မိုင်းဆတ်တွင် တောင်ကျချောင်းရေကြောင့် နမ့်ကျန်းတံတား ယာယီပိတ်ထား

သျှမ်းပြည်အရှေ့ပိုင်း၊မိုင်းဆတ်မြို့ တွင် တောင်ကျချောင်းရေကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် နမ့်ကျန်တံတား ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၅) ရက်ညတွင် မိုင်းဆတ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများကြောင့် နမ့်ကျန်းတံတား ချင်းကပ်လမ်းပျက်စီးသွားခဲ့ပြီး သွားလာမှု ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ညက မိုးတစ်ညလုံးရွာလို့ ဒီမနက်ရေတက်လာတာ။တံတားချင်းကပ် ပြိုသွားလို့ အသွားအလာတော့ ခဏပိတ်ထားတယ်။ လူထိခိုက်မှုတော့မရှိဘူး။ ရေတော့ကျနေပြီ။ဓာတ်တိုင်တစ်ချောင်းတော့ လှဲသွားတယ်။ အဲ့လမ်းအပြင် အခြားလမ်းမရှိဘူး လူပဲ သွားလို့ရတယ်ခုက။ ကားဆိုင်ကယ် ဖြတ်မရဘူး။” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းဆတ်တွင် တောင်ကျချောင်းရေကြောင့် နမ့်ကျန်းတံတား ယာယီပိတ်ထား

ထို့အပြင် မိုင်းဆတ်မြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် တောင်ကျရေ အနည်းငယ်ဝင်ရောက်နေပြီး ယခင်နှစ်များကလည်း တောင်ကျချောင်းရေကြောင့် တံတားယာယီရပ်ဆိုင်းထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် စက်တင်ဘာလတွင်လည်း ရေကြီးရေလျှံမှုကြောင့် မိုင်းဆတ်တံတား ယာယီရပ်ဆိုင်းခဲ့ရကာ ၂၀၂၄ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် ရေကြီးမှု အဆိုးဆုံးဖြစ်ကြောင်း မြို့ခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုင်းဆတ်-မိုင်းတုံသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မနက် ၈ နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် ISUZU...

မိုင်းဆတ်မြို့ နမ့်ခုတ်မြစ်ပေါ် ရွှေတူးဖော်မှုကို ထိုင်းဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ နမ့်ခုတ်မြစ်အပေါ်ဘက်တွင် ၂၄ နာရီမပြတ် ရွှေတူးဖော်မှုများကို ထိုင်းပြည်သူ (၇၀၀) ခန့် စုစည်းကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှ မယ်အိုင်မြို့နယ်...

မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) စတင်ကောက်ခံ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ စတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများလည်း အမျိုးသားများနှင့် တန်းတူစစ်မှုထမ်းရန် ဇန်နဝါရီလ မှ စပြီး စစ်မှုထမ်း အပတ်စဉ် (၁) အတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမျိုးသမီး စစ်မှုထမ်းစာရင်းများကို...