ချင်းမိုင်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းခွဲနီးပါးရှိ၊ ထိုင်းမြောက်ပိုင်းတွင် အများဆုံးခရိုင်ဖြစ်

ချင်းမိုင်ခရိုင်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသော ခရိုင်တစ်ခု ဖြစ်လာကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။

လက်ရှိ ချင်းမိုင်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိထားသူ ၄၃,၅၇၄ ဦးရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံသား ၄၃,၀၁၁ ဦးရှိကြောင်း ယမန်နေ့ သြဂုတ် ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ချင်းမိုင်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု Chiang Mai News က ဖော်ပြသည်။

ထို့ပြင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လျှောက်ထားဆဲဖြစ်သော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ၉၃,၃၀၅ ဦးရှိနေပြီး ၎င်းတို့ကို ဇူလိုင် ၈ ရက်နေ့က ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ယာယီဆက်လက် နေထိုင်ခွင့်ပြုထားကြောင်း ဆိုသည်။

ထိုသူများအားလုံးသည် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိပါက ချင်းမိုင်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၃၆,၃၁၆ ဦးအထိ မြင့်တက်လာမည် ဖြစ်သည်။

အခြားတစ်ဘက်တွင်လည်း ထိုင်းအာဏာပိုင်များသည် တရားမဝင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများ၊ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသည့် အလုပ်ရှင်များကို စစ်ဆေးအရေးယူမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိနေသည်။

ထိုကြောင့် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့်လည်း သတိထား နေထိုင်ကြရန်၊ အထူးသဖြင့် မိမိနေထိုင်သော တိုက်ခန်း၊ အိမ်ခန်းများတွင် ဆူဆူညံညံ မလုပ်ကြရန်နှင့် လက်ရှိ အလုပ်လုပ်နေသော နေရာတွင် သူဌေး နာမည်မတူပါက သူဌေးနာမည် ပြောင်းထားကြရန် အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက တိုက်တွန်းသည်။

“အဓိက ကိုယ်ငှားနေတဲ့ တိုက်ခန်း၊ အိမ်ခန်းတွေမှာ အသံဆူဆူညံညံ မလုပ်ဖို့လိုတယ်၊ မဟုတ်ရင် အိမ်ရှင်က ရဲကို အကြောင်းကြားနိုင်တယ်။ ပြီးတော့ လက်မှတ်ရှိတဲ့ သူတွေလည်း အလုပ်လုပ်တဲ့ နေရာမှာ သူဌေးနာမည်မတူရင် ပြောင်းထားဖို့ လိုပါတယ်။ ပြီးတော့ ကိုယ်နေတဲ့နေရာမှာ ဧည့်စာရင်းတိုင်ဖို့ လိုတယ်” ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး ကျားဖြန့်တိုက်ဖျက်ရေး စီမံချက်အရ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးစစ်ဆေး အရေးယူမှုများနှင့် ထိုင်းနိုင်ငံရေး အကြပ်အတည်းများကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမှု များနေကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံတဝှမ်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity – CI ) စာအုပ်ကို စမွတ်ဆာခွန်း၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်ခရိုင်တို့တွင် စခန်း ၄ ခုဖွင့်လှစ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၆ ရက်နေ့မှစ၍ CI စာအုပ်သက်တမ်း ခြောက်လအောက် ကျန်နေသူများ၊ သက်တမ်း ကုန်ဆုံးနေသူများကို အသစ်လှဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ (TR-38) လုပ်ငန်းစဉ်နှင့်အတူ CI စာအုပ်အသစ်များ ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးမည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား စုစုပေါင်း ၂ သန်း ၃ သိန်း ကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

မြန်မာ့သတ္တုတွင်းကြောင့် မြစ်ရေညစ်ညမ်းမှု ထိုင်းပြည်သူ့ပါတီ တရုတ်သံရုံးနှင့် ဆွေးနွေး

0
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများ ညစ်ညမ်းမှုသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်မှုရှိကြောင်း ခိုင်လုံသည့်အထောက်အထားများ တွေ့ရှိရသဖြင့်၊ အစိုးရအနေဖြင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် ဦးဆောင်ဖြေရှင်းပေးရန် အတိုက်အခံ ပြည်သူ့ပါတီ (People's Party) က တိုက်တွန်းကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်တွင် ပြည်သူ့ပါတီခေါင်းဆောင် နတ်သဖွန် (Natthaphong...

ချင်းမိုင်ခရိုင် မြို့နယ် ၁၄ ခုတွင် မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်ထုတ်ပြန်

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။ မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ...

ချင်းမိုင်ခရိုင်အတွင်း ရေကြီးရေလျှံမှု ကြုံနေရ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းတောင်းမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၁၅ ရက်) မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ချင်းမိုင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်သည်။ အဆိုပါ ချင်းတောင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ပင်းချောင်း ရေလျှံပြီး လယ်ယာများ၊ လူနေအိမ်များထဲသို့ ရေဝင်ရောက်မှု...