ထိုင်း – မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုအဖွဲ့နှင့်ထိုင်းလုံခြုံရေး တပ် ပစ်ခတ်မှုဖြစ်ပွား ၁၅ ဦးသေဆုံး

ထိုင်း – မြန်မာ နယ်စပ် ချင်းမိုင်ခရိုင် ဖှန်မြို့နယ် (သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲနှင့်မျက်နှာချင်းဆိုင်) က ထိုင်းနယ်စပ် လုံခြုံရေးတပ် မွမ့်ပင်အုပ်စုဂိတ် (၁၂) တွင် စောင့်ကြပ်စစ်ဆေးနေစဉ် ယနေ့ ဒီဇင်ဘာ (၈) ရက် မနက်အစောပိုင်းက မူးယစ်မှောင်ခိုအဖွဲ့နှင့်ပစ်ခတ်မှုဖြစ်ပွါးရာ ၁၅ ဉီးထက်မနည်း သေဆုံးခဲ့ကြောင်း ထိုင်းလုံခြုံရေးတပ်က ထုတ်ပြန်ထားသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့

အဆိုပါ မူးယစ်မှောင်ခိုအဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းမှ တောလမ်းမှ ဖြတ်လျှောက်ဝင်ရောက်လာသည့် အမျိုးသား (၂၀) ဦးထက်မနည်းရှိ အဖွဲ့ဖြစ်ကြောင်း၊ ထိုင်းလုံခြုံရေးဘက်မှ တားဆီးစဉ် မရပ်ပေးသည့်အပြင် သေနတ်ပစ်ခတ်သဖြင့် ၁၀ မိနစ်ခန့်အကြာ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း ချင်းမိုင်နယူးစ် သတင်းကဖော်ပြထားသည်။

မူးယစ်မှောင်ခိုပစ္စည်း

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုင်းလုံခြုံရေး တပ်ဖွဲ့က သွားရောက် စစ်ဆေးရာ အဆိုပါ အဖွဲ့မှ (၁၅) ဦး၏အလောင်းများတွေ့ရပြီး ၄င်းတို့နှင့်အတူ အိုက်စ်မူးယစ်ဆေး၊ လက်နက်ကြီး လက်နက်ငယ်များထည့်ထားသည့် ကျောပိုးအိတ် ၂၉ လုံးနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိကြောင်း၊ လွှတ်မြောက်နေသူများရှိနေသည်ဟု ယုံကြည်သဖြင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့က အင်အားဖြည့်တင်းကာ တောနင်းလိုက်ရှာမှုပြုနေကြောင်း Chiang Mai News သတင်းဌာနက ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းယောင်းဒေသခံများ ထိုင်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ်ရရန် တာချီလိတ်ဘက် အိမ်ထောင်စုပြောင်းရွှေ့ရမည်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဒေသခံများ ထိုင်းနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ရရှိရန် တာချီလိတ်မြို့နယ်သို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း သတင်းသိရသည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ခမ်းမှ မိုင်းယောင်းဒေသခံများကို ထိုင်းနယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဆောင်ရွက်ပေးရန် ရှိမရှိ ကြယ်ပွင့်မပြ မေးခွန်းကို...

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

0
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...

ချင်းမိုင်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းခွဲနီးပါးရှိ၊ ထိုင်းမြောက်ပိုင်းတွင် အများဆုံးခရိုင်ဖြစ်

0
ချင်းမိုင်ခရိုင်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသော ခရိုင်တစ်ခု ဖြစ်လာကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ လက်ရှိ ချင်းမိုင်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိထားသူ ၄၃,၅၇၄ ဦးရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံသား ၄၃,၀၁၁ ဦးရှိကြောင်း ယမန်နေ့ သြဂုတ်...

ချင်းမိုင်ခရိုင် မြို့နယ် ၁၄ ခုတွင် မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်ထုတ်ပြန်

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။ မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ...

ချင်းမိုင်ခရိုင်အတွင်း ရေကြီးရေလျှံမှု ကြုံနေရ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းတောင်းမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၁၅ ရက်) မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ချင်းမိုင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်သည်။ အဆိုပါ ချင်းတောင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ပင်းချောင်း ရေလျှံပြီး လယ်ယာများ၊ လူနေအိမ်များထဲသို့ ရေဝင်ရောက်မှု...