်မနည်း ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေရကြောင်း သိရသည်။

.

ကျေးသီးမြို့နယ်၊ မိုင်းကောင်(ဝ်)အုပ်စု (ဢိူင်ႇမိူင်းၵၢဝ်ႇ) ရှိ မိုက်ဟုန်းလိန်ကျေးရွာ (ဝၢၼ်ႈမႆ့ႁူင်းလိူင်) အနီးတွင် ကျောက်မီးသွေး တူးဖော်နေခြင်းဖြစ်ပြီး ဟေဟိန်းကုမ္ပဏီက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဟေဟိန်း ကုမ္ပဏီသည် တစ်နေ့လျှင် ၂၂ ဘီးတွဲကားဖြင့် ကားအစီး ၆၀ မှ ၇၀ ထိ သယ်ဆောင်မှု ရှိနေကြောင်း ကျေးသီးမြို့မှ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောက်မီးသွေး တူးနေတာက ဟေဟိန်းကုမ္ပဏီလို့ သိရတယ်။ စစ်ကောင်စီတပ် ခလရ ၂၈၆ က လုံခြုံရေး ယူပေးထားတာပေါ့၊ မိုက်ဟုန်းလိန်ရွာ အဝင်ကနေ ကျောက်မီးသွေးတူးတဲ့ နေရာအထိကိုလည်း မြေဖို့ ၊ လမ်းထွင်တာ လုပ်နေကြတယ်။ တစ်နေ့ တစ်နေ့ထုတ်တဲ့ ကျောက်မီးသွေးက တွဲကား ၆၀ ကနေ ၇၀ လောက်ရှိတယ်” ဟု ကျေးသီးမြို့မှ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကျောက်မီးသွေးသယ် ၂၂ ဘီး တွဲကားများသည် ညနေပိုင်း ၅ နာရီခွဲအထိ မိုင်းနောင် – ကျေးသီး ကားလမ်းမကြီးတွင် ကျောက်မီးသွေးတင်လျက် ရပ်နားလေ့ရှိပြီး ညနေ ၆ နာရီဝန်းကျင်မှ လားရှိုးမြို့ဘက်သို့ ဦးတည် မောင်းထွက်သွားကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မိုင်းကောင်(ဝ်) ကျေးရွာအုပ်စုအတွင်း တူးဖော်နေသည့် ကျောက်မီးသွေးသည် ဧကပေါင်း ၅၀၀ ထက် မနည်း ရှိနေပြီး ယင်းကျောက်မီးသွေး တူးဖော်မှုကို ကန့်သတ်လိုသည့်အကြောင်း ဒေသခံ နှင့် သံဃာတော်များမှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ အကြိမ်ကြိမ် စာပို့ခဲ့ဖူးကြောင်း ကျေးသီးမြို့မှ တက်ကြွလှုပ်ရှားသူ အမည်မဖော်လိုသူ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ကျောက်မီးသွေး တူးတဲ့နေရာက SSPP ထိန်းချုပ်နယ်မြေရှိနေတော့ အရပ်သား နဲ့ သံဃာတော်တွေ ပေါင်းပြီး ကန့်ကွက်စာ အကြိမ်ကြိမ် ပေးဖူးလည်း အခြေအနေက ထူးမလာခဲ့ဘူး၊ အခုချိန်က စစ်အာဏာသိမ်း ချိန်လည်း ဖြစ်နေတော့ ဒေသခံတွေ ဆန္ဒပြကန့်ကွက်တာမျိုးလည်း မလုပ်ရဲဘူးလေ။ စစ်အုပ်ချုပ်ရေး စနစ်ဆိုတော့လည်း ကြောက်ရတယ်” ဟု ကျေးသီးမြို့မှ တက်ကြွလှုပ်ရှားသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ခြင်း နှင့် ပတ်သက်ပြီး ခွင့်ပြုထားသည့် မြေ ဧက ထက်ကျော်လွန်ပြီး တူးဖော်မှု ရှိနေကြောင်း နှင့် စိစစ်မှုများကို ပြုလုပ်နေလျက်ရှိကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောက်မီးသွေး တူးတဲ့ကိစ္စမှာ ပြည်သူလူထုကို ထိခိုက်တာမျိုးရှိရင်တော့ ကျနော်တို့က ခွင့်မပြုဘူး၊ သူတို့ လုပ်ခွင့်ရထားတဲ့ ဧက ၅၀၀ မှာက ပြည်သူလူထုရဲ့ အိမ်၊ ခြံ၊ ယာ မြေတွေ မထိခိုက်စေရဘူး အဲ့လိုမျိုးနဲ့ ခွင့်ပြုထားတာ။ ဒါပေမဲ့ ဒီကြားထဲမှာ သူတို့က ချဲ့ထွင်ပြီးတော့ ဧက ၇၀၀ ကျော်ကို တူးနေတယ်လို့သိရတယ်။ အဲ့တာကို ကျနော်တို့ရဲ့လူက သွားပြီးတော့ စိစစ်နေတယ်။ တကယ်လို့ အဲ့လိုဖြစ်ရင်တော့ သူတို့ ပိတ်ရမှာပါ။ ဒါကို ကျနော်တို့ အားမပေးဘူး” ဟု SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန် လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများသည် ဟေဟိန်းကုမ္ပဏီအပြင် MEC ကုမ္ပဏီ ၊ နမ့်ပန် ကုမ္ပဏီ နှင့် ထွန်းမြတ်အောင် ကုမ္ပဏီတို့မှလည်း လာရောက်တူးဖော်မည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

လက်ရှိ ကျောက်မီးသွေးကို ဆက်လက်တူးဖော်မည် ဆိုပါက ကျေးသီးမြို့နယ်အတွင်း လယ်ယာများအတွက် အဓိက အရေးပါသည့် နမ့်ဟင်ချောင်း (မႄႈၼမ့်ႁႅၼ်) ကို ထိခိုက်နိုင်သည့် အတွက် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလည်း ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...