Saturday, April 27, 2024

မိုင်းဆတ်

မိုင်းဆတ်မြို့ မူးယစ်သုံးသူတစ်ဦး အရပ်သားကို ကိုယ်ထိလက်ရောက်ကျူးလွန်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ မူးယစ်ဆေးဝါး သုံးစွဲသူများသည် အရပ်သား ပြည်သူများကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုအထိ သောင်းကျန်းမှု ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်တွင် မိုင်းဆတ်မြို့ ကမ္မဌာန်းကျောင်းတိုက်အတွင်းသို့ ပစ္စည်းဝင်ခိုးသည့် ယာမဆေးစွဲသူ အမျိုးသားတစ်ဦးသည် ကျောင်းဒကာ အရပ်သား တစ်ဦးကို ဓားဖြင့်ထိုးရန် ကြိုးစားသည့်...

မိုင်းဆတ်မြို့ အသက် ၆၀ရှိ အမျိုးသမီးတစ်ဦး ရိုက်ခံရပြီး ပိုက်ဆံအိတ်လုခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အသက် ၆၀အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ယနေ့ (စက်တင်ဘာ ၃)ရက် မနက် ၄နာရီဝန်းကျင်၌ တုတ်ဖြင့်ရိုက်ခံရပြီး ပိုက်ဆံအိတ်ပါ လုယက်ခံရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ မနက် (၄)နာရီဝန်းကျင်တွင် အသက် (၆၀) အရွယ်ရှိ အမျိုးသမီးသည် မိုင်းဆတ်မြို့ရှိ စျေးသို့...

မိုင်းဆတ် တင်သွင်း ကုန်ပစ္စည်းများ စစ်ကောင်စီမှ အခွန် (၅)ဆထိ တိုးကောက်လာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အဝင် ဆိုင်းခေါင်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန် ဝန်ထမ်းများမှ ကုန်သည်များထံ အခွန် (၅)ဆထိ တိုးကောက်လာကြောင်း ဒေသခံကုန်သည်များ ပြောပြချက်အရ သိရသည်။ မိုင်းဆတ်မြို့သို့ တင်သွင်းနေသည့် ကုန်များသည် တာချီလိတ်၊ ကျိုင်းတုံမှ လာသည့် ကုန်များဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် အရပ်သားအစိုးရ (NLD)လက်ထက်တွင် တာချီလိတ်မှလာသည့်...

မိုင်းဆတ် “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မဲဆွယ်စည်းရုံးရေး ခက်ခဲ နိုင်ငံရေးပါတီများပြော

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ “ဝ” တပ်ဖွဲ့များထိန်းချုပ်လှုပ်ရှားသည့်နယ်မြေ အတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး သွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ မိုင်းဆတ်မြို့နယ် အတွင်းရှိ “ ဝ” တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများမှာ ဝမ်ဟုံ၊ ဆီဟုတ်၊ မိုင်းယွန်း၊ တာကူး စသည့် နေရာများဖြစ်ပြီး၊ ထိုနေရာများအတွင်းသို့...

မိုင်းတုံ၊မိုင်းဆတ် ကိုဗစ်လူနာရှိသဖြင့် မဲဆွယ်စည်းရုံးမှုရပ်နားထား

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၃)ဦးရှိသဖြင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ခွင့်ရပ်နားထားရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၁၂ရက်မှ အောက်တိုဘာ ၁၄ ရက်ထိ သံလွယ်အရှေ့ခြမ်း မိုင်းတုံမြို့ တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ကားသမား ၁ ဉီး ကျန်းမာရေး၀န်ထမ်း...

သျှမ်း-ထိုင်းနယ်စပ် စစ်ရှောင်ထောင်ချီ မဲပေးပိုင်ခွင့်ဆုံးရှုံးနေဆဲ

သျှမ်းပြည်တောင်ပိုင်း မြန်မာ-ထိုင်းနယ်စပ်တွင် ခိုလှုံနေရသည့် စစ်ရှောင်သျှမ်းပြည်သူ ထောင်ချီ သည် ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးနေဆဲ ဟု စုံစမ်းသိရသည်။ မြန်မာ-ထိုင်း နယ်စပ်တွင် ခိုလှုံနေသည့်သူများသည် သျှမ်းပြည် လင်းခေး၊ မိုင်းဆတ်၊ တာချီလိတ်ခရိုင်အတွင်းနေထိုင်သည့် သူများဖြစ်ပြီး ထိုထောင်ချီ လူထုများသည် တကြိမ်တခါမျှ မဲပေးပိုင်ခွင့်မရသေးကြောင်း...

မိုင်းဆတ်-တာချီလိတ်ကြား ဂိတ်တခုမှ ပိုက်ဆံကောက်ခံမှုရုပ်သိမ်းသဖြင့်ကားမားများကျေနပ်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်နှင့် တာချီလိတ်ကားလမ်းတွင် နှစ်ရှည်လများထောင်ထားသော ဂိတ်တခုမှ ဂိတ်ဖြတ်သန်းခ ကောက်ခံမှုရုပ်သိမ်းလိုက်ပြီဖြစ်ဖြင့် ကားသမားများ ကျေနပ်နေကြကြောင်း သိရသည်။ ဖြတ်သန်းသွားလာသော ကားနှင့်ဆိုင်ကယ်များထံမှ နှစ်ရှည်လများ ငွေကြေးကောက်ခံလာသော မိုင်းကန်းရွာရှိ အဆိုပါဂိတ်ကို မေလ ၁ ရက်နေ့မှစပြီး ငွေကြေးကောက်ခံမှုရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ မိုင်းဆတ်-တာချီလိတ်ကားသမား စိုင်းလုံက - အမှတ် ၁၇၁ စစ်ဒေသလက်အောက်ခံတပ်ကနေ...

မိုင်းဆတ်ခရိုင်အတွင်း ခိုးဝင်သည့် ထိုင်းနိုင်ငံသား ၈၀ ကျော်ကို မြန်မာအာဏာပိုင်ဖမ်းဆီး

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း တရားမဝင်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား ၈၁ ဦး နှင့်အတူ သျှမ်းအမျိုးသား ၂ ဦးတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရ မိခဲ့ကြောင်းသိ ရသည်။ ထိုင်းနိုင်ငံ ချင်းမိုင်နယူးစ် သတင်းဌာနက - မိုင်းဆတ်မြို့နယ် နားယောင်းရွာက ရီဆော့တနေရာမှာ မြန်မာရဲ တွေ ၀င်ရောက်စစ်ဆေးတဲ့အခါမှာ...

မိုင်းတုံမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားမှုကို အစိုးရတပ်မတော် ကြပ်မတ်စစ်ဆေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အား ဒေသအတွင်း အခြေစိုက် လှုပ်ရှားသည့် အစိုးရတပ်မတော် စစ်ကြောင်းများက လိုက်လံစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရှိရသည်။ ၂၀၁၈ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၆...

မိုင်းဆတ်မြို့တွင် တောင်မြေပြိုကျမှုကြောင့် လမ်းအလုပ်သမား ၃ ဦး မြေပိသေဆုံး  

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်မြေပြိုကျရာ လမ်းဆောက်လုပ်ရေးအလုပ်သမား ၃ ဦး မြေပိမိသေဆုံးကြောင်းသိရသည်။ ဇူလိုင်လ ၂၇ ရက်နေ့က မိုင်းဆတ်နှင့် မိုင်းကုတ်မြို့အကြား ၀မ့်လွယ်ဆောဝ်ရွာအနီးတွင် ၃ နေရာမြေပြိုကျရာ လမ်းဆောက်လုပ်ရေးအလုပ်သမားများနေထိုင်သည့်တဲများပေါ်သို့ လည်း မြေပြိုကျပိမိသဖြင့် သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။ “အလုပ်သမားနားနေတဲ့နေရာမှာပြိုကျတယ်။ ၃ ယောက် ပိမိသေဆုံးတယ်။ သူတို့အလောင်းတွေကို...

Latest news