ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်၊ ကားတစ်စီး မျှောပါပြီး လူနှစ်ဦး ရှာမတွေ့သေး

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား၍ ကားတစ်စီး ရေထဲမျှောပါသွားပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောင်ပိန်ကျေးရွာအနီး လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် (၅) ရပ်ကွက်ရှိ နောင်ပိန်-ပုံဝိုးလမ်းမကြီးတွင် ရေကြီးရေလျှံဖြစ်ပွားနေသည်။

ထိုစဉ် ရေကျော်နေသည့် လမ်းမပေါ် ဖြတ်မောင်းသွားသည့် ကားတစ်စီး ရေထဲမျှောပါသွားပြီး ကားထဲတွင်ပါသည့် လူနှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – နောင်ပိန်(၅)ရပ်ကွက်တွင် ရေကြီးရေလျှံပြီး ကားတစ်စီး ရေစီးနှင့်မျှောပါ လူနှစ်ဦးပျောက်ဆုံး (ဓာတ်ပုံ-ဒေသခံ)

“မိုးက တနေကုန်ရွာတော့ ညနေပိုင်းရောက်တော့ ၅ ကွက်က ရွှေလမင်းဆီဆိုင်နား လယ်တွေ ရေမြှုပ်ကုန်တာ။ ရေစီးသန်နေတဲ့ချိန် လမ်းပေါ်ဖြတ်သွားတဲ့ ကားတစ်စီး ရေထဲမျှောသွားတယ်၊ ကားပေါ် လူနှစ်ယောက်ပါတယ်ပြောလို့ ရှာနေတာ မတွေ့သေးဘူး။ ၁၅ နှစ်အတွင်း လုပ်ပါကန် ရေလျှံပြီး အခုလို ရေကြီးတာပဲ”ဟု နောင်ပိန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရေစီးနှင့်အတူ မျှောပါသွားသည့် လူနှစ်ဦးကို နောင်ပိန်ရွာရှိ ဒေသခံများနှင့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း တာဝန်ရှိသူများမှ ရှာဖွေလျက်ရှိပြီး လက်ရှိအချိန်ထိ ရှာမတွေ့သေးဘဲ ရေထဲဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် သတိပေးထားသည်။

ပုံစာ – နောင်ပိန်(၅)ရပ်ကွက်တွင် ရေကြီးရေလျှံပြီး ကားတစ်စီး ရေစီးနှင့်မျှောပါ လူနှစ်ဦးပျောက်ဆုံး (ဓာတ်ပုံ-ဒေသခံ)

နောင်ပိန်ကျေးရွာအနီးရှိ လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် ရပ်ကွက်(၅) ရှိ နေအိမ်များလည်း ရေနစ်မြှုပ်လျက်ရှိပြီး ရေကြီးမှုဖြစ်စဉ်ကြောင့် ပြောင်းဖူးခင်း၊ ကြံခင်းနှင့် စပါးခင်း ဧကများစွာ ရေနစ်မြှုပ်ကာ ဆုံးရှုံးမှုများနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။


အလားတူ နောင်ပိန်ကျေးရွာအတွင်း အနိမ့်ပိုင်းရှိ ရပ်ကွက်(၃) နှင့် ရွာလယ်လမ်းမကြီးတစ်လျှောက် နေအိမ်များထဲ တောင်ကျရေ ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – နောင်ပိန်(၅)ရပ်ကွက်တွင် ရေကြီးရေလျှံပြီး ကားတစ်စီး ရေစီးနှင့်မျှောပါ လူနှစ်ဦးပျောက်ဆုံး (ဓာတ်ပုံ-ဒေသခံ)

ကျောက်မဲမြို့နယ်ရှိ နောင်ပိန်တိုက်နယ်အတွင်း ရောက်ရှိနေသည့် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့မှ စစ်ဘေးရှောင်များမှာ ရေဘေးကြောင့် နေရာထပ်မံပြောင်းရွှေ့ရသူများလည်း ရှိနေပြီး စစ်ရှောင်စခန်း (၇) နေရာတွင် ယခင်က စစ်ရှောင်ဦးရေ တစ်သောင်းခန့် ရှိရာမှ လက်ရှိတွင် ၂၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း၌ နောင်ချိုစစ်ကောင်စီတပ်သည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျောက်မဲမြို့နယ် SSPP/SSA ထိန်းချုပ်သည့် နောင်ပိန်ကျေးရွာအတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – နောင်ပိန်(၅)ရပ်ကွက်တွင် ရေကြီးရေလျှံပြီး ကားတစ်စီး ရေစီးနှင့်မျှောပါ လူနှစ်ဦးပျောက်ဆုံး (ဓာတ်ပုံ-ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...