ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ ကျောက်မီးသွေး အလွန်အကျွံ တူးဖော်လျက်ရှိရာ ကျောက်မီးသွေးတွင်းများမှ ထွက်ရှိလာသည့် အနံ့ဆိုးများကို နေ့စဉ် ရှူရှိုက်နေရပြီး ကျန်းမာရေးထိခိုက်နေကြောင်း ဒေသခံများက ပြောသည်။

“မိုင်းကောင်မှာ ကျောက်မီးသွေး တူးနေတာ ကုမ္ပဏီ ၄ ခု ရှိတယ်၊ ရွာခံတွေက နာမည်မပြောရဲကြဘူး။ ကျောက်မီးသွေးတွင်းက ထွက်လာတဲ့ အနံ့အသက်က တော်တော်ဆိုးတော့ နှာခေါင်းစည်းနဲ့ သွားရင်တောင် မခံနိုင်ဘူး။ ကျောက်မီးသွေး သယ်တဲ့ကားတွေ ဖြတ်သွားရင်လည်း အနံ့ အရမ်းနံလို့ ခေါင်းကိုက်တဲ့အထိ ဖြစ်တယ်။ ရေရှည်ဆို ကျန်းမာရေးထိခိုက်မှာ”ဟု ကျေးသီးမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးသီး-မိုင်းနောင်မြို့အကြား မိုင်းကောင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးတွင်းများသည် ကျေးသီးမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးပြီး တူး‌ဖော်ရရှိသည့် ကျောက်မီးသွေးများကို လားရှိုးမြို့သို့လည်းကောင်း၊ ဟိုပုန်းမြို့ဘက်သို့လည်းကောင်း ပို့ဆောင်သည့် လမ်းကြောင်းများမှာ တိုက်ပွဲကြောင့် ပိတ်ထားရသဖြင့် ကျောက်မီးသွေး သယ်ပို့ခြင်းကို ယာယီရပ်နားထားကြောင်း သိရသည်။

“တိုက်ပွဲကြောင့် လမ်းတွေပိတ်တော့ ကုမ္ပဏီတွေက မြေကော်ကား၊ ဘက်ဟိုးတွေနဲ့ နမ့်လန်-ကျောက်ဂူ-အင်တော-ရပ်စောက် အဲ့ဘက်လမ်းတွေ ချဲ့ဖို့ တင်သွားတယ်။ အဲ့ဖက်လမ်းကနေ ပတ်ပြီး သယ်မယ်ထင်တယ်။ လမ်းပိတ်လို့ မသယ်တော့ပေမယ့် တွင်းထဲက တူးထုတ်လာပြီး ကျေးသီး-မိုင်းနောင် ကားလမ်းဘေးမှာ နေ့တိုင်းလာပုံထားတယ်”ဟု ကျေးသီးမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများသည် ဟေဟိန်းကုမ္ပဏီအပြင် MEC ကုမ္ပဏီ၊ နမ့်ပန်ကုမ္ပဏီနှင့် ထွန်းမြတ်အောင် ကုမ္ပဏီတို့မှ လာရောက်တူးဖော်မည်ဖြစ်ပြီး စစ်ကောင်စီတပ် ခလရ-၂၈၆ မှ လုံခြုံရေးယူပေးကြောင်း ၂၀၂၃ စက်တင်ဘာလအတွင်းက သတင်းထွက်ပေါ်ခဲ့သည်။

ထို့အပြင် ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုရှိ မိုက်ဟုန်းလိန်ကျေးရွာ (ဝၢၼ်ႈမႆ့ႁူင်းလိူင်) အနီးတွင် ကျောက်မီးသွေး တူးဖော်ရန် ခွင့်ပြုထားသည့် မြေနေရာသည် ဧကပေါင်း ၅၀၀ သာ ရှိပြီး ကုမ္ပဏီများမှ ၇၀၀ ဧက ထက်မနည်း ကျူးကျော် တူးဖော်နေခြင်းကြောင့် သံဃာတော်နှင့် ဒေသခံများက SSPP/SSA တပ်ဖွဲ့သို့ စာပို့တိုင်ကြားခဲ့ဖူးကြောင်း သိရသည်။

အလားတူ SSPP/SSA တပ်ဖွဲ့မှ ၎င်းကျောက်မီးသွေးတွင်းများသို့ ဩဂုတ်လအတွင်းက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ စည်းကမ်းချက်ဖြင့် မကိုက်ညီသည့် ကျောက်မီးသွေး တူးဖော်သည့် ကုမ္ပဏီများကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက သြဂုတ်လ ၁၉ ရက်တွင် သျှမ်းသံတော်ဆင့်၏ အင်တာဗျူး အစီအစဉ်မှာ ဖြေကြားခဲ့ဖူးသည်။

လက်ရှိ ကျောက်မီးသွေးကို ဆက်လက်တူးဖော်နေခြင်းကြောင့် ကျေးသီးမြို့နယ်အတွင်း လယ်ယာများအတွက် အဓိက အရေးပါသည့် နမ့်ဟင်ချောင်း (မႄႈၼမ့်ႁႅၼ်) ကို ထိခိုက်နိုင်သည့် အတွက် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလည်း ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...