သျှမ်းပြည်အလယ်ပိုင်းတွင် RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော် ပိုက်စိပ်တိုက်ရှာ  

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်၊ ကျေးသီးမြို့နယ် အတွင်းရှိ RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော် မှ အင်အားဖြည့်ကာ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။


ဇူလိုင်လဆန်းပိုင်းမှစ၍ ယနေ့အထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် – မတ်ဝေါင်းကျေးရွာ၊ နမ့်အုပ်ကျေးရွား၊ ဟိုပုံကျေးရွာ ဘက်တို့လည်းကောင်း၊ မိုင်းကိုင်မြို့နယ် – ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဟိုခိုင်းကျေးရွာအုပ်စု၊ တုံလောဝ်ကျေးရွာအတွင်းသို့ အစိုးရတပ်မတော် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများအပါအဝင် တပ် ၁၀ ရင်း ထက်မနည်း အင်အားဖြည့်ကာ သျှမ်းပြည်တပ်မတော် RCSS/SSA အခြေချလှုပ်ရှားရာ ကျေးရွာသို့ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

စစ်ကြောင်းက ကျနော်တို့ကိုလာမေးတယ်။ RCSS/SSA တပ်ဖွဲ့ဘယ်မှာလဲတဲ့။ မပြောပြရင်လဲ ရိုက်နက်ခံရမှာ ကြောက်တယ် – ဟု တပ်မတော်စစ်ကြောင်း နှင့်ကြုံတွေ့သည့် ကျေးသီးရောက် ရွာအကြီးအကဲ တဦးကပြော သည်။

၀မ့်ဖိန်းခမ်းဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ အသီးသီးနေရပ်ပြန်နေကြသည်ကိုတွေ့ရစဉ် Photo: SSM

RCSS/SSA ၏ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးစိုင်းဦးက – “တိုက်ပွဲက ၂၃ ရက်နေ့ မနက်ပိုင်းမှာ ၁ နာရီခန့်အကြာ လောက်ဖြစ်ပွါးခဲ့တယ်။ ကျနော်တို့က မိမိကိုယ်ကိုကာကွယ်တာဘဲဖြစ်တယ်။ အစိုးရတပ်က တပ်ရင်း ၂ ရင်း ၃ ရင်းပူးပေါင်းအင်အား ၁၀၀ လောက်ကကျနော်တို့အဖွဲ့ကိုလိုက်လံပစ်ခတ်တယ်။ ကျနော်တို့ကို သတ်မှတ် နေရာဆီကိုတပ်ဆုတ်ဖို့ ပြောတယ်။ သတ်မှတ်နေရာက မှ မရှိသေးတာ။ ကျနော်တို့ တပ် တွေ ဒီနေရာဘက် လှုပ်ရှားနေထိုင်လာတာ ဟိုးအရင်ကတည်းကဘဲ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်တို့မှ စစ်အင်အားများထပ်မံဖြည့်တင်း ကာလှုပ်ရှားနေကြောင်း၊ ဒေသခံများအနေဖြင့်လည်း အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွါးကြမည်ကို စိုးရိမ်နေကြကြောင်း ဆိုပါသည်။

“ကျနော်တို့က တတ်နိုင်သလောက်တော့ တိုက်ပွဲမဖြစ်အောင် ရှောင်ပါတယ်။ သို့ပေမယ့် သူတို့က အင်အားဖြည့်ပြီး ကျနော်တို့နောက်ထပ်လိုက်လာနေမယ်ဆိုရင်တော့ ထိပ်တိုက်တွေ့မိရင် ပစ်ခတ်မှုဖြစ်ပွါးမိမှာပါဘဲ။ ”- ဟု ဒု-ဗိုလ်မှူးကြီးစိုင်းဦးကပြောသည်။

ဇူလိုင် ၂၄ နှင့် ယနေ့ ၂၅ ရက်နေ့တို့တွင် ပစ်ခတ်တိုက်ခိုက်မှုများငြိမ်နေပြီဖြစ်သဖြင့် ဒေသခံများ နေရပ်ပြန်ကုန်ပြီဖြစ်ကြောင်း ကျေးသီးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ တိုက်ပွဲတွေ မရှိတော့ဘူး။ ဒါကြောင့် စစ်ဘေးရှောင် တွေ အားလုံး သူတို့ နေရပ်ပြန်သွားပြီ။ ဝမ့်ဖိန်း ဘုန်းကြီးကျောင်းမှာ ၂ ရက် ရှောင်နေကြတယ်။ မနေ့က ကျနော်တို့ကျေးသီးမြို့နယ်ပါတီ ကတောင်မှ စားနပ်ရိက္ခာတွေ သွားကူညီထောက်ပ့ံတယ်။ ရလခတိုင်းကလည်းလာထောက်ပ့ံတယ်။ လယ်ဆင်း ချိန်ဖြစ်နေလို့ စိုးရိမ် စိတ်နဲ့ ပြန်သွားကြတယ်။ ” ဟု စိုင်းစံမိန်းကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော်အား အစိုးရတပ်မတော်က လိုက်လံပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၂၃ ရက်နေ့ က ဟိုပုံအုပ်စု မတ်ဝေါင်းရွာနှင့် နမ့်အုပ်ရွာမှ ရွာသား ၁၀၀ ခန့်သည် ၀မ့်ဖိန်းခမ်းဘုန်းကြီးကျောင်းသို့စစ်ဘေး တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်ပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA သည် နေပြည်တော် အစိုးရ နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်တခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...