ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊ လူငယ်များသယ်ဆောင်ရန်တားမြစ်လာကြသည်။ 

ထို့နောက် ကားသမားများသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း အရွယ်ဖြစ်သည့် အသက် ၁၈နှစ်နှင့်အသက် ၄၅နှစ်အရွယ် ခရီးသည်များ သယ်ဆောင်ရန် ခက်ခဲလာကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အရင်လို လူငယ်တွေကို သိပ်လည်းမတင်ရဲဘူး။အသက်ကြီးပိုင်းတွေကိုပဲ အဓိကတင်တာပေါ့။ ထောက်ခံ စာအပြည့် ပါမှပေါ့။တချို့ရက်တွေဆိုလူတစ်ယောက်နဲ့ ကုန်တွေပဲတင်ရတဲ့ရက်တွေလည်းရှိတယ်။တချို့ ဂိတ်တွေကလည်း ထိုင်းသွားမှာဆိုတော့ သွားမဲ့နေရာတွေ စစ်တယ်သေချာမေးတယ်။အလုပ်ကတော့ အရင်လို့ မမြတ်တော့ဘူး။”ဟု အသက် ၄၀ ဝန်းကျင်ကားသမားတစ်ဦးက ပြောသည်။

ထိုအပြင် လမ်းခရီးအခြေအနေများ စစ်ဆေးတင်းကြပ်မှု နှင့် ခရီးသည်နည်းပါးလာမှုကြောင့် ကားရပ်နား ရခြင်းမျိုး များလည်းရှိလာကာ ဝင်ငွေနည်းပါးလာသဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်လာကြောင်း ကားသမားလည်း များလာကြောင်း သိရသည်။

“တချို့တွေကတော့ လမ်းခရီးအခြေနေတွေကြောင့် နားသွားတာတွေအများကြီး။ဂိတ်တိုင်း လိုလိုပါပဲ။ တချို့လည်း စိတ်ကုန်တာရယ်၊စကားပြောဖို့ အဆင်မပြေတာရယ်တွေပေါ့။ကျနော်တို့ ဂိတ်ကလည်း  ၄၊၅ စီးလောက်ရှိနေပြီ။”ဟု ၎င်းကဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ သို့သွားသော လမ်းမကြောတွင် ရပ်ကွက်၊ကျေးရွာ ထောက်ခံစာများ၊ နိုင်ငံသား မှတ်ပုံတင်များ အိမ်ထောင်စုစာရင်းများကို ယခင်ထပ်စစ်မှုများတင်းကြပ်ကာ အသက် ၁၈ နှစ်အောက် ကလေးများကို လည်း မိဘ မပါရင် သွားလာခွင့်မပြုကြောင်းသိရသည်။

ထို့အပြင် အသက်  ၁၈ အထက်လူငယ်များကိုလည်း ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ရေး အဖက်ဖက်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံး တော့မည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၃၅နှစ် မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးများ ဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၂၇နှစ်မပြည့်ခင်အထိ သတ်မှတ်ထားသည်။ ထို့အပြင် အတတ်ပညာ အသက်မွေး ဝမ်းကျောင်း ပြုသည့် ကျွမ်းကျင်သူများဖြစ်ပါကအမျိုးသား အသက် ၁၈နှစ် မှ ၄၅နှစ် အမျိုးသမီး အသက် ၁၈နှစ်မှ ၃၅နှစ်ထိသတ်မှတ်ထားသည်။

ထိုစစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများသည် နီးစပ်ရာ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...