Tuesday, January 27, 2026

မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၂ လက်မခန့် ကျော်လွန်နေ၊ ရေထပ်တက်လာနိုင်ကြောင်း မိုးဇလအသိပေး

ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ထိုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားရန် အသိပေးထားခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ကာဂျီကီသည် အပူပိုင်းမုန်တိုင်းအဖြစ် အားလျှော့သွားပြီဖြစ်သော်လည်း အဆိုပါမုန်တိုင်းအကြွန်းအကျန်များကြောင့် သျှမ်းပြည် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် မိုးဆက်လက်ရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက အသိပေးထားသည်။

အဆိုပါ ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် ယမန်နေ့ (သြဂုတ် ၂၇ ရက်) ညပိုင်းက တာချီလိတ်မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ်ဒေသတလျှောက်တွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိ

0
ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းလာသည့် သန်းနှင့်ချီရှိသော မူးယစ်ဆေးဝါးအများအပြားကို ယခုရက်ပိုင်း၌ နယ်စပ်ဒေသတလျှောက်တွင် ဆက်တိုက်ဖမ်းဆီးရမိကြောင်း သတင်းသိရှိရသည်။ အောက်တိုဘာလ ၆ ရက် နေ့လယ် ၁၂ နာရီအချိန်က မယ်ဆိုင်-မယ်ချန်း လမ်းမပေါ်တွင် မောင်းနှင်လာသည့် မသင်္ကာဖွယ် ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ထိုင်းရဲတပ်ဖွဲ့များက ကြားဖြတ်ဖမ်းဆီးခဲ့ရာ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော စိတ်ကြွဆေးပြား...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

တာချီလိတ်မြို့တွင် ရေထပ်ကြီးပြန်

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ (သြဂုတ် ၁၆ )ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် ရေကြီးမှုထပ်မံဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ မယ်ဆိုင်ချောင်း၏ ရေအမှတ်မှာ ၄၁၀ စင်တီမီတာသို့ ရောက်ရှိနေပြီး တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မဟာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း (က) ရပ်ကွက်နှင့် မယ်ခေါင် ရပ်ကွက်များရှိ နေအိမ်များနှင့်...