မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) စတင်ကောက်ခံ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ စတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများလည်း အမျိုးသားများနှင့် တန်းတူစစ်မှုထမ်းရန် ဇန်နဝါရီလ မှ စပြီး စစ်မှုထမ်း အပတ်စဉ် (၁) အတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမျိုးသမီး စစ်မှုထမ်းစာရင်းများကို လိုက်လံကောက်ခံနေကြောင်း မိုင်းဆတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ဒီတိုင်း အမျိုးသမီးစာရင်း ပုံစံလိုပဲ ကောက်တာ ဘယ်လောက်ရှိလဲ ဆိုတဲ့ သဘောပေါ့နော်။ အရင်လထဲကပဲ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းပါ ကောက်ပြီး နာမည်ကျတဲ့သူ သင်တန်းသွားရမှာလား မသိဘူး။ မဲနှိုက်ရမယ်တော့ ပြောတယ် အစားထိုးဖို့ မရှိရင်တော့ ကိုယ်တိုင်သွားရမှာတဲ့။ ဘယ်လိုတွေ ဆက်ဖြစ်လာမလည်း မပြောတတ်ဘူး ဘယ်သူမှလည်း မလုပ်ချင်ကြတော့”ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီသည် အမျိုးသမီးများကိုပါ စစ်မှုထမ်း စတင်ခေါ်ယူမည့် သတင်းများကြောင့် မိဘများအကြားတွင်လည်း စိုးရိမ်ပူပန်မှုများစွာ ဖြစ်နေပြီး ငွေကြေးအဆင်မပြေမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြားမှ နေ့စဉ် စိတ်သောက ရောက်နေရကြောင်း မိုင်းဆတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ကြောင့် လူငယ်အများစုသည် မြန်မာနိုင်ငံအား စွန့်ခွာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အခြား ပြည်ပနိုင်ငံများသို့ အခက်အခဲများကြားမှ ရသည့်နည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေရသလို ပြည်သူ့စစ်တပ်ဖွဲ့များ အတွင်းသို့ ဝင်ရောက်သွားသူများလည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်က ယောကျာ်းလေးတွေပဲ ကောက်တယ်၊ ပိုက်ဆံရှိရင်တော့ အစားထိုး ထည့်ပေးတာမျိုးတွေ ရှိတယ်။ အခုက အမျိုးသမီးတွေပါ ကောက်တော့မယ်ဆိုတော့ မိဘတွေ စိုးရိမ်နေကြတယ် ပေးမသွားချင်ကြဘူး။ အခုဆိုရင် ပြည်ပနိုင်ငံကို တော်တော်သွားကြတယ် အခွင့်အရေး ရရင် ရသလို ထွက်ကြတယ်။ တချို့လည်း ပြည်သူ့စစ်ထဲ ဝင်သွားတာမျိုး ရှိကြတယ်”ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်မှုထမ်းရန် အသက်အရွယ် သတ်မှတ်ချက်အတွင်း အကျုံးဝင်သည့် အမျိုးသားများအား စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသင်တန်း တက်ရောက်ရန် မိုင်းဆတ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် (၄) ကြိမ်မြောက်အဖြစ် စတင်ခေါ်ယူနေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

အင်အားပြုန်းတီးမှု များစွာ ဖြစ်ပေါ်နေသော စစ်ကောင်စီတပ်သည် စစ်မှုမထမ်း မနေရ စနစ်အား အသက်သွင်းပြီးနောက် မြန်မာနိုင်ငံတွင်းရှိ လူငယ် အများအပြား ခြိမ်းခြောက်မှုများစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့စစ်အမျိုးသမီးပါ အသုံးပြုလာပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ် ပြောပြချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...