သျှမ်း-ထိုင်းနယ်စပ် စစ်ရှောင်ထောင်ချီ မဲပေးပိုင်ခွင့်ဆုံးရှုံးနေဆဲ

သျှမ်းပြည်တောင်ပိုင်း မြန်မာ-ထိုင်းနယ်စပ်တွင် ခိုလှုံနေရသည့် စစ်ရှောင်သျှမ်းပြည်သူ ထောင်ချီ သည် ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးနေဆဲ ဟု စုံစမ်းသိရသည်။

မြန်မာ-ထိုင်း နယ်စပ်တွင် ခိုလှုံနေသည့်သူများသည် သျှမ်းပြည် လင်းခေး၊ မိုင်းဆတ်၊ တာချီလိတ်ခရိုင်အတွင်းနေထိုင်သည့် သူများဖြစ်ပြီး ထိုထောင်ချီ လူထုများသည် တကြိမ်တခါမျှ မဲပေးပိုင်ခွင့်မရသေးကြောင်း နယ်စပ်တွင် နေထို်င်သည့်သူများက ပြောဆိုသည်။

ထိုင်းနယ်စပ်တွင် ခိုလှုံနေရသည့် သူများသည် ၁၉၉၆-၉၇ ခုနှစ်၊ ၂၀၀၁ ခုနစ် နှင့်၂၀၀၅ ခုနှစ်များ တွင် သျှမ်းပြည်အတွင်း ပြည်တွင်းစစ်ပဋိပက္ခကြောင့် တိမ်းရှောင်လာသည့် သူများဖြစ်သည်။

လက်ရှိမှာ ထိုင်းနယ်စပ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA )ထိန်းချုပ်နယ်မြေများဖြစ်သည့် တာချီလိတ်ခရိုင်အတွင်းရှိ လွိုင်ကော်ဝမ်း ၊ မိုင်းဆတ်ခရိုင်အတွင်း ရှိ လွိုင်လမ် ၊ လွိုင်ဆန်စု(လွိုင်ဆာမ်ဆစ်)၊ လင်းခေးခရိုင်အတွင်းရှိ လွိုင်တိုင်းလျန်း ၊ ကောင်းမုံမိန်း တို့တွင်ခိုလှုံနေထိုင်နေသည့် သျှမ်း စစ်ဘေးဒုက္ခသည်များ စုစုပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။

၎င်း-သျှမ်းစစ်ဘေးရှောင်များကို ကူညီမှုပေးနေသည့် SSRC – TB စစ်ရှောင်ကူညီရေးကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ နန်းငင်းဟွမ်က “ ကျမတို့ ကူညီပေးနေတဲ့ စစ်ဘေးရှောင်လူထု ၆၀၀၀ ကျော်မှာ တော်တော်များများက မှတ်ပုံတင်မရှိကြဘူး။ မှတ်ပုံတင်ရှိသူအနည်းစုကလည်း အရင်ကကျင်းပတဲ့ရွေးကာက်ပွဲတွေတုန်းက တကြိမ်တခါမှ မဲပေးခွင့်မရခဲ့ကြဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်များတွင် မြန်မာနိုင်ငံအစိုးရမှထုတ်ပေးသည့် နိုင်ငံသားစီစစ်ရေးကတ် (မှတ်ပုံတင်)၊ အိမ်ထောင်စုစာရင်းများ မရှိသဖြင့် မဲပေးပိုင်ခွင့်လည်းမရရှိခဲ့ကြကြောင်း နန်းငင်းဟွမ် က ပြောသည်။

Photo Credit to SSRC-  လွိုင်ကော်၀မ်းရှိစစ်ဘေးရှောင်များ

ထိုအတွက် မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ ၊ ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ကြပြီး၊ ယခုနှစ်နှောင်းပိုင်းကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြေငြာသော မဲပေးခွင့်ရှိသူများစာရင်းတွင် ၄င်းတို့အမည်စာရင်း မပါရှိကြပေ။

လက်ရှိ လွိုင်ကော်ဝမ်း စစ်ရှောင်စခန်းတွင် လူဉီးရေ ၂၅၅၉ ဉီး၊ လွိုင်တိုင်းလျန်းတွင် ၂၃၈၁ ဉီး၊ လွိုင်ဆာမ်ဆစ်တွင် ၃၉၀ ၊ လွိုင်လမ်စခန်းတွင် ၂၅၃ ၊ ကောင်းမုံမိန်းစခန်းတွင် ၂၂၁ ဉီး၊ ကုံးကျော်စခန်းတွင် ၃၀၃ ဉီး နေရပ်မပြန်နိုင်သေးကြကြောင်း SSRC-TB စာရင်းအရသိရသည်။

လွိုင်ကော်ဝမ်း စစ်ရှောင်စခန်းမှ အုပ်ချုပ်ရေးမှူးက “ ကျနော်တို့ဆီမှာ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရှိတယ်။ မှတ်ပုံတင်ရှိသူ ၁၀၀ ကျော်ဘဲရှိတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ စစ်ဘေးရှောင်လူထု ၆၀၀၀ ကျော်သည် နိုင်ငံသားအခွင့်အရေးများဆုံးရှုံးနေရသည့်အပြင် နေထိုင်စားသောက်မှုလည်း အခက်အခဲများကြုံတွေ့နေကြောင်းလည်း စစ်ရှောင်ကူညီသူများက ပြောဆိုလိုက်သည်။

နယ်စပ် စစ်ရှောင်စခန်းတွင်နေထိုင်သည့် သူများသည် အသက်ပြည့်ပြီဖြစ်သော သားသမီး မြေးမြစ်များမှာ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းဘက်ခြမ်းသို့ နေ့စားအလုပ်သမားအဖြစ်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရသော်လည်း လက်ရှိတွင်ကိုဗစ်ကြောင့် နယ်စပ်ဂိတ်များပိတ်ကာ အလုပ်သွားမလုပ်နိုင်သေးသည့်အတွက် အခက်အခဲစိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

ဆက်လက်ပြီး RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက “ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ထိန်းချုပ်နယ်မြေထဲက လူထု မဲပေးခွင့်အများကြီးဆုံးရှုံးခဲ့တယ်။ သူတို့မှာ မှတ်ပုံတင်တွေမရှိကြလို့လေ။ နောက်ပြီး အဲ့တုန်းက ထိုင်းဘက်ခြမ်းကိုသွားပြီးအလုပ်လုပ်နေသူတွေလည်း အရမ်းများတယ်လေ ” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

သျှမ်းပြည်အတွင်းရှိလူဉီးရေသည် အစိုးရထုတ်ပြန်သော သန်းခေါင်စာရင်းအရ (၅.၈) သန်းရှိပြီး မဲပေးပိုင်ခွင့်ရှိသူမှာ ၃ သန်းကျော်ရှိကြောင်း သိရသည်။

သို့သော်ယခင်ရွေးကောက်ပွဲတုန်းက စာရင်းများအရ မဲမပေးခဲ့ရသူအများဆုံးပြည်နယ်တခုဖြစ်ခဲ့ပြီး၊ ပေးသည့်မဲများတွင်လည်း ပယ်မဲ အများဆုံးရှိသော ပြည်နယ်တခုဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ချက်အရသိရပါသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...