Wednesday, January 28, 2026

ကျေးသီး မြို့နယ် Covid-19 သံသယ အမျိုးသမီး တဦး သေဆုံး

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် Covid -19 သံသယ စောင့်ကြည့်ခံရသည့် အမျိုးသမီး တဦးသေဆုံးခဲ့ကြောင်း ယနေ့ ည ၈နာရီ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo by ဒေသခံတဦး

Covid-19 စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ခံရသည့် အမျိုးသမီး ၏ ဆေးစစ်ချက် ဓာတ်ခွဲနမူနာကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ် လျက်ရှိပြီး ယနေ့ (မတ် ၂၀ ) တွင် သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို အမျိုးသမီးသည် လွန်ခဲ့သည့် ၂ပတ်တွင် ထိုင်းနိုင်ငံသို့ ခရီးသွားထားကြောင်း ဆေးမှတ်တမ်းအရ သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် မတ် ၅ရက်နေ့ က ချောင်းဆိုးခြင်း၊ မောပန်းခြင်းစသည့် ရောဂါလက္ခဏာ များခံစားနေရသဖြင့် မိုင်းနောင် တိုက်နယ် ပြည်သူ့ဆေးရုံသို့ မတ် ၁၉ ရက် တွင် သွားရောက်ပြသခဲ့ရာ သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးရသည့် အကြောင်းရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ နှင့် နာတာရှည်ရောဂါ အခံ ဖြစ်သော ဆီးချို ရောဂါ ၏ နောက်ဆက်တွဲဆိုးကျိုး များကြောင့် သေဆုံးသွားခြင်း ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကြေညာချက်

ထိုနည်းတူ မတ် ၁၈ ရက်နေ့တွင်လည်း သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံဆေးရုံတွင် Covid-19 သံသယဖြင့် ကုသနေသည့် အမျိုးသားတဦး သေဆုံးခဲ့သည်။

လက်ရှိ ယနေ့ အချိန်ထိ မြန်မာနိုင်ငံတွင် Covid -19 ကူးစက်ခံရသူ တဦးတယောက်မှ မရှိသေးသော်လည်း Covid-19 စောင့်ကြည့်ခံရပြီး သေဆုံးသူ ၈ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှ စတင်ဖြစ်ပွားသည့် Covid-19 သည် နိုင်ငံပေါင်း ၁၅၆ နိုင်ငံကျော် ကူးစက်ခံရသူ (၂၄၃၇၆၇) ဦးရှိပြီး သေဆုံးသူဦးရေ (10333) ရှိကြောင်း South China Morning Post သတင်းဖော်ပြချက် အရ သိရသည်။

မြန်မာနိုင်ငံနှင့် နီးစပ်သည့် ထိုင်းနိုင်ငံတွင် Covid-19 ကူးစက်ခံရသူ (၃၂၂) ဦးရှိခဲ့ပြီး သေဆုံးသူ ၁ဦး ရှိကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေး ဌာန ထုတ်ပြန်ချက် အရ သိရသည်၊

မြန်မာနိုင်ငံ နယ်စပ် စစ်ဆင်ရေး ဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက် ခွင့် ကို မတ် ၁၉ ရက်နေတွင် ယာယီပိတ်လိုက်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ကြောညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

0
သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့်...

ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံများ တောင်ယာမသွားရန် SSPP သတိပေး

0
သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို တောင်ယာ မသွားကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သတိပေးထားကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့သည် ဇူလိုင် လလယ်မှ စတင်ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး ပြည်သူများကို...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ကျေးသီးမြို့နယ် စစ်ကောင်စီအဖွဲ့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက SSPP ဌာနချုပ်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများကို ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်)မှ စတင်ပြီး ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက် သည် ရပ်ကျေးစာရေးများမှတဆင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...