ဆန်ရောင်းရငွေ ၆၅ % ကို ဗဟိုဘဏ် နှင့် လဲရမည့် ဥပဒေကြောင့် ဆန်ကုန်သည်တွေ အခက်တွေ့နေရ

သျှမ်းပြည်ရှိ မြန်မာ – တရုတ် ၊ မြန်မာ – ထိုင်း နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တဆင့် တဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက် ပစ္စည်းများ တင်ပို့မှုမှ ရရှိလာသည့် ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဈေး နှင့် လဲလှယ်ရမည်ဟု စစ်ကောင်စီဘက်မှ ထုတ်ပြန်လာသည့်အတွက် ဆန်ကုန်သည်များက အခက် တွေ့နေကြောင်း သတင်းသိရသည်။

မြန်မာ – တရုတ်နယ်စပ်

မတ်လ ၁ ရက်နေ့မှ စတင်ပြီး ဆန် နှင့် ဆန်ရောင်းရငွေများ၏ ၆၅ % ကို ဗဟိုဘဏ်နှင့် လဲလှယ်ရမည်ဟူသည့် စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာစာကို ဖေဖော်ဝါရီ (၂၃) ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခြင်း နှင့် ပတ်သက်ပြီး နယ်စပ် ဆန်ကုန်သည်များ အနေဖြင့် ဆန်တစ်အိတ်ကို မြန်မာ ငွေကျပ် တစ်သောင်းကျော် ဆုံးရှုံးနေရကြောင်း မြန်မာ – တရုတ် နယ်စပ် ဆန်ကုန်သည် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဟာကို ၆၅ – ၃၅ ဆိုပြီးတော့ ကျနော်တို့က အလွယ်မှတ်ထားတယ်၊ သူက ဆန်နဲ့ ဆန်ထွက်ပစ္စည်း တင်ပို့ ရောင်းရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ဈေးနဲ့ လဲလှယ်ရမယ်၊ ဒါပေမဲ့ ၃၅ ရာခိုင်နှုန်း ကိုတော့ ပြင်ပဈေးနဲ့ လဲလို့ရတယ်၊ ဒါတွေကြောင့် ဆန်တစ်အိတ်ကို ကျပ် ၁၁,၈၀၀ ကျပ်လောက် ရှုံးနေရတယ်” ဟု ဆန်ကုန်သည်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့၏ ထိန်းချုပ်မှုကြောင့် ပြည်တွင်းဆန်ဈေးနှုန်း အနည်းငယ် ကျဆင်းလာသော်လည်း ဆန်ထွက် ရာသီ မဟုတ်ချိန် ဆန်ဈေးကျခြင်းသည် ပုံမှန်အနေအထား မဟုတ်သည့်အတွက် ကုန်သည်များက အရှုံးပေါ် နေကြောင်းဆန်ကုန်များက ပြောဆိုဝေဖန် နေကြသည်။

“လက်ရှိအချိန်မှာ ပြည်တွင်း ဆန်ဈေးက ကျလာပေမယ့် ဆန်ကုန်သည်တွေက အဝယ်မလိုက်တော့ဘူး၊ အခု ဈေး အရဆိုရင် ဘယ်လိုနေနေ ရှုံးမယ်ဆိုတော့လေ ၊ တရုတ်ဘက်ကို ဈေးတင်ပြီးရောင်းနိုင်ပေမဲ့လည်း မသေချာ တော့ အဝယ်ကိုရပ်ထားရတယ်” ဟု အထက်ပါ ဆန်ကုန်သည်က ဆက်ဆိုသည်။

ယခင် နယ်စပ်ကုန်သွယ်ရေး၌ လယ်ယာထွက်ကုန်များ ဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာနှင့် ရေထွက် ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေများကိုသာ သတ်မှတ်ဈေး ၆၅ ရာခိုင်နှုန်း လဲလှယ်ရန် သတ်မှတ်ထားရာမှ ယခုအခါ ဆန် နှင့် ဆန် ကွဲကိုပါ ထည့်သွင်းလာခြင်း ဖြစ်သည်။

ကုန်သည်များ အနေဖြင့် ငွေလဲသည်ဖြစ်စေ မလဲသည်ဖြစ်စေ ဘဏ်အကောင့်ထဲတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ သို့မဟုတ် ယွမ် ငွေဝင်လာသည်နှင့် စစ်ကောင်စီ၏ ဗဟိုဘဏ်က ၆၅ ရာခိုင်နှုန်းကို ဖြတ်ယူထားမည်ဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကို တလအတွင်း ကုန်သည်ကြိုက်ဈေး နှင့် လဲလှယ်နိုင်ကြောင်း ကန့်သတ်ထားသည်။

ယခင် နယ်စပ်ကုန်သွယ်ရေး၌ လယ်ယာထွက်ကုန်များ ဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာနှင့် ရေထွက် ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေများကိုသာ သတ်မှတ်ဈေး ၆၅ ရာခိုင်နှုန်း လဲလှယ်ရန် သတ်မှတ်ထားရာမှ ယခုအခါ ဆန် နှင့် ဆန် ကွဲကိုပါ ထည့်သွင်းလာခြင်း ဖြစ်သည်။

ဗဟိုဘဏ် သတ်မှတ်စျေးမှာ တဒေါ်လာလျှင် ငွေကျပ် ၂,၁၀၀ ဖြစ်ပြီး ပြင်ပ ကျပ်နှင့် ဒေါ်လာဈေး လဲလှယ်မှုများက ၂,၉၀၀ နီးပါး ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...