Tuesday, January 27, 2026

ကလောမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ကလောမြို့ ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင် ရပ်ကွက်(၁၀)ဘက် အဘွားအိမ်သို့ သွားနေစဉ် လမ်း၌ ပျောက်ဆုံးသွားကာ ယနေ့ (စက်တင်ဘာ ၁၀ ရက်)အထိ အဆက်အသွယ် မရရှိသေးခြင်းကြောင့် စိုးရိမ်ပူပန်နေရကြောင်း မိသားစုဝင်နှင့်နီးစပ်သူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဘွားအိမ် သွားမယ်ဆိုပြီး လမ်းမှာ ပျောက်သွားတာ၊ သုံးရက်ရှိပြီ အဆက်အသွယ် မရသေးဘူး။ သမီးက အခုမှ အသက် ၁၆ နှစ်ပဲ ရှိသေးတာ။ ကောင်လေးနောက် လိုက်မယ်ဆိုရင် မှတ်ပုံတင်တွေ တခြား သူလိုအပ်တာတွေ ကြိုပြင်ဆင်ပြီး ယူသွားမှာ၊ အခုတော့ သူ့မှာ ဖုန်းလေးတစ်လုံးပဲ ပါသွားတာ။ ကောင်လေးနောက် လိုက်သွားတာတော့ မဟုတ်လောက်ဘူး။ တစ်ယောက်ယောက်က အတင်းခေါ်သွားတာလား မသိဘူး” ဟု အဆိုပါ မိသားစုဝင် တစ်ဦးက ပြောသည်။

သုံးရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် မယွန်းအိထွေးသည် ကလောမြို့၌ ဘာသာရေးကျောင်း တက်နေသူဖြစ်ပြီး အနေအေးသူလည်း ဖြစ်ကာ ယခုကဲ့သို့ ရုတ်တရက် ပျောက်ဆုံးသွားမှုကြောင့် မိဘများက စိုးရိမ်နေကြပြီး ကလောမြို့ရဲစခန်းနှင့် အောင်ပန်းမြို့ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ကလေးများနှင့် အမျိုးသမီးငယ်များ မကြာခဏ ပျောက်ဆုံးမှုများ ရှိနေပြီး ကလေးများကို သေချာဂရုစိုက်သင့်ကြောင်း၊ ပြန်ပေးဆွဲသူများအပြင် ပေါ်တာဆွဲမှုများပါ ရှိလာနေကြောင်း ကလောဒေသခံ အသက် ၂၅ နှစ် ကျော်အရွယ် အမျိုးသမီးက ပြောသည်။

“နိုင်ငံရေးကလည်း မတည်ငြိမ်တော့ ကလေးတွေလည်း မလုံခြုံဘူး။ ကလေးမှမဟုတ်ဘူး လူကြီးတွေအစ အသွားအလာ အမြဲဂရုစိုက်ရတယ်။ တစ်ခုခုဖြစ်ရင် ဘယ်သူမှ တာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိဘူး၊ ဘယ်နေရာမှ တိုင်မရဘူး။ ခုက မိန်းကလေးတွေကိုလည်း ပေါ်တာဆွဲတယ် ကြားတော့ ပိုစိတ်ပူရတယ်”ဟု ၎င်း အမျိုးသမီးက ပြောသည်။

အလားတူ ဩဂုတ်လ ၂၇ ရက်တွင် တောင်ကြီးမြို့သို့ အလုပ်လာလုပ်သည့် အင်းလေးဒေသမှ အမျိုးသမီးတစ်ဦးလည်း တစ်ပတ်ခန့် ပျောက်ဆုံးသွားပြီး မိသားစုဝင်များ လိုက်လံရှာဖွေခဲ့ရာ ယောကျ်ားနောက် ခိုးရာလိုက်ပြေးကြောင်း ကြားသိခဲ့ရပြီး အဆက်အသွယ် ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။

ယမန်နှစ် ၂၀၂၄ ဩဂုတ်လမှ စတင်ပြီး သိန္နီမြို့ဒေသခံနှင့် ကျောက်မဲမြို့ဒေသခံ အသက် ၂၅ ဝန်းကျင်ရှိ စိုင်းတုမ်လိန်ခမ်း နှင့် အသက် ၃၀ အရွယ် စိုင်းကျော်မြင့်တို့သည် ဟိုပုံးမြို့နယ် အတွင်း ခရီးထွက်ရာမှ လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး တစ်နှစ်ကျော်ကြာ ယနေ့အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

တောင်ကြီးမှဟိုပုံး ခရီးသွားသည့် လူငယ်အမျိုးသားနှစ်ဉီး တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေ

0
သျှမ်းပြည် တောင်ကြီးမြို့မှ ဟိုပုံးမြို့နယ်အတွင်း ခရီးသွားခဲ့သည့် အမျိုးသားနှစ်ဦးသည် တစ်နှစ်ကျော်ကြာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးသွားသူ လူငယ်နှစ်ဦးသည် သိန္နီမြို့ဒေသခံနှင့် ကျောက်မဲမြို့ဒေသခံ အသက် ၂၅ နှစ်ဝန်းကျင်ရှိ စိုင်းတုမ်လိန်ခမ်းနှင့် အသက် ၃၀ နှစ်ဝန်းကျင်ရှိ စိုင်းကျော်မြင့် ဟု သိရပြီး...

ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို...

ကလောမြို့ ချောင်းရေတက်ရေကြီးမှုဖြစ်

0
သျှမ်းတောင်၊ ကလောမြို့ရှိ ကလောချောင်း ယနေ့ (ဇွန်လ ၁၂ ရက်) ညနေပိုင်းက ရေပြန်တက်လာသဖြင့် ရေကြီးမှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ယနေ့နေ့ညပိုင်းတွင် ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးကြောင့် ချောင်းရေ မြင့်တက်လာရာ မြို့လယ်ပိုင်း ရပ်ကွက် (၄)...