နိုင်ငံကူးလက်မှတ်ရရှိရေး လူငယ်များ အလုအယက်ကြိုးပမ်း

မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် အလုအယက် ကြိုးစားနေကြကြောင်း သိရသည်။

သျှမ်းပြည် တောင်ကြီးမြို့ရှိ လဝကရုံးတွင် Online Appointment (QR) စနစ်ဖြင့် ပုံမှန်အတိုင်း ပတ်စပို့ လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းသာ ကုန်ကျသော်လည်း လတ်တလော နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်လိုသူ များလာသည်နှင့်အမျှ တစ်ပတ် အတွင်းရလိုလျှင် ပွဲစားများအား ဝန်ဆောင်ခအဖြစ် ပတ်စပို့တစ်အုပ်လျှင် ကျပ် ၅ သိန်းအထိ ပေးရကြောင်း ပတ်စ်ပို့သွားလုပ်နေသူများထံမှ သိရသည်။

သို့သော် တစ်ရက်လျှင် လူဦးရေ ၁၇၀ အထိသာ ပြုလုပ်ပေးသဖြင့် နယ်ဝေးမှလာပြီး ကိုယ်တိုင်သွားလုပ်ရသည့် ဒေသခံအချို့အတွက် အခက်အခဲကြုံတွေ့နေရကြောင်း ပတ်စပို့သွားလုပ်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက် ၄ နာရီကတည်းက ထပြီးသွားစောင့်ရတာ။ တချို့ဆိုရင် မနက် ၂ နာရီကတည်းက စောင့်ကြတာ။ ကျမတို့ဆို ရွာကနေတက်လာတော့ ပိုဆိုးတယ်။ ဟိုတယ်ခနဲ့ ဘာနဲ့ဆို ကိုယ်တိုင်လုပ်တာ ၅ သိန်းလောက်ကုန်တယ်” ဟု ၎င်းက ပြောသည်။

ထိုဈေးနှုန်းသည် ပုံမှန်လုပ်ငန်းစဉ်အတိုင်း QR ကုဒ် တင်မရာမလိုဘဲ စာအုပ် အမြန်ရစေရန် သက်ဆိုင်ရာ ဝန်ထမ်းနှင့် ပွဲစားများပူးပေါင်း၍ လုပ်ဆောင်ပေးသည့် ပွဲစားဈေးနှုန်းနှင့် တူညီကြောင်း ၎င်းက ပြောသည်။

“ပွဲစားနဲ့လုပ်လည်း ဈေးတူတူဆို ပွဲစားနဲ့ပဲလုပ်ရင် ပိုမြန်တယ်။ ကိုယ်တိုင်လုပ်တာတောင် သုံးရက်ဆက်တိုက် သွားတန်းစီထားရတာ။ သက်ကြီးတွေဆို အအေးမိပြီး ဖျားတဲ့သူ ရှိသေးတယ်” ဟု အဆိုပါအမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ လူငယ်များသည် စစ်ရေးပဋိက္ခ၊ စီးပွားရေ ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာလိုကြပြီး လူငယ် ၁၀ ယောက်မှာ ၄ ယောက်သည် မြန်မာနိုင်ငံမှ ထွက်ခွာလိုကြကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UPDP) ၏ သြဂုတ် ၁၂ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

“ဒီနိုင်ငံမှာက နေရစားရ မလွယ်ဘူးလေ။ လုံခြုံမှုလည်း မရှိတော့ ပြည်ပမှာ အလုပ်သွားလုပ်ချင်လို့ ပတ်စပို့လာလုပ်ရတာ။ လက်ဗွေနှိပ်တဲ့ နေရာမှာဆို ဝန်ထမ်းတွေက အော်ငေါက်ကျသေးတော့ သူတို့ကို ပြန်ကြောက်နေရတယ်”ဟု ပတ်စပို့သွားလုပ်နေသည့် အမျိုးသားတစ်ဦးကလည်း ထပ်လောင်းပြောသည်။

ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UPDP) မှ ဖော်ပြသော အစီရင်ခံစာများအရ မြန်မာနိုင်ငံ လူငယ်အများစုသည် အသွားချင်ဆုံး နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သော်လည်း လက်တွေ့မှာတော့ ထိုင်းနိုင်ငံကိုသာ သွားရောက်မှု အများဆုံးဖြစ်နေပြီး လူငယ် ၄၇ ရာခိုင်နှုန်းမှာ ခရီးသွားစာရွက်စာတမ်းများ မရှိသဖြင့် လုံခြုံရေး အာမခံချက်မရှိသောလမ်းကြောင်းများမှတစ်ဆင့် သွားလာနေကြကြောင်း ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...