ကျေးသီးမြို့နယ် ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီအသစ်တစ်ခု ထပ်တိုး

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီအသစ် တစ်ခု ထပ်မံရောက်ရှိလာကြေင်း စုံစမ်းသိရသည်။

လက်ရှိ စက်တင်ဘာလ စတုတ္တပတ်အတွင်း ကျေးသီးမြို့နယ်၊ မိုင်းကောင် (ဝ်) အုပ်စုအတွင်းတူးဖော်နေသည့် ကျောက်မီးသွေးတွင်း နေရာ၌ နောက်ထပ် ကုမ္ပဏီ အသစ် တစ်ခုရောက်လာနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit ( ကျောက်မီးသွေးတူးဖော်သည့်နေရာ)

“ကုမ္ပဏီ အသစ်ရောက်လာတာ ၂/၃ ရက်လောက်ပဲ ရှိသေးတယ်၊ နာမည်ကတော့ အတိအကျ မသိရဘူး၊ သူတို့နေတဲ့ နေရာက ဟေဟိန်း (ႁိူဝ်ႈႁိူင်း) ကုမ္ပဏီနဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်၊ သူတို့ကား၊ စက်ယန္တရားတွေဆိုလည်း အများကြီး တွေ့ရတယ်၊ ဒီရက်ပိုင်းအတွင်း ကျောက်မီးသွေး တူးဖော်ထုတ် ယူမှုကလည်း ပိုများတယ်” ဟု ကျေးသီးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး ထုတ်ဖော်တူးယူမှုသည် တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် ၂၂ ဘီးကာ အစီး ၁၀၀ ထက်မနည်း ရှိနေပြီး ကျေးသီးမြို့မှ လားရှိုးမြို့ဘက်သို့ သယ်ယူသွားကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ကျောက်မီးသွေး ထုတ်ယူ သယ်ဆောင်မှု များပြားသည့်အတွက် ကားလမ်းဘေး အနီးရှိ နေအိမ်များ၊ အနီးပတ်ဝန်းကျင်ရှိ နေအိမ်များမှ ဒေသခံများသည် ကားသံကြောင့် အိပ်ရေးပျက်နေရကြောင်း အသက် (၃၀) ဝန်းကျင် ကျေးသီးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ကားသံ စက်သံတွေက တော်တော်ကို ကျယ်တယ်၊ ကျောက်မီးသွေးတင်ကားက ညအချိန်မှ ထွက်ကြတာဆိုတော့ သူတို့ ကားသံတွေနဲ့ ကောင်းကောင်းလည်း မအိပ်ရဘူး၊ ကလေးတွေဆို လန့်တောင် နှိုးတယ်၊ လူကြီးတွေလည်း အိပ်ရေးပျက်တာပေါ့၊ ဒီအတိုင်းသာ ဆက်ဖြစ်မယ်ဆိုရင် ပြည်သူတွေက ဒုက္ခတွေ့မှာ”ဟု ကျေးသီးမြို့ခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်အချိန်တွင် ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်သည့် ကုမ္ပဏီသည် ဟေဟိန်း ကုမ္ပဏီ တစ်ခုသာ ရှိနေခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီ အသစ် တိုးလာသည့်အတွက် ကျောက်မီးသွေး ထုတ်ယူတူးဖော်မှု တိုးလာသလို ကျောက်မီးသွေးတင်ကား အစီးရေလည်း များလာကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တိုးထုတ်ယူမှုနှင့် ပတ်သက်ပြီး ကျေးသီးမြို့မှ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသား တစ်ဦးက မိုးရာသီကုန်ဆုံးကာလ၌ ပိုမိုထုတ်လုပ်လာနိုင်ချေ ရှိကြောင်းလည်း ပြောဆိုသုံးသပ်ထားသည်။

“အခုက မိုးမကုန်ဘဲ ရေတွေလည်း များနေလို့ သူတို့ ဒီလောက်ထုတ်နိုင်တာ၊ မိုးကုန်ပြီး ခြောက်သွေ့ ရာသီ ရောက်လာပြီဆိုရင် ဒီထက်ပိုပြီးတော့ ထုတ်လာနိုင်ချေရှိတယ်၊ အဲ့ခါကျရင်တော့ ရေချောင်းတွေ ထိလာမှာ အမှန်ပဲ၊ ဒီချောင်းကိုသာ ထိရင် စိုက်ပျိုးရေးတွေကလည်း ထိခိုက်မယ်” ဟု ကျေးသီးမြို့မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မီးသွေး တူးဖော်ထုတ်ယူနေသည့် ဟေဟိန်းကုမ္ပဏီသည် မိုင်းကောင် (ဝ်) ကျေးရွာအုပ်စု၊ မိုက်ဟုန်းလိန်ရွာ (ဝၢၼ်ႈမႆ့ႁူင်းလိူင်) အနောက်ဘက်တွင် နေရာယူတူးဖော်နေပြီး၊ စစ်ကောင်စီတပ် ၂၈၆ မှ လုံခြုံရေး ယူပေးထားကြောင်းလည်း သိရသည်။

ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန် ခွင့်ပြုထားသည့် မြေနေရာသည် ဧကပေါင်း ၅၀၀ သာ ရှိနေပြီး လက်ရှိတွင် ကုမ္ပဏီများမှ ၇၀၀ ဧက ထက်မနည်း ကျူးကျော်တူးဖော်နေကြောင်း SSPP/SSA တပ်ဖွဲ့ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ လုပ်ခွင့်ရထားတဲ့ ဧက ၅၀၀ မှာက ပြည်သူလူထုရဲ့ အိမ်၊ ခြံ၊ ယာ မြေတွေ မထိခိုက်စေရဘူး အဲ့လိုမျိုးနဲ့ ခွင့်ပြုထားတာ။ ဒါပေမဲ့ ဒီကြားထဲမှာ သူတို့က ချဲ့ထွင်ပြီးတော့ ဧက ၇၀၀ ကျော်ကို တူးနေတယ် လို့သိရတယ်။ အဲ့တာကို ကျနော်တို့ရဲ့လူက သွားပြီးတော့ စိစစ်နေတယ်။ တကယ်လို့ အဲ့လိုဖြစ် ရင်တော့ သူတို့ ပိတ်ရမှာပါ။ ဒါကို ကျနော်တို့ အားမပေးဘူး” ဟု ဗိုလ်မှူးကြီး စိုင်းဆုက ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့တွင် သျှမ်းသံဝောာ်ဆင့်၏ အင်တာဗျူး အစီအစဥ်မှာ ဖြေကြားခဲ့သည်။

ထို့အပြင် ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန် လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများသည် ဟေဟိန်းကုမ္ပဏီအပြင် MEC ကုမ္ပဏီ ၊ နမ့်ပန် ကုမ္ပဏီ နှင့် ထွန်းမြတ်အောင် ကုမ္ပဏီတို့မှလည်း လာရောက်တူးဖော်မည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

လက်ရှိ ကျောက်မီးသွေးကို ဆက်လက်တူးဖော်မည် ဆိုပါက ကျေးသီးမြို့နယ်အတွင်း လယ်ယာများအတွက် အဓိက အရေးပါသည့် နမ့်ဟင်ချောင်း (မႄႈၼမ့်ႁႅၼ်) ကို ထိခိုက်နိုင်သည့် အတွက် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလည်း ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...