Tuesday, January 27, 2026

မိုင်းဆတ်မြို့ နမ့်ခုတ်မြစ်ပေါ် ရွှေတူးဖော်မှုကို ထိုင်းဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ နမ့်ခုတ်မြစ်အပေါ်ဘက်တွင် ၂၄ နာရီမပြတ် ရွှေတူးဖော်မှုများကို ထိုင်းပြည်သူ (၇၀၀) ခန့် စုစည်းကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှ မယ်အိုင်မြို့နယ် တာတွန်းကျေးရွာမှ ဒေသခံပြည်သူ (၇၀၀) ကျော်ခန့်သည် နမ့်ခုတ်မြစ်သို့ လမ်းလျှောက်ချီတက်ခဲ့သည်။ 

၎င်းတို့သည် သျှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တလျှောက် သတ္တုတူးဖော်မှုနှင့် သစ်တောခုတ်ထွင်မှုကြောင့် ဖြစ်ပေါ်လာသည့် ယမန်နှစ်က မကြုံစဖူး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်မှုများကဲ့သို့ နယ်စပ်ဖြတ်ကျော် အကျိုးသက်ရောက်မှုများကို ကန့်ကွက်သည့် ဆိုင်းဘုတ်များဖြင့် ဆန့်ကျင်ဆန္ဒပြခဲ့သည်။

“အဓိကတော့ နမ့်ခုတ်မြစ်ကို ဖျက်ဆီးပြီး သဘာဝတွင်းထွက်တွေ တူးဖော်နေတာကို ဆန္ဒပြ ကန့်ကွက်တာပါ။ သျှမ်းပြည်ဘက်ခြမ်း မြစ်ကြောင်းတလျှောက်မှာ ရွှေတူးနေတာက မြစ်ရေကို အဆိပ်အတောက် ဖြစ်စေတယ်၊ အဲ့ကနေ ထွက်လာတဲ့ နုန်းမြေတွေ နွံတွေကလည်း မိုးရာသီ ရေကြီးရေလျှံ ဖြစ်တဲ့အခါ သျှမ်းပြည်ဘက်ကော ထိုင်းဘက်ကော ပြည်သူနေအိမ်တွေကို နစ်မြှုပ်စေတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှန်က သျှမ်းသံတော်ဆင့်ကို သျှမ်းဘာသာဖြင့် ပြောဆိုသည်။

၂၀၂၃ ခုနှစ်မှ စတင်ကာ ‘ဝ’တပ်ဖွဲ့ (UWSA )ထိန်းချုပ်ထားသော မိုင်းဆတ်မြို့ တောင်ပိုင်းနှင့် မိုင်းယွန်းမြို့ရှိ နမ့်ခုတ်မြစ်ကမ်းတလျှောက်တွင် အကြီးစားရွှေတူးဖော်မှုများ ပြုလုပ်ခဲ့ပြီး ၎င်းစွန့်ပစ်ပစ္စည်းများ၏ သက်ရောက်မှုကြောင့် ၂၀၂၄ စက်တင်ဘာလ၌ နမ့်ခုတ်မြစ်ပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်စေခဲ့သည်ဟု SHRF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းဆတ် နမ့်ခုတ်မြစ်ပေါ် ရွှေတူးဖော်မှုကို ရပ်တန့်ပေးဖို့ ဆန္ဒပြနေပုံ

“နမ့်ခုတ်မြစ်တလျှောက် ရွှေတူးနေတာက တရုတ်ကုမ္ပဏီ လုပ်နေတာ၊ အလုပ်သမား ၃၀၀ ကျော်ရှိတာ အများစုက တရုတ်လူမျိုးတွေပဲ။ ‘ဝ’တပ် အားကိုးနဲ့ လုပ်နေကြတာ၊ အခု ရွှေတူးနေတဲ့ နေရာက UWSA ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ရှိတယ်”ဟု စိုင်းဟော်ရှန်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုင်းယွန်းမြို့ရှိ နမ့်ခုတ်မြစ်ပေါ် ရွှေတူးဖော်မှုများသည် လွန်ခဲ့သော လများတွင် ပိုမိုတိုးချဲ့လာခဲ့ပြီး ဒေသခံများ၏ အဆိုအရ ၂၄ နာရီမပြတ် တူးဖော်လည်ပတ်နေပြီး တရုတ်ကုမ္ပဏီ (၄) ခုမှ တရုတ်အများစု ပါဝင်သော အလုပ်သမား (၃၀၀) ခန့်ဖြင့် မြစ်ကမ်းဘေးတလျှောက် တောင်ကုန်းများနှင့် မြစ်အတွင်းတွင် ရွှေဖောင်များဖြင့် တူးဖော်နေကြသည်ဟု SHRF ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းဒေသခံ ဦးဆောင်သူများမှ ဖတ်ကြားသော ထုတ်ပြန်ကြေညာချက်တွင် မိုးခေါင်မှု၊ ရေကြီးမှု၊ တောမီးလောင်မှု၊ လေထုညစ်ညမ်းမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့သည် လူတိုင်း၏ ဘဝနေထိုင်မှုကို သက်ရောက်မှုရှိကာ လူလုပ် ကပ်ဘေးများ ဖြစ်ပြီး နမ့်ခုတ်မြစ်နှင့် အခြားမြစ်များကို ဖျက်ဆီးနေသည့် သစ်တောခုတ်ထွင်ခြင်း၊ ရည်ရွယ်ချက်ဖြင့် တောမီးရှို့ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ဆည်တည်ဆောက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

ထို့ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အပါအဝင် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးမှ ယခုသက်ရောက်မှုများအပေါ် အသိပညာ ရှိစေရန်နှင့် ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းနှင့် အနာဂတ်ကို ထိခိုက်စေသည့် သဘာဝ သယံဇာတ ဖျက်စီးမှုများကို ရန်တန့်နိုင်ရန် သတိပေးလိုကြောင်း ထပ်မံတောင်းဆိုသည်။

ယခုလှုပ်ရှားမှုသည် ပြည်သူလူထုအကြား သဘာဝကပ်ဘေးများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို အသိပညာပေးရန်၊ ထိုပြသနာများကို ဖြစ်ပေါ်စေသည့် အကြောင်းအရာ များကို အဓိကဦးတည်ရန်နှင့် ယခုဖြစ်စဉ်များကို တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးခြင်းသည် မိမိတို့ကိုသာမက အိမ်နီးချင်းနိုင်ငံများရှိ လူများကိုပါ ထိခိုက်စေနိုင်သည်ကို သိရှိစေရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

အလားတူ ယမန်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ ဦးဆောင်၍ ကွန်ဟိန်းမြို့နယ်၊ နမ့်ပန်ချောင်း၊ ကွန်အော် ရေတံခွန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ (၃၀၀) ဝန်းကျင် တက်ရောက်ပါဝင်ခဲ့ကြသည်။

ဓာတ်ပုံ – ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ၊ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုင်းဖြတ်မြို့နယ် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်း၊ လယ်ယာစိုက်ပျိုးရေးထိခိုက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။ မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း...

မိုင်းဆတ်-မိုင်းတုံသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မနက် ၈ နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် ISUZU...

မိုင်းဆတ်တွင် တောင်ကျချောင်းရေကြောင့် နမ့်ကျန်းတံတား ယာယီပိတ်ထား

0
သျှမ်းပြည်အရှေ့ပိုင်း၊မိုင်းဆတ်မြို့ တွင် တောင်ကျချောင်းရေကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် နမ့်ကျန်တံတား ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅) ရက်ညတွင် မိုင်းဆတ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများကြောင့် နမ့်ကျန်းတံတား ချင်းကပ်လမ်းပျက်စီးသွားခဲ့ပြီး သွားလာမှု ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ညက မိုးတစ်ညလုံးရွာလို့ ဒီမနက်ရေတက်လာတာ။တံတားချင်းကပ် ပြိုသွားလို့ အသွားအလာတော့ ခဏပိတ်ထားတယ်။...