ကျေးသီးမြို့နယ် အတွင်း ကိုယ်ထူကိုယ်ထ တံတား ဆောက်လုပ်ရန် ငွေကြေးလိုအပ်နေဆဲ

0

ကျေးသီးမြို့နယ် စွမ်းတောင်(ခ) ကျွန်းတောင် ဒေသခံ ပြည်သူများ မိုးရွာသီတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာ သွားလာနိုင်ရန် အတွက် ကိုယ်ထူကိုယ်ထ လမ်းတံတား ဆောက်လုပ်ရန် ငွေကြေး လိုအပ်နေသေးကြောင်း သိရသည်။

 

Photo by Nang Eaindray May/တံတား တည်ဆောက်ရာတွင် တပိုင်တနိုင် ကူညီပေးနေသည့် ဒေသခံများ

ထိုဒေသတွင် နေထိုင်သည့် သူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့်ပညာရေး၊ ကျန်းမာရေး အတွက် ခက်ခဲမှု များစွာ ကြုံတွေ့နေမှုကြောင့် ကိုယ်ထူကိုယ်ထ လမ်းတံတားများ တည်ဆောက်ရခြင်းဖြစ်သည် ဟု တံတားဆောက်လုပ်ရာတွင် ကူညီပေးနေသည့် ဝမ်စိမ်းကျေးရွာ မှ ကျောင်းဆရာမ နန်းအိန္ဒြေမေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျမတို့ သူတို့ ရဲ့ ပညာရေး၊ ကျန်းမာရေး ဘက်ကို ကြည့်ပြီး အခုလို လုပ်ပေးတာပါ။ အဓိက အရေးပေါ် ကျန်းမာရေးမှာ အသက် ဆုံးရှုံးရတယ်။သားဖွားမိခင်တွေ က ပိုပြီး ဒုက္ခရောက်တယ်” ဟု ကျာင်းဆရာမ နန်းအိန္ဒြေမေ က ဆိုသည်။

Photo by Nang Eaindray May/ယခင်တံတားဟောင်း

 

အဆိုပါ တည်ဆောက်နေသည့် တံတားသည် ကျေးသီးမြို့နယ် စွမ်းတောင် ကျေးရွာ နှင့် ဝမ်စိမ်းကျေးရွာသို့ ဆက်သွယ်သည့် လမ်းဖြစ်ပြီး၊ မြို့ပေါ် သို့ အရေးပေါ် ကျန်းမာရေး၊ ပညာရေး အတွက်သွားလာပါက ထို တံတားကို သာ ဖြတ်သန်း သွားလာရကြောင်း သိရသည်။


“ မိုးရွာသီ ဆိုရင် ကလေးတွေ ဝမ်းလျောရောဂါဖြစ်တယ်။ ကလေးငယ်တွေ အသည်းအသန်ဖြစ်ရင် ဝမ်စိမ်း ကျန်းမာရေး ဌာန ဆေးခန်းကို လမ်းလျှောက်ရတယ်။ ဒါတွေကို မခံစားနိုင်လို့ ဦးဆောင် လုပ်လိုက်တာပါ” ဟု လည်း ဆရာမ ပြောပြသည်။

Photo by Nang Eaindray May/တံတား တည်ဆောက်ရာတွင် တပိုင်တနိုင် ကူညီပေးနေသည့် ဒေသခံများ

ကိုယ်ထူ ကိုယ်ထ တံတား သည် ကျေးရွာ ပြည်သူများ သွားလာမှု လွယ်ကူပြီး၊ ကျန်းမာရေး၊ပညာရေး အတွက် အထောက်အပံ့များစွာ ပေးနိုင်ကြောင်း၊ လက်ရှိမှာ တံတား တည်ဆောက်ရန် အတွက် ငွေကြေး မလုံလောက်မှုများ ရင်ဆိုင်နေရကြောင်းလည်း ကျောင်းဆရာမ နန်းအိန္ဒြေမေ က ပြောသည်။

“ ဆရာမတို့ အစိုးရကို ပဲ အားကိုးနေရင် အချိန်တွေကုန်သွားမယ်။ အခုလို ဖြစ်လာဖို့ က အသေချာဘူး။ ငွေကြေးကတော့ မလုံလောက်ဘူး။ အလှူရှင်တွေကတော့ သက်နိုင်သလောက် ကူညီပေးပါတယ်” ဟု သူမ က ပြောသည်။


eastern_breeze
SHARE