မိုင်းဆတ်မြို့နယ် ထွေအုပ်စာရေး သတ်ခံရပြီး ၁လ ကျော်ကြာ ၎င်းအမျိုးသမီးနှင့် ကလေးနှစ်ဉီး ယနေ့ထိပျောက်ဆုံးနေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ထွေအုပ်စာရေး ဖြစ်သူ ဦးငွေစိုးသန်း သေဆုံးပြီး တစ်လကျော်အကြား ၎င်း အမျိုးသမီး နှင့် ကလေးနှစ်ဉီးသည် ယနေ့ထိ ပျောက်ဆုံးနေသေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ရက်တွင် မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူး ၏ ထွေအုပ်စာရေး ဖြစ်သူ ဉီးငွေစိုးသန်းကို အမည်မသိ အဖွဲ့က သတ်ဖြတ်ခဲ့ပြီး ၎င်း အမျိုးသမီး နှင့် ကလေး နှစ်ဉီးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အချိန်ထိ ပျောက်ဆုံးနေပြီး သတင်းအစအန မရရှိသေးကြောင်း နီးစပ်သူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သူတို့က အရင်လက နားကောင်းမူးဘက်ကို သွားလည်တာ မိသားစုနဲ့။ ၂၈ ရက်နေ့က အသတ်ခံရတာ ဘယ်သူမှ သတင်းပေးမထွက်ဘူး။ ပြီးတော့ သူအမျိုးသမီးနဲ့ ကလေးကိုလည်း ခုချိန်ထိ အဆက်သွယ်က မရသေးဘူး။ ၁လကျော်နေပြီ”ဟု ၎င်းက ပြောသည်။

အဆိုပါ အသတ်ခံရသည့် ဦးငွေစိုးသန်းသည် ၂၀၂၄ ခုနှစ် (ဒီဇင်ဘာလ ၂၆ ၊ ၂၇ ရက်) တွင် နားကောင်းမူးသို့ မိသားစုနှင့်အတူ သွားရောက်ရှိခဲ့သည်။

ထို့မှ တဆင့် (ဇန်နဝါရီ ၂၈ ရက်)နေ့တွင် ထွေအုပ် စာရေး သေနတ်ဖြင့် အသတ်ခံရပြီး အလောင်းကို မိုင်းကျွတ်မြို့ အသွား လမ်းတစ်နေရာတွင် ပစ်ထားခံခဲ့ရသည်။ ထိုခရီးစဉ်တွင် ၎င်း၏ မိသားစုများလည်း လိုက်ပါခဲ့သည်။

“ ဦးငွေစိုးသန်း က ဒေသအတွင်းမှာ ပိုက်ဆံတွေယူပြီး လောင်းကစားပွဲတွေ လုပ်ဖို့ သူက ခွင့်ပြုတယ်။ ထွေအုပ်ကို ဘယ်အဖွဲ့က ဖမ်းခေါ်သွားပြီး ဘယ်သူသတ်သွားတာကို မသိရသေး။ အလောင်းက သေနတ်ပစ်သတ်ခံရတာ မိုင်းကျွတ်ဒေသ အသွားလမ်းတစ်နေရာမှာ ပစ်ထားခံရတယ်။ လောင်းကစားပွဲကြောင့်လားဆိုပြီး အများစုက ပြောဆိုနေကြတယ်”ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် လူသတ်မှုမကြာခဏဖြစ်ပွားလေ့ရှိပြီး မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမှ သတ်သွားမည်ကို မရှာဖွေနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

မိုင်းဆတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (ဧပြီလ ၁၁ ရက်)နေ့ ဝိုင်းနေရပ်ကွက်တွင် အစည်းဝေးလုပ်ရန် လူမစုပေးသည့်အတွက်ကြောင့် ရာအိမ်မှုးတစ်ဦးကိုလည်း ရဲနှင့် အုပ်ချုပ်ရေးမှုးတို့က ဖမ်းဆီးခေါ်ဆောင်သွားများလည်း ပြုလုပ်လေ့ရှိကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းဆတ်မြို့နယ် တောင်ယာထဲ အမျိုးသမီးတစ်ဦး အသတ်ခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် တောင်ထဲတွင် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် မိုင်းဆတ်မြို့ နယ် အ‌နောက်ဘက် ကျတီကျေးရွာအုပ်စု အားဟယ့်ရွာတွင် နေ့ထိုင်သည့် အမျိုးသမီးတစ်ဦး တောင်ယာထဲတွင် အသတ်ခံရပြီး သေဆုံးနေကြောင်း မိုင်းဆတ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...