Wednesday, January 28, 2026

မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) စတင်ကောက်ခံ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ စတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများလည်း အမျိုးသားများနှင့် တန်းတူစစ်မှုထမ်းရန် ဇန်နဝါရီလ မှ စပြီး စစ်မှုထမ်း အပတ်စဉ် (၁) အတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမျိုးသမီး စစ်မှုထမ်းစာရင်းများကို လိုက်လံကောက်ခံနေကြောင်း မိုင်းဆတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ဒီတိုင်း အမျိုးသမီးစာရင်း ပုံစံလိုပဲ ကောက်တာ ဘယ်လောက်ရှိလဲ ဆိုတဲ့ သဘောပေါ့နော်။ အရင်လထဲကပဲ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းပါ ကောက်ပြီး နာမည်ကျတဲ့သူ သင်တန်းသွားရမှာလား မသိဘူး။ မဲနှိုက်ရမယ်တော့ ပြောတယ် အစားထိုးဖို့ မရှိရင်တော့ ကိုယ်တိုင်သွားရမှာတဲ့။ ဘယ်လိုတွေ ဆက်ဖြစ်လာမလည်း မပြောတတ်ဘူး ဘယ်သူမှလည်း မလုပ်ချင်ကြတော့”ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီသည် အမျိုးသမီးများကိုပါ စစ်မှုထမ်း စတင်ခေါ်ယူမည့် သတင်းများကြောင့် မိဘများအကြားတွင်လည်း စိုးရိမ်ပူပန်မှုများစွာ ဖြစ်နေပြီး ငွေကြေးအဆင်မပြေမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြားမှ နေ့စဉ် စိတ်သောက ရောက်နေရကြောင်း မိုင်းဆတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ကြောင့် လူငယ်အများစုသည် မြန်မာနိုင်ငံအား စွန့်ခွာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အခြား ပြည်ပနိုင်ငံများသို့ အခက်အခဲများကြားမှ ရသည့်နည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေရသလို ပြည်သူ့စစ်တပ်ဖွဲ့များ အတွင်းသို့ ဝင်ရောက်သွားသူများလည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်က ယောကျာ်းလေးတွေပဲ ကောက်တယ်၊ ပိုက်ဆံရှိရင်တော့ အစားထိုး ထည့်ပေးတာမျိုးတွေ ရှိတယ်။ အခုက အမျိုးသမီးတွေပါ ကောက်တော့မယ်ဆိုတော့ မိဘတွေ စိုးရိမ်နေကြတယ် ပေးမသွားချင်ကြဘူး။ အခုဆိုရင် ပြည်ပနိုင်ငံကို တော်တော်သွားကြတယ် အခွင့်အရေး ရရင် ရသလို ထွက်ကြတယ်။ တချို့လည်း ပြည်သူ့စစ်ထဲ ဝင်သွားတာမျိုး ရှိကြတယ်”ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်မှုထမ်းရန် အသက်အရွယ် သတ်မှတ်ချက်အတွင်း အကျုံးဝင်သည့် အမျိုးသားများအား စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသင်တန်း တက်ရောက်ရန် မိုင်းဆတ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် (၄) ကြိမ်မြောက်အဖြစ် စတင်ခေါ်ယူနေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

အင်အားပြုန်းတီးမှု များစွာ ဖြစ်ပေါ်နေသော စစ်ကောင်စီတပ်သည် စစ်မှုမထမ်း မနေရ စနစ်အား အသက်သွင်းပြီးနောက် မြန်မာနိုင်ငံတွင်းရှိ လူငယ် အများအပြား ခြိမ်းခြောက်မှုများစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့စစ်အမျိုးသမီးပါ အသုံးပြုလာပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ် ပြောပြချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...