Tuesday, January 27, 2026

တကိုယ်လုံးမီးလောင် ဒဏ်ရာရသည့် ၉ နှစ်အရွယ် ကျေးသီးမြို့က မိန်းကလေး ဆေးကုရန် အကူအညီလိုအပ်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နားပန်ကျေးရွာ တွင် နေအိမ်မီးလောင်မှုကြောင့် တကိုယ်လုံး မီးလောင်ဒဏ်ရာရကာ ဆေးရုံတွင်ဆေးကုသနေသော အသက် ၉ နှစ် အရွယ်မိန်းခလေးမှာ ဆေးကုသ ရန်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။

Photo by Kesi Youth- တကိုယ်လုံးမီးလောင် ဒဏ်ရာရသည့် ၉ နှစ်အရွယ်နန်းနွန်းပန် ကျေးသီးမြို့ ဆေးရုံတွင်ဆေးကုသမှုခံယူနေသည်ကိုတွေ့ရစဉ်

ဆေးရုံတွင် တလ ကျော်ကြာဆေးကုသမှုခံယူနေရပြီဖြစ်သဖြင့် လက်ရှိတွင်ဆေးကုသမှုစရိတ်နှင့် ပြုစု စောင့် ရှောက်မှုစရိတ်စကများအထူးအခက်အခဲဖြစ်နေကြောင်း သမီးဖြစ်သူအား စောင့်ရှောက်နေသည့် ဖခင်ဖြစ်သူ စိုင်းလူးက ဧပြီလ ၂၄ ရက်နေ့က သျှမ်းသံတော်ဆင့်အားပြောသည်။

“ သမီးက သက်သာလာပြီဆိုပေမယ့် မီးလောင်ဒဏ်ရာက ဆက်ကုရအုံးမယ်။ သမီးကို ကုဖို့ အတွက် ငွေတွေ လည်း မရှိတော့ဘူး။ ဆေးဖိုးကနေ့တိုင်းကုန်နေရတယ်။ စားဖို့သောက်ဖို့လည်း ခက်ခဲနေတယ် အကုန်လုံးက မီးထဲပါသွားပြီလေ။ သမီးဆေးကုဖို့ အတွက် အကူအညီတောင်းချင်ပါတယ်” ဟု ဖခင်ဖြစ်သူ စိုင်းလူး က သျှမ်းသံတော်ဆင့်အားပြောသည်။

ဆေးကုသမှုစရိတ်မှာ တရက်လျှင် ကျပ်ငွေတသောင်း၊ ၂ သောင်း ၊ ၅ သောင်း ကုန်ကျနေရကြောင်း စိုင်းလူးက ပြောသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၂ နာရီက အသက် ၉ နှစ်အရွယ် နန်းနွန်းပန် နှင့် အဖွားဖြစ်သူတို့ ၂ ဦးတည်း နေထိုင်သော ကျေးသီးမြို့နယ် နားပန်ရွာရှိနေအိမ်တွင် မီးလောင်မှုဖြစ်ပွါးရာ နန်နွန်းပန်အားလည်း တကိုယ် လုံးမီးလောင်သဖြင့် ကျေးသီးဆေးရုံတွင် တလကျော် ဆေးကုသခံယူနေရခြင်းဖြစ်သည်။

“ နေအိမ်လည်းပြာကျသွားတော့ ဘာမှ မရှိတော့ဘူး။ စားဖို့လည်း ခက်နေတယ်။ သူ့အဖွားလည်းမီးလောင်ထိတယ် ဒါမယ့်သက်သာပြီ။” ဟု ဖခင်ဖြစ်သူ က ဆိုသည်။

မီးလောင်မှုဖြစ်ပွါးသည့်နေ့တွင် စိုင်းလူးနှင့် နန်းရွှေစိန်တို့လင်မယားမှာ အလုပ်လုပ်ရန် ထိုင်းနိုင်ငံသို့ရောက်ခါစဖြစ်ပြီး နေအိမ်မီးလောင်သည့်သတင်းကြားသည်နှင့် ချက်ချင်းနေရပ်ပြန်လာသဖြင့် လက်ကျန်ငွေမရှိတော့ကြောင်း ၄င်းက ရှင်းပြသည်။

မီးသည် မီးဖိုခန်းမှစတင်လောင်ကျွမ်းပြီး နေအိမ်ထဲအထိကူးစက်လောင်ကျွမ်းကြောင်း၊ ထို့ကြောင့် လှောင်ထားသည့် စပါးများပါ မီးလောင်ကြောင်း၊ လက်ရှိတွင် စားစရာ နေစရာ မရှိသည့်အပြင် သမီးအား ဆေးကုရန်အတွက်လည်း လိုအပ်သဖြင့်အမှန်တကယ်အခက်အခဲရင်ဆိုင်နေရကြောင်း စိုင်းလူးက ပြောပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ထဲ ဆိုလာပြားဘတ်ထရီမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ စစ်ကော်မရှင် ဆက်တိုက်ဗုံးကြဲ၊ နေအိမ်အများစု မီးလောင်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲခံရခြင်းကြောင့် နေအိမ်အများစု မီးလောင်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းမှ စတင်ပြီး TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း Y-12...

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

0
သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့်...

နောင်ချို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

0
သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲကျေးရွာတဝိုက်ကို အပစ်ရပ် သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၄ ရက်) ညနေ (၆) နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲ...

ကျောက်ဂူတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်၊ဒေသခံတစ်ဦး ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် မီးလောင်ပျက်စီးသွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၄ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီနှင့်ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) တို့ နှစ်နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၂)လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု...