Thursday, April 25, 2024

ထိုင်းနယ်စပ်

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ဆန်ရောင်းရငွေ ၆၅ % ကို ဗဟိုဘဏ် နှင့် လဲရမည့် ဥပဒေကြောင့် ဆန်ကုန်သည်တွေ အခက်တွေ့နေရ

သျှမ်းပြည်ရှိ မြန်မာ - တရုတ် ၊ မြန်မာ - ထိုင်း နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တဆင့် တဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက် ပစ္စည်းများ တင်ပို့မှုမှ ရရှိလာသည့် ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဈေး...

ထိုင်း – မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုအဖွဲ့နှင့်ထိုင်းလုံခြုံရေး တပ် ပစ်ခတ်မှုဖြစ်ပွား ၁၅ ဦးသေဆုံး

ထိုင်း - မြန်မာ နယ်စပ် ချင်းမိုင်ခရိုင် ဖှန်မြို့နယ် (သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲနှင့်မျက်နှာချင်းဆိုင်) က ထိုင်းနယ်စပ် လုံခြုံရေးတပ် မွမ့်ပင်အုပ်စုဂိတ် (၁၂) တွင် စောင့်ကြပ်စစ်ဆေးနေစဉ် ယနေ့ ဒီဇင်ဘာ (၈) ရက် မနက်အစောပိုင်းက မူးယစ်မှောင်ခိုအဖွဲ့နှင့်ပစ်ခတ်မှုဖြစ်ပွါးရာ ၁၅ ဉီးထက်မနည်း...

အနံ့ဆိုးထွက်သည့် တာချီလိတ်မြို့မှ ကျောက်မီးသွေးသုံး ထုံးဖို ယာယီရပ်နားခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဝလုံးကျေးရွာ အုပ်စု လွယ်သထုံကျေးရွာ အနီးမှ အနံ့ဆိုးများထွက် သည့် ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံသည် ယာယီရပ်နားရန် ညွှန်ကြားခြင်း ခံရကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းအချိန်တွင် ထုံးဖိုတည်ရှိရာ လွယ်သထုံရွာသို့ မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများ၊...

ထိုင်းနယ်စပ်ရှိ RCSS/SSA တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ ပြော

မြန်မာ-ထိုင်းနယ်စပ် တွင် စခန်းချထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ မှ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကော်မတီထံ အသိပေးထားသည်သူ သိရသည်။ ထိုစာကို စစ်ကောင်စီ ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက်တွင် ကျိုင်းတုံ မှ...

သျှမ်း-ထိုင်းနယ်စပ် စစ်ရှောင်ထောင်ချီ မဲပေးပိုင်ခွင့်ဆုံးရှုံးနေဆဲ

သျှမ်းပြည်တောင်ပိုင်း မြန်မာ-ထိုင်းနယ်စပ်တွင် ခိုလှုံနေရသည့် စစ်ရှောင်သျှမ်းပြည်သူ ထောင်ချီ သည် ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးနေဆဲ ဟု စုံစမ်းသိရသည်။ မြန်မာ-ထိုင်း နယ်စပ်တွင် ခိုလှုံနေသည့်သူများသည် သျှမ်းပြည် လင်းခေး၊ မိုင်းဆတ်၊ တာချီလိတ်ခရိုင်အတွင်းနေထိုင်သည့် သူများဖြစ်ပြီး ထိုထောင်ချီ လူထုများသည် တကြိမ်တခါမျှ မဲပေးပိုင်ခွင့်မရသေးကြောင်း...

သျှမ်း ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်းများ လုံခြုံရေး ခြိမ်းခြောက်ခံနေရ

သျှမ်း - ထိုင်းနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည် ၆ ထောင်ကျော်၏ ဘဝလုံခြုံရေးခြိမ်းခြောက်ခံနေရကြောင်း သတင်းရရှိသည်။ သျှမ်း-ထိုင်းနယ်စပ် တလျှောက်ရှိ သျှမ်းဒုက္ခသည်စခန်း (၅) ခုအနီးသို့ မြန်မာအစိုးရတပ် နှင့် UWSA တပ်တို့ မှ လုံခြံုရေး တိုးမြှင့်ဝင်ရောက်လာနေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့် သျှမ်းပြည်နယ်ဒုက္ခသည်များ ဆိုင်ရာကော်မတီ...

Latest news