Friday, May 3, 2024

ကျေးသီးမြို့နယ်

ကျေးသီးမြို့နယ် မိုးသီးကျ အိမ် ၇ လုံး ပျက်စီး

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နမ့်မော်ဆိုင်းကျေးရွာတွင် မိုးသည်းထန်းရွာပြီး မိုးသီးကျသဖြင့် အိမ်ပျက်စီးကာ ဒေသခံများ စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီ ၂၇)ရက် နေ့လည် ၃နာရီ ကျော်က ကျေးသီးမြို့နယ် နမ့်မော်ဆိုင်းကျေးရွာတွင် မိုးရွာပြီး မိုးသီးများကျသဖြင့် အိမ် ၇လုံးပျက်စီးရာ ဒေသခံ ၆၀...

ကျေးသီး မြို့နယ် Covid-19 သံသယ အမျိုးသမီး တဦး သေဆုံး

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် Covid -19 သံသယ စောင့်ကြည့်ခံရသည့် အမျိုးသမီး တဦးသေဆုံးခဲ့ကြောင်း ယနေ့ ည ၈နာရီ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Covid-19 စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ခံရသည့် အမျိုးသမီး...

ကျေးသီးမြို့နယ် စစ်ရှောင် ၂၆၀ ကျော် လက်ရှိ အချိန်ထိ နေရပ်မပြန်သေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော် ၃ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် သျှမ်းပြည် တောင်ပိုင်း ကျေးသီးတွင် စစ်ဘေးရှောင် ၂၆၀ ကျော် ရောက်လာကြောင်း သတင်းရရှိသည်။   ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာ အုပ်စု ဖတ်နမ်ရွာ ဘုန်းကြီးကျောင်းတွင် တိုက်ပွဲကြောင့်စစ်ရှောင်...

ကျေးသီးမြို့နယ် အတွင်း ကိုယ်ထူကိုယ်ထ တံတား ဆောက်လုပ်ရန် ငွေကြေးလိုအပ်နေဆဲ

ကျေးသီးမြို့နယ် စွမ်းတောင်(ခ) ကျွန်းတောင် ဒေသခံ ပြည်သူများ မိုးရွာသီတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာ သွားလာနိုင်ရန် အတွက် ကိုယ်ထူကိုယ်ထ လမ်းတံတား ဆောက်လုပ်ရန် ငွေကြေး လိုအပ်နေသေးကြောင်း သိရသည်။   ထိုဒေသတွင် နေထိုင်သည့် သူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့်ပညာရေး၊ ကျန်းမာရေး အတွက် ခက်ခဲမှု များစွာ...

 ကျေးသီးမြို့တွင် နှစ် ၃၀ နီးပါးသက်တမ်းရှိ ဘုန်းကြီးကျောင်းမီးလောင် ဆုံးရှုံးမှုတန်ဖိုးများပြား

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် နောင်ဆွမ်းရွာရှိ ဆိုင်လျန်းထမ်းဘုန်းကြီးကျောင်း မီးလောင်ကျွမ်းရာ ကျောင်းအတွင်းရှိ ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။ ဇန္နဝါရီလ ၃ ရက်နေ့ည ၁၀ နာရီ ၂၀ မိနစ်အချိန် ဆိုင်လျန်းထမ်း ဘုန်းကြီးကျောင်း မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်မှုတော့မရှိခဲ့ကြောင်းနောင်ဆွမ်းရွာသား လုံးစိုင်းအိုက် ကပြောသည်။ “ဖယောင်းတိုင် ဘုရားမီးပူဇော်ထားပြီးအိပ်ပျော်သွားကြလို့ မီးလောင်သွားတာလို့ကြားရပါတယ်။ ဒါကြောင့်ဘာမှမရလိုက်ပါဘူး။...

တကိုယ်လုံးမီးလောင် ဒဏ်ရာရသည့် ၉ နှစ်အရွယ် ကျေးသီးမြို့က မိန်းကလေး ဆေးကုရန် အကူအညီလိုအပ်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နားပန်ကျေးရွာ တွင် နေအိမ်မီးလောင်မှုကြောင့် တကိုယ်လုံး မီးလောင်ဒဏ်ရာရကာ ဆေးရုံတွင်ဆေးကုသနေသော အသက် ၉ နှစ် အရွယ်မိန်းခလေးမှာ ဆေးကုသ ရန်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ဆေးရုံတွင် တလ ကျော်ကြာဆေးကုသမှုခံယူနေရပြီဖြစ်သဖြင့် လက်ရှိတွင်ဆေးကုသမှုစရိတ်နှင့် ပြုစု စောင့် ရှောက်မှုစရိတ်စကများအထူးအခက်အခဲဖြစ်နေကြောင်း သမီးဖြစ်သူအား...

သျှမ်းပြည်အလယ်ပိုင်းတွင် RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော် ပိုက်စိပ်တိုက်ရှာ  

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်၊ ကျေးသီးမြို့နယ် အတွင်းရှိ RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော် မှ အင်အားဖြည့်ကာ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ဇူလိုင်လဆန်းပိုင်းမှစ၍ ယနေ့အထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် - မတ်ဝေါင်းကျေးရွာ၊ နမ့်အုပ်ကျေးရွား၊ ဟိုပုံကျေးရွာ ဘက်တို့လည်းကောင်း၊ မိုင်းကိုင်မြို့နယ် - ဟမ်းငိုင်းကျေးရွာအုပ်စု၊...

သမိုင်းဝင်နမ့်ကုံးကန်အပါအဝင်မြေဧက ၃၀ ကျော်အား အစိုးရက လူထုထံပြန်လည်ပေးအပ်

သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်အတွင်း နှစ်ပေါင်း ၂၀ ကျော်တပ်မှသိမ်းယူထားသော နမ့်ကုံးကန်မြေဧက ၃၀ ကျော်အား ကျေးသီးဒေသခံလူထုထံပြန်လည်ပေးအပ်ဖြစ်ကြောင်း သိရသည်။ မတ်လ ၁၃ ရက်က နေပြည်တော်တွင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းအောင်ကျော်က ကျေးသီးမြို့နယ်၊ အမှတ် (၁၃၁)...

Latest news