Tuesday, January 27, 2026

မြန်မာ့လူငယ်များ၏ “အနာဂတ် ရပ်တန့်ခံ” နေရကြောင်း UNDP က အသိပေး

မြန်မာနိုင်ငံရှိ လူငယ်များသည် ပညာရေးနှင့် အလုပ်အကိုင် အကျဉ်အတည်း ပိုမို နက်ရှိုင်းလာသောကြောင့် ၎င်းတို့၏ “ အနာဂတ် ရပ်တန့်ခံ” နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၂ ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံကျော်ဖြစ်သော လူငယ်များသည် မကြုံစဖူးသော မရေမရာသည့် သင်ယူမှုအခြေအနေများ ရင်ဆိုင်နေရကြောင်း၊ ပညာသင်ကြားမှုများ ပြတ်တောက်ပြီး နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်လာမှုနှင့် လူမှုဘဝဆိုင်ရာ ပြဿနာများကြား လူငယ်များ၏ ဝင်ငွေရရှိမှုလမ်းများ ဆိုးရွာလာခဲ့ပြီး၊ မြန်မာ့လူငယ်များ၏ “အနာဂတ် ရပ်တန့်ခံ” အခြေအနေသို့ ရောက်ရှိနေကြောင်း UNDP၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာကို “အနာဂတ် ရပ်တန့်ခံ မျိုးဆက်သစ်-မြန်မာ့လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခြေအနေ” ဟု အမည်ပေးထားပြီး မြန်မာလူငယ်များအပေါ် ကြာရှည်သော ပဋိပက္ခ၏ သက်ရောက်မှုများကို စောင့်ကြည့်လေ့လာနေသည့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ UNDP ၏ ဒုတိယမြောက် အစီရင်ခံစာ ဖြစ်သည်။

ထိုတွေ့ရှိချက်များကို တနိုင်ငံလုံးကို ကိုယ်စားပြုသော ၂၀၂၄ ခုနှစ် မြန်မာလူငယ်စစ်တမ်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျေးလက်နေ လူငယ်များသည် မြို့ပြလူငယ်များနှင့် နှိုင်းယှဉ်ပါက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်များနှင့် ပညာရေးကို လက်လှမ်းမီမှု နည်းပါးခြင်းတို့ကြောင့် နစ်နာဆုံးရှုံးလျက်ရှိပြီး ဒေသအလိုက် မညီမျှမှုများကို ပိုမိုနက်ရှိုင်းလာနေကြောင်း ၎င်းအစီရင်ခံတွင် ဆိုထားသည်။

“မြန်မာနိုင်ငံတွင် ပညာရေးမှ အလုပ်အကိုင်သို့ ကူးပြောင်းသည့် လမ်းကြောင်းများ ရပ်တန့်နေခြင်းသည် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုတည်းသာမက၊ မျိုးဆက်တစ်ခုလုံးကို ခြိမ်းခြောက်နေသည့် အချက်ပေးခေါင်းလောင်းလည်းဖြစ်သည်” ဟု UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင် ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Drug banner

“ပညာသင်ကြားမှု ပြတ်တောက်ခြင်း၊ ကောင်းမွန်သောအလုပ်များ ပျောက်ကွယ်လာခြင်းနှင့် မလုံခြုံမှုများ ပိုမိုမြင့်တက်လာခြင်းတို့အပြင် ကျား-မ အခြေပြုသော ကွာဟမှုများနှင့် လူမှုရေးဆိုင်ရာ အတားအဆီးတွေရဲ့ ဖိအားတွေအောက်တွင် သန်းနှင့်ချီသော လူငယ်အမျိုးသမီးများနှင့် အမျိုးသားများသည် သူတို့ရဲ့ ရည်မှန်းချက်များနှင့် စွမ်းရည်များ ပြိုလဲနေရတာကို မြင်တွေ့နေကြရပါသည်” ဟု ၎င်းက ပြောသည်။

အလုပ်အကိုင်မှ လူငယ်များစွာ ဖယ်ကျဉ်ခံထားရမှု လူငယ်လေးပုံတစ်ပုံ (ခန့်မှန်းခြေ ၄ သန်းနီးပါး) သည် အလုပ်လက်မဲ့ဖြစ်နေပြီး ကယားတွင် ၅၀ရာခိုင်နှုန်း ကျော် နှင့် ရခိုင်တွင် ၄၀ရာခိုင်နှုန်း ထက် ကျော်လွန်နေကြောင်း သိရသည်။

အလုပ်လုပ်ကိုင်နေသော လူငယ်အများစုသည် မိမိပိုင် လယ်ယာလုပ်ငန်းများ (သို့မဟုတ်) အခြားကျပန်း အလုပ်များ လုပ်ကိုင်နေရသဖြင့် ဝင်ငွေထိခိုက်မှုများနှင့် စီးပွားရေး မတည်မငြိမ်မှုများ ဖြစ်နေသည်။

ပညာသင်ကြားမှုပြတ်တောက်မှု၌ အသက် ၁၈-၂၄ နှစ်ကြား လူငယ်လေးဦးတွင် သုံးဦး (ခန့်မှန်းခြေ ၅ သန်းကျော်) သည် ပညာရေး (သို့မဟုတ်) သင်တန်းတစ်ခုခုတွင် တက်ရောက်ခြင်း မရှိပေ။

ထိုအရေအတွက်သည် ကျေးလက်ဒေသများတွင် ငါးဦးလျှင် လေးဦးနီးပါးအထိ မြင့်တက်လာပြီး အထူးသဖြင့် တနင်္သာရီ၊ ချင်း၊ စစ်ကိုင်းနှင့် ကရင်တို့တွင် ပိုမိုဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပညာရေးနှင့် အလုပ်အကိုင်တွင် ကျား-မ ကွာခြားမှု၌ အမျိုးသားများ၏ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးငယ် လေးပုံတစ်ပုံနီးပါးသည် အိမ်တွင်းတာဝန်များကြောင့် ကျောင်းမှ ထွက်ခွာခဲ့ရကြောင်း၊ ထို့ကြောင့်အမျိုးသမီးများသည် အမျိုးသားများထက် ပျမ်းမျှ ၂၂ ရာခိုင်နှုန်း လျော့နည်းသော ဝင်ငွေကိုသာ ရရှိကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ လူငယ်ငါးဦးတွင် တစ်ဦးနီးပါး (ခန့်မှန်းခြေ ၃ သန်းနီးပါး) သည် အလုပ်လုပ်ကိုင်ခြင်း၊ ပညာသင်ကြားခြင်း၊ သင်တန်း တက်ရောက်ခြင်းတို့တွင် မည်သည့် နေရာ၌မျှ ပါဝင်နေခြင်း မရှိပေ။

အစီရင်ခံပါအချက်အလက်များအပေါ် အခြေခံ၍ ပြောင်းလွယ်ပြင်လွယ်ရှိသော သင်ယူမှုနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ဒေသအလိုက် ဦးဆောင်မှုများ အလျင်အမြန်ဆောင်ရွက်နိုင်ရေး UNDP မှ တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာလူငယ်များ ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်းကြောင့် ပြည်ပထွက်ခွာသူများလာ

0
မြန်မာနိုင်ငံရှိ လူငယ်များသည် ပဋိက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာလိုကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ သိရသည်။ သြဂုတ် ၁၂ ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ် (UNDP) မှ ဖော်ပြသော “ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့်...