ထိုင်းနယ်စပ်ရှိ RCSS/SSA တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ ပြော

မြန်မာ-ထိုင်းနယ်စပ် တွင် စခန်းချထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ မှ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကော်မတီထံ အသိပေးထားသည်သူ သိရသည်။

ထိုစာကို စစ်ကောင်စီ ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက်တွင် ကျိုင်းတုံ မှ ပြန်လည်ထွက်ခွာပြီး ယခုကဲ့သို့သတင်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

RCSS/SSA သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက် တွင် နိုင်ငံတော်၏ အာဏာကို စစ်ကောင်စီမှ သိမ်းယူပြီးနောက် NCA လက်မှတ်ရေးထိုးထားသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ (၁၀)ဖွဲ့ က အာဏာသိမ်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးမည် မဟုတ်ကြောင်း လည်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် RCSS/SSA၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကလည်း စစ်ကောင်စီ မှ ငြိမ်းချမ်းစွာ လက်နက်မဲ့ဆန္ဒပြပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နေသည့်ပေါ် ကန့်ကွက်ပြီး၊ ပြည်သူဘက်က ရပ်တည်သွားမည်ဟုလည်း နှင့် CNN ၊ Reuter ( ရိုက်တာ) သတင်းဌာန တို့ကို ပြောဆိုခဲ့သည်။

စစ်ကောင်စီ အနေဖြင့် လူထုကို ဆက်လက် အကြမ်းဖက် နှိမ့်နင်းမှု ပြုလုပ်နေပါက တိုင်းရင်းသား လက်နက်ကိုင်အနေ များက ငြိမ်းနေမည် မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောဆိုမှုပြီးနောက် မြန်မာ-ထိုင်းနယ်စပ်တွင် စခန်းချသည့် RCSS/SSA ကို စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ က တိုက်ခိုက်ရန် ပြင်ဆင်နေသည် ဟု ထိုင်းနိုင်ငံ TBC ကို စာလှမ်းပို့ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာ-ထိုင်းနယ်စပ် လွိုင်ကော်ဝမ်း RCSS/SSA တပ်စခန်း မှ အရာရှိ တဦးက “ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ အဆင့်သင့် လုပ်ထားပါတယ်။ မြန်မာစစ်တပ်က ယာမ သောက်ပြီး ရူးနေတဲ့သူအတိုင်းပဲ လုပ်ချင်တာ လုပ်နေတာ။ စစ်ရေးပြင်ဆင်မှုကတော့ ထူးထူးခြားခြားမတွေ့ရသေးပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံး ပြည်သူများက စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာ စစ်ကောင်စီမှ ပြည်သူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ဖမ်းဆီးခဲ့ခြင်း ကို ယနေ့ထိပြုလုပ်နေသည်။

စစ်အာဏာသိမ်း ပြီး ( ၅၈) ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသည့် သူ (၅၂၀) ရှိပြီး သိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ သျှမ်းပြည်မြောက်ပိုင်း တွင်လည်း စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့စစ်ဆင်ရေး စတင်နေပြီး၊ ကရင်ပြည်တွင်လည်း စစ်ကောင်စီ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)တို့ တိုက်ပွဲ မှာ နေ့စဉ်ဆက်တိုက်ဖြစ်ပွားနေသည်။

KNU နယ်မြေ အတွင်း ဂျက်ရဟတ်ယာဉ် အသုံးပြုကာ ဗုံးကြဲမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီ အနေဖြင့် RCSS/SSA ကို ဆက်လက်ပြီး စစ်ရေး ပြင်ဆင်လာနိုင်ကြောင်းလည်း နယ်စပ်စစ်ရေးလေ့လာသူအချို့က ခန့်မှန်းကြသည်။

လက်ရှိမှာတော့ မြန်မာ-ထိုင်း နယ်စပ် RCSS/SSA တပ်စခန်းမှလည်း စစ်ရေးဖြစ်လာမည်ကို သတိဖြင့် စောင့်ကြည့်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...