Tuesday, January 27, 2026

ကျေးသီးမြို့နယ် မိုးသီးကျ အိမ် ၇ လုံး ပျက်စီး

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နမ့်မော်ဆိုင်းကျေးရွာတွင် မိုးသည်းထန်းရွာပြီး မိုးသီးကျသဖြင့် အိမ်ပျက်စီးကာ ဒေသခံများ စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

Photo by Mai Nyi Kham-Kyushaw/ Facebook

ယမန်နေ့ (ဧပြီ ၂၇)ရက် နေ့လည် ၃နာရီ ကျော်က ကျေးသီးမြို့နယ် နမ့်မော်ဆိုင်းကျေးရွာတွင် မိုးရွာပြီး မိုးသီးများကျသဖြင့် အိမ် ၇လုံးပျက်စီးရာ ဒေသခံ ၆၀ ကျော် နေစရာ စားစရာခက်ခဲနေကြောင်း နမ့်မော်ဆိုင်းကျေးရွာမှ ကျောင်းဆရာ မိုင်းအောင်ဆန်း ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo by Mai Nyi Kham-Kyushaw/ facebook

“ အိမ်ခြေကတော့ ၇ အိမ်ပါ။ ခေါင်မိုးတွေပျက်၊ အိမ်တွေပျက်စီးတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေလည်း ရေတွေစိုကုန်တယ်။ ဆန်တွေကစ ရေတွေစိုကုန်တယ်။ အခုသူတို့နေဖို့စားဖို့ ခက်ခဲနေတယ်” ဟု မိုင်းအောင်ဆန်း ကဆိုသည်။

ထို ပျက်စီးသွားသည့် အိမ်ခြေ ၇ အိမ်တွင် လူ ၆၅ ဦးထက်မနည်း စုပေါင်းနေထိုင်ကြကြောင်း၊ ထိုထဲတွင်ကလေးငယ်များပိုများကြောင်း၊ ထို လူ၆၅ဦးသည် မိုးသီးကြောင့် မပျက်စီးသည့် ဘုန်းကြီးကျောင်း နှင့် အသိမိတ်ဆွေအိမ်များတွင် ကပ်နေရကြောင်း သိရသည်။

Photo by Mai Nyi Kham-Kyushaw/ facebook

“ တချို့ကတော့ ဘုန်းကြီးကျောင်း၊ တချို့က ဘေးအိမ်တွေမှာ ကပ်နေရတယ်။ သူတို့အတွက် စားဖို့ နဲ့ အိမ်ပြန်ပြင်ဖို့ ခက်ခဲနေတယ်” ဟု မိုင်းအောင်ဆန်း ကဆိုသည်။

ကျေးသီးမြို့နယ် နမ့်မော်ဆိုင်း ကျေးရွာတွင် ဒုတိယအကြိမ် မိုးသီးကျခြင်းဖြစ်ကြောင်း၊ လယ်ယာ အနည်းငယ်ထိခိုက်မှုရှိပြီး တိရိစ္ဆာန် တချို့လည်း သေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

0
သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့်...

ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံများ တောင်ယာမသွားရန် SSPP သတိပေး

0
သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို တောင်ယာ မသွားကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သတိပေးထားကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့သည် ဇူလိုင် လလယ်မှ စတင်ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး ပြည်သူများကို...

ကျေးသီးမြို့နယ် စစ်ကောင်စီအဖွဲ့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက SSPP ဌာနချုပ်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများကို ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်)မှ စတင်ပြီး ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက် သည် ရပ်ကျေးစာရေးများမှတဆင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

ကျေးသီးမြို့နယ် ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီအသစ်တစ်ခု ထပ်တိုး

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီအသစ် တစ်ခု ထပ်မံရောက်ရှိလာကြေင်း စုံစမ်းသိရသည်။ လက်ရှိ စက်တင်ဘာလ စတုတ္တပတ်အတွင်း ကျေးသီးမြို့နယ်၊ မိုင်းကောင် (ဝ်) အုပ်စုအတွင်းတူးဖော်နေသည့် ကျောက်မီးသွေးတွင်း နေရာ၌ နောက်ထပ် ကုမ္ပဏီ အသစ် တစ်ခုရောက်လာနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...