သျှမ်း ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်းများ လုံခြုံရေး ခြိမ်းခြောက်ခံနေရ

သျှမ်း – ထိုင်းနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည် ၆ ထောင်ကျော်၏ ဘဝလုံခြုံရေးခြိမ်းခြောက်ခံနေရကြောင်း သတင်းရရှိသည်။

သျှမ်း-ထိုင်းနယ်စပ် တလျှောက်ရှိ သျှမ်းဒုက္ခသည်စခန်း (၅) ခုအနီးသို့ မြန်မာအစိုးရတပ် နှင့် UWSA တပ်တို့ မှ လုံခြံုရေး တိုးမြှင့်ဝင်ရောက်လာနေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့် သျှမ်းပြည်နယ်ဒုက္ခသည်များ ဆိုင်ရာကော်မတီ (ထိုင်းနယ်စပ်) ၏ မေ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ရေးသားထားသည်။

ယခု ၂၀၁၉ နှစ် ဖေဖော်ဝါရီလတွင် ပြည်တွင်းဒုက္ခသည်စခန်း ၂ ခုကို မြန်မာအစိုးရတပ်မှ လက်နက်ကြီး ဖြင့် ၆ ကြိမ်တိုင်တိုင်ပစ်ခတ်ခဲ့သဖြင့် စစ်ဘေးရှောင်များမှာစိုးရိမ် တုန်လှုပ်ကာ ဗုံးခိုကျင်းများပြုလုပ်ခဲ့ကြရကြောင်း ထုတ်ပြန်ချက်တွင်ရေး သားထားသည်။

တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ် NCA အား RCSS လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မြန်မာ အစိုးရတပ်များသည် သျှမ်း ဒုက္ခသည် စခန်း ၅ ခု တည်ရှိရာ အနီးတဝိုက်တွင် အင်အားဖြည့်ခြင်း၊ လမ်းသစ် ဆောက်လုပ်ခြင်း၊ (မောင်းသူမဲ့ မှတ်တမ်းတင်ယာဉ်)ဒရုန်းလွတ်တင်ခြင်း ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ထို့ပြင် UWSA သည်လည်း သျှမ်းပြည်တောင်ပိုင်း စစ်ပြေးရှောင်စခန်းများထံနီးကပ်စွာ နယ်မြေတိုးချဲ့ ၀င်ခြင်းများပြုလုပ်နေသကဲ့သို့ တောင်ယာစိုက်ခင်းများကိုလည်း သိမ်းဆည်းမှုများပြုလုပ်နေသဖြင့် စစ်ရှောင်များ စိုက်ပျိုးမြေ ရှားပါးကာ ၀မ်းရေးအတွက် တားဆီးခံနေရကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျနော်တို့ ရွာ နဲ့ လယ်မြေတွေဟာ မြန်မာအစိုးရ နဲ့ “ဝ” တပ်တွေလက်ထဲမှာရှိနေပါတယ်။ အခု အခြေအနေ နဲ့ ဆို ကျနော်တို့ နေရပ်ပြန်နိုင်ဖို့ကလည်း မဖြစ်နိုင်ဘူး” – ဟု သျှမ်းပြည်နယ် ဒုက္ခသည် များဆိုင်ရာ ကော်မတီ (ထိုင်းနယ်စပ်) မှ ပြောရေးဆိုခွင့်ရှိသူ လုံးစိုင်းလျန်း က ပြောသည်။

သျှမ်း-ထိုင်းနယ်စပ် တလျှောက်ရှိ သျှမ်းဒုက္ခသည် စခန်းများကို ၂၀၁၇ ခုနစ် အောက်တိုဘာလတွင် လူသားချင်း စာနာ ထောက်ထားမှုမှရပ်ဆိုင်းခဲ့ပြီး ၊ မြန်မာပြည်အရှေ့တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှု လိုအပ် ချက်များ ပြသည့်နိုုင်ငံတကာ လူမှု အဖွဲ့အစည်း၊ ကုလသမဂ္ဂ အဖွဲ့မြေပုံတွင် သျှမ်းဒုက္ခသည်စခန်းများ ထည့်သွင်း ပြသထားခြင်း မရှိတော့ကြောင်း လည်း ထို ထုတ်ပြန်ချက်တွင် တွေ့ရသည်။

“ အိုးမဲ့ အိမ်မဲ့ ဖြစ်နေတဲ့ သျှမ်းဒုက္ခသည် တွေကို မျက်ကွယ်ပြုနေတာဟာ ငြိမ်းချမ်းခြင်းကို သယ်ဆောင်လာနိုင်မှာ မဟုတ်ဘူး ကျနော်တို့ ကတော့ ဒီစစ်ပွဲတွေ ပြီးဆုံးဖို့ အပြည်ပြည်ဆိုင်ရာကနေ မြန်မာအစိုးရတပ်ကို ဖိအားပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု လုံးစိုင်းလျန်း က ဆိုပြန်သည်။

ယခုနောက်ပိုင်း သျှမ်း-ထိုင်းနယ်စပ် တလျှောက်ရှိ စစ်ပြေးရှောင် ဒုက္ခသည်များသည် ကျန်းမာရေး ၊ ပညာရေး၊ လူမှုရေး နှင့် စားဝတ်နေရေး သည် ပိုပြီး ခက်ခဲလာသည် ဟု သျှမ်းပြည် ဒုက္ခသည် ကော်မတီ မှ သိရသည်။

၁၉၉၆ – ၉၇ ခုနှစ်တွင် စစ်အစိုးရမှ သျှမ်းဒေသခံများအား ရပ်ရွာပြောင်းရွှေ့စေမှု၊ နေရပ်စွန့်ခွါမောင်းထုတ်မှုပြုလုပ်စဉ် ဒေသခံများသတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများအဓမ္မပြုကျင့်ခံရခြင်း၊ လူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက်ခံရခြင်းတို့ကြောင့် သျှမ်းပြည်သားများ ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရာ သျှမ်းဒုက္ခသည်များအဖြစ်ခိုလှုံနေထိုင်နေကြကြောင်းလည်း အဆိုပါ အစီရင်ခံစာတွင် ရေးသားဖေါ်ပြထားသည်။

၄င်းစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၅ ခုတွင် ဒုက္ခသည်ဦးရေ ၆၀၀၀ ခန့်ရှိပြီး ၄င်းတို့အား ကူညီထောက်ပ့ံပေးနေသည့်အလှူရှင်အဖွဲ့ကလည်း ၂၀၁၇ ခုနှစ်နှောင်းပိုင်းက ထောက်ပ့ံမှုဖြတ်တောက်လိုက်သဖြင့် လက်ရှိတွင် စားဝတ်နေရေးအခက်တွေ့နေရကြောင်းလည်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့် သျှမ်းပြည်နယ်ဒုက္ခသည်များ ဆိုင်ရာကော်မတီ (ထိုင်းနယ်စပ်)က ပြောဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

မိုင်းယောင်းဒေသခံများ ထိုင်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ်ရရန် တာချီလိတ်ဘက် အိမ်ထောင်စုပြောင်းရွှေ့ရမည်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဒေသခံများ ထိုင်းနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ရရှိရန် တာချီလိတ်မြို့နယ်သို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း သတင်းသိရသည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ခမ်းမှ မိုင်းယောင်းဒေသခံများကို ထိုင်းနယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဆောင်ရွက်ပေးရန် ရှိမရှိ ကြယ်ပွင့်မပြ မေးခွန်းကို...

သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားဟု စစ်တပ်ခန့်ဒုဝန်ကြီး ရွေးတုလွှတ်တော်တွင် ဖြေကြား

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားခြင်းဖြစ်ကြောင်း စစ်တပ်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ရွေးတုလွှတ်တော်တွင် ဖြေကြားခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် ယနေ့ (ဇူလိုင်လ ၂၈ ရက်) ကျင်းပသည့် အစည်းအဝေး၌ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ တင်ပြထားသည့် သီပေါတံတားကိစ္စ...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...