ကျေးသီးမြို့နယ် နောင်ဆွမ်း စစ်ရှောင် (၄၀၀)ကျော် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ နောင်ဆွမ်းဘုန်းကြီးကျောင်းရှိ စစ်ရှောင် (၄၀၀) ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် နောင်ဆွမ်းစစ်ရှောင် (၄၀၀) ကျော် စစ်ရှောင်နေရပြီး လက်ရှိတွင် မိုးရာသီရောက်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ကြောင်း စစ်ဘေးရှောင်တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကလေး နဲ့ မိခင်တွေ နေမကောင်းကြတာများတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်။ ခြင်ထောင်တွေ စောင်တွေလည်း လိုအပ်နေတယ်” ဟု စစ်ရှောင်တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဇွန် (၁) ရက်နေ့မှစပြီး စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေပြီး တိုက်ပွဲရေရှည်ဖြစ်လျှင် စားသောက်ရေးပိုင်းလည်း အခက်ခဲဖြစ်လာနိုင်ကြောင်း စုံစမ်းသိရှိရသည်။

“အစားအသောက်ကတော့ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကအလှူရှင်တွေ ဆက်တိုက်လာလှူထားတာရှိတယ်။ ရေရှည်တော့ အခက်ခဲဖြစ်လာမယ်။ စောင် နဲ့ ခြင်ထောင်တော့ မရှိသေးဘူး။ မိုးတွင်းရောက်ပြီဆိုတော့ တုတ်ကွေးတွေ ဖြစ်လာမှာကို စိုးရိမ်တယ်” ဟု အသက် (၄၀) ဝန်းကျင်ခန့် စစ်ရှောင် အမျိုးသားတစ်ဦးကပြောသည်။

ယခုတွင် စိုက်ပျိုးရာသီဖြစ်သည့်အတွက် စိုက်ပျိုးရေး လုပ်ကိုင်ရမည့် အချိန်ဖြစ်သဖြင့် သျှမ်းတပ်(၂) တပ် တိုက်ပွဲမဖြစ်ရန် တောင်းဆိုချင်ကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် စစ်ရှောင် (၁၀၀၀)ကျော် အတွက် စားဝတ်နေရေး ခက်ခဲကြောင်းလည်း သတင်းရရှိသည်။

တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ မတ်ဝေါင်းရွာ၊ ဝမ်လတ်းရွာ၊ ဟိုနားရွာ၊ ဝမ်ဟိုဖိုင်ရွာ၊ ဖိုင်မုန်ရွာ၊ နားဟျိုးရွာ စတဲ့ ကျေးရွာတွေက ရွာသားတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ ဇွန် (၁၀) ရက်တွင်လည်း သျှမ်းတပ် (၂) တပ်တိုက်ပွဲများ ပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းလက်နက်ကိုင် (၂)ဖွဲ့ အပြန်အလှန် နယ်မြေကျုးလွန်မှုဟု ပြောဆိုကာ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...