ကျေးသီးမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ်၊ ဒေသခံ (၂၀၀) ထွက်ပြေးနေရ

သျှမ်းပြည် တောင်ပိုင်း ကျေးသီမြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၂၀၀) နီးပါး ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာ ဘုန်းကြီးကျောင်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့(ဇွန် ၁)ရက် မနက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် ကျေးသီးမြို့ နှင့် ( ၁၅ ) မိုင်အကွာရှိ ဟိုပုံကျေးရွာအုပ်စု တဝှိက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်လာရကြောင်း သတင်းရရှိသည်။

ထိုစစ်ဘေးရှောင် (၂၀၀)နီးပါးသည် ကျေးသီးမြို့နယ် ဟိုပုံကျေးရွာအုပ်စု မတ်ဝေါင်းရွာ၊ နောင်ဆွမ်းကျေးရွာအုပ်စု နားဟျိုးကျေးရွာနှင့် ဝမ်လတ်ကျေးရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

“ မနေ့က မနက် (၇)နာရီလောက် သေနတ်သံစကြားရတယ်။ ထိတ်လန့်လို့ ထွက်ပြေးလာရတယ်။ တချို့ အဝတ်အစားတောင်မရဘူး။ ဒီမှာက အမျိုးသမီးနဲ့ ကလေး အများစုဖြစ်တယ်။” ဟု စစ်ရှောင်လာသည့် အမျိုးသား တစ်ဦး က ပြောသည်။

စစ်ရှောင်လာသည့် သူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မွေးဖွားစ မိခင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကြောင်း လည်း စစ်ရှောင်များက ပြောသည်။

တိုက်ပွဲကြောင့် ရုတ်တရက်ထွက်ပြေးလာရသည့်အတွက် အဝတ်အစား မပါလာသည့် သူများရှိကြောင်း၊ ထိုကျေးရွာထဲတွင် အမျိုးသားများက စ ပေါ်တာဆွဲခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးလာကြကြောင်းလည်း သိရသည်။

“တချို့ဒီဘုန်းကြီး ကျောင်းကို ရောက်လာတာ အဝတ်အစားအပိုတွေ အသုံးအဆောင်တွေ မပါခဲ့သူတွေရှိတယ်၊ ကျနော်တို့ ထွက်ပြေးလာတဲ့ အထဲမှာ တစ်ရက်ပဲ ရှိသေးတဲ့ မွေးကင်းစ ကလေးမိခင် နှစ်ယောက်ပါတယ်၊ အခုဆို ရွာထဲ မှာ အမျိုးသားတွေလည်း မနေရဲကြတော့ဘူး၊ ဘော်ဒါဆွဲခံရမှာစိုးလို့ ထွက်ပြေးကြကုန်ပြီ” လို့ စစ်ရှောင်လာသည့် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအခြေအနေအရ စစ်ရှောင် (၂၀၀)နီးပါး အတွက် စားဝတ်နေရေး အခက်အခဲမရှိသေးကြောင်း၊ ထိုစစ်ရှောင်များကို ဘုန်းကြီးကျောင်း အနီးရှိ ပြည်သူများက လာရောက်ကူညီပေးနေကြောင်း၊ တိုက်ပွဲ ရက်ရှည်ကြာမည်ဆိုပါက အခက်အခဲများစွာ ရင်ဆိုင်ရမည် ဟု လည်းစစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူများက ပြောသည်။

သျှမ်း တပ်(၂)တပ် တိုက်ပွဲ ရပ်တန့်ရန် အတွက် သျှမ်းပြည်သူများ၊ သျှမ်းသံဃာများက မကြာခဏ တောင်းဆို ခဲ့သော်လည်း လက်ရှိအချိန်အထိ တိုက်ပွဲရပ်တန့်ခြင်းမရှိဘဲ ဆက်လက် တိုက်ခိုက်နေသေးသဖြင့် ပြည်သူများက စိတ်မကောင်းဖြစ်နေကြောင်သိရသည်။

“ ကျနော်တို့ အကြိမ်ကြိမ် ပြောဆိုခဲ့တယ်။တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သျှမ်းတပ် (၂)တပ်က ကျနော်တို့ပြည်သူတွေ စကားကို နားမထောင်ဘူး။ အခုကျနော်တို့ ပြည်သူတွေက အာဏာရှင်ကို တိုက်နေချိန် ညီနောင် တပ် (၂)တပ်ကို အားကိုးရမယ့်ချိန်မှာ သူတို့ အချင်းချင်းတိုက်နေတော့ ကျနော်တို့ ဘယ်သူ့ကို အားကိုးရမှာလဲ” ဟု သျှမ်းပြည်သူတစ်ဦးက ပြောသည်။

သျှမ်းတပ်(၂)တပ်သည် ယနေ့(ဇွန် ၂)ရက် အထိ အချင်းချင်း ပစ်ခတ်သံကြားနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...