အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့် ပိုစ့်တင်ပြီးနောက် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများမှ တန့်ယန်းမြို့၌ အလုပ်ရှိသည်ဟု လိမ်လည်ဖြားယောင်းပြီး သမီးရည်းစားပုံစံဖြင့် ချဉ်းကပ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်တွင် အဆိုပါ မိန်းကလေးသည် မိုင်းလားမြို့မှ တန့်ယန်းမြို့သို့ လိုင်းကားဖြင့် လာရောက်ခဲ့ပြီး အသင့်စောင့်ဆိုင်းနေသည့် ကျားဖြန့်လက်ပါးစေ လူငယ်အမျိုးသား (၆) ဦး၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

ထို့နောက်တွင် မိုင်းရှူးမြို့နယ် မိုင်းအော့ကျေးရွာအုပ်စုတွင် နေထိုင်သည့် ၎င်းမိန်းကလေး၏ မိသားစုထံ ဖုန်းဖြင့်ဆက်သွယ်ခိုင်းပြီး ကျပ်သိန်း (၅၀၀) ဖြင့် ပြန်ရွေးယူရန် ငွေညှစ်တောင်းခံခဲ့ကြောင်း အဆိုပါမိန်းကလေး ပြန်လည်လွတ်မြောက်ရန် ကူညီပေးခဲ့သည့် တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကောင်မလေးက Tik Tok မှာ အလုပ်မရှိတဲ့အကြောင်း တင်ထားတာကို ကျားဖြန့်ထဲက တရုတ်တစ်ယောက်က တွေ့တာ။ အဲ့ကနေ သမီးရည်းစား ပုံစံနဲ့ စကားပြောကြရင်း တန့်ယန်းမှာ အလုပ်ရှိတယ်၊ ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်ဘဲ ပြန်လို့ရတယ်ဆိုပြီး ကောင်မလေးကို အဲ့လိုပြောတာ။ အဲ့ဒါနဲ့ ကောင်မလေးက ယုံပြီး မိုင်းလားကနေ တန့်ယန်းကို လိုင်းကားစီးပြီး လာတာ” ဟု မိန်းကလေး ပြန်လည်လွတ်မြောက်ရန် ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။

ကျားဖြန့်လက်ပါးစေ လူငယ်များမှ တန့်ယန်းမြို့နယ် ကျေးရွာတစ်ခုရှိ နေအိမ်တစ်လုံးတွင် အဆိုပါ မိန်းကလေးကို ၃ ရက်ကျော်ကြာ လက်ထိပ်ခတ် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး မိသားစုများထံ အကြိမ်ကြိမ် ဖုန်းဆက်ကာ ငွေညှစ်တောင်းခံခဲ့ကြောင်း သိရသည်။

“အဲ့မှာ လူငယ်တစ်စုက ကားနှစ်စီးနဲ့ လာစောင့်ကြိုနေတာ။ ကောင်မလေးလည်း ကားထဲဝင်သွားတဲ့အချိန် ကားပေါ်မှာ ရှိနေတဲ့လူက သူ့မျက်နှာကို အဝတ်စနဲ့ စည်းပြီး တစ်ခါတည်း လက်ထိပ်ခတ်လိုက်တယ်။ နောက်ပြီး နှစ်ရက် သုံးရက်လောက် သွားချုပ်ထားပြီးမှ မိသားစုကို ဖုန်းဆက်ခိုင်းပြီး ပိုက်ဆံနဲ့ ပြန်ရွေးထုတ်ခိုင်းတာ” ဟု မိုင်းအော့ကျေးရွာအုပ်စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းနောက် ဒီဇင်ဘာလ ၁၉ ရက် ညသန်းခေါင် ၁၁ နာရီကျော်တွင် အဆိုပါ မိန်းကလေးကို ဖမ်းဆီးထားသည့် တန့်ယန်းမြို့ ရပ်ကွက် (၆) အနီး တရုတ်သင်္ချိုင်းဘက်ရှိ နေအိမ်တစ်အိမ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တာဝန်ရှိသူများမှ ဝင်ရောက်စီးနင်းပြီး ကျားဖြန့်လက်ပါးစေ လူငယ် (၆) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

SSPP/SSA တာဝန်ရှိသူများ ဖမ်းဆီးခဲ့သည့် ကျားဖြန့်လက်ပါးစေ လူငယ် (၆) ဦးနှင့် ပတ်သက်၍ SSPP ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ ၎င်းတို့ကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို မေးမြန်းနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန် ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

လက်ရှိတွင် အဆိုပါ မိန်းကလေးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး မိသားစုထံ ပြန်လည်ရောက်ရှိနေသော်လည်း စိတ်ပိုင်းဆိုင်ရာ ဆိုးရွားစွာ ထိခိုက်နေကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

လတ်တလောတွင် ဖမ်းဆီးခံခဲ့ရသည့် မိန်းကလေး၏ မိဘများထံ ကျားဖြန့်လက်ပါးစေ လူငယ်များ ဖုန်းဆက်ပြောဆိုပြီး ငွေလွှဲခိုင်းသည့် အသံဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့ပြီး သျှမ်းလူမှု အသိုင်းအဝိုင်းကြားတွင် ဝေဖန်သံများ ထွက်ပေါ်နေသည်။

လူမှုကွန်ရက်ပေါ် ပျံ့နှံနေသည့် အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် ကျားဖြန့်လက်ပါးစေ လူငယ်များမှ ဖမ်းဆီးခံခဲ့ရသည့် မိန်းကလေး၏ မိဘများထံ သျှမ်းဘာသာဖြင့် ဖုန်းဆက်ပြောဆိုနေပြီး မိုင်းရှူးမြို့ပေါ် သွားရောက်ကာ KBZ Special Account ဖြင့် ငွေလွှဲပေးရန်၊ အလုပ်သဘောအရ ကျပ်သိန်း ၅၀၀ တောင်းခံသော်လည်း သျှမ်းလူမျိုးအချင်းချင်းဖြစ်၍ ကျပ်သိန်း ၂၀၀ သို့ လျှော့ပေးကြောင်း စသည်ဖြင့် ပြောဆိုနေသည်။

မိုင်းရှူးမြို့နယ် ကျေးရွာဘက်တွင် နေထိုင်သည့် အဆိုပါ မိန်းကလေး၏ မိဘများမှာ တစ်ဦးတည်းသော သမီးကို ပြန်လည်ရွေးထုတ်ရန် ကျားဖြန့်လက်ပါးစေများ တောင်းဆိုသည့် ငွေပမာဏကို မည်သို့ လွှဲပေးရမည်ကိုပင် မသိနိုင်သည်အထိ ရိုးသားလွန်းပြီး စိတ်ပူဆွေး သောကရောက်နေကြောင်း အဆိုပါ ရုပ်သံဖိုင်ထဲတွင် မြင်တွေ့နိုင်သည်။

“အသက်ငယ်သေးတဲ့ မိန်းကလေးတွေ တခြားလူကို အားကျပြီး အတုခိုးတတ်တာမျိုး သတိထားရမယ်။ ဒီခေတ်ကာလမှာ ငွေရှာရခက်တယ်၊ လွယ်လွယ်နဲ့ ငွေရချင်တော့ မတရားနည်းနဲ့ ငွေရှာချင်တဲ့လူလည်း များလာတယ်။ အရင်တုန်းက ဒီလိုသတင်းမျိုး အွန်လိုင်းပေါ်မှာပဲ ကြားဖူးတာ၊ အခုကျတော့ ကိုယ့်နယ်ထဲကလူကိုယ်တိုင် ကြုံရတာ။ ဒီလိုမျိုးဖြစ်တာ အရမ်းစိုးရိမ်ရတယ်”ဟု သျှမ်းလူငယ် တက်ကြွလှုပ်ရှားသူတစ်ဦးက သတိပေး ပြောဆိုသည်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်၌ တောင်ကြီးမြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် “တို့ဆေး” ကြောင့် တောင်လေးလုံးအနီး တောနက်ထဲ ခေါ်ဆောင်သွားခံရပြီး ဂိုဒေါင်တစ်ခုတွင် ပိတ်လှောင်ခံခဲ့ရပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

အလားတူ ဩဂုတ်လဆန်းပိုင်း၌ တန့်ယန်းမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်များကို လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇) ဦးကို UWSA က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တန့်ယန်းမြို့နယ်ထဲ ‘ဝ’တပ်ဖွဲ့ UWSA တပ်စွဲထားသည့် တစ်နှစ်ခွဲကျော်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို သုံးကြိမ်ထက်မနည်း ဖမ်းဆီးပြီး တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့သော်လည်း ပြည်သူ့စစ်ထိန်းချုပ် နယ်မြေများတွင် ရွှေ့ပြောင်းလုပ်ကိုင်နေသည့် ကျားဖြန့်ရုံ အများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် လှုပ်ရှားခဲ့သည့် အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွဲနှိမ်နှင်းရန် တရုတ်၊ အမေရိကန်၊ ထိုင်း စသည့် နိုင်ငံများမှ မူဝါဒများ၊ စစ်ဆင်ရေးများ ချမှတ် လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါ ကျားဖြန့်ဂိုဏ်းများမှာ ပုံစံမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်း ပျံ့နှံ့ရောက်ရှိသွားကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ယခုခေတ်ကာလအရ နည်းပညာဖွံ့ဖြိုးမှုကြောင့် ကျားဖြန့်လုပ်ငန်းများ ပပျောက်သွားခြင်း မရှိဘဲ ရွှေ့ပြောင်းစနစ်ဖြင့် နယ်မြေပြောင်းရွှေ့ကာ ဆက်လက်ကြီးထွားလာပြီး သျှမ်းပြည် နေရာအနှံ့အပြားတွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ် လက်နက်ကိုင်အကူအညီဖြင့် ဆက်လက်လုပ်ကိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခကြောင့် အဘက်ဘက်မှ စီးပွားရေး ကျဆင်းနေချိန်တွင် ကျားဖြန့်လုပ်ငန်းမှာ ဝင်ငွေရလွယ်သော အလုပ်ဖြစ်သည့်အတွက် လူငယ်များအနေဖြင့် ဆင်ခြေတုံတရား ကင်းမဲ့လာပြီး ဆက်လက်လုပ်ကိုင်နေကြသည်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်။

ထို့အပြင် အလုပ်အကိုင် ရှားပါးမှုကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ရသည့် အလုပ်ခေါ်စာ ကြော်ငြာများကို သေချာ စိစစ်ခြင်း မရှိဘဲ လုပ်ငန်းခွင်ရောက်မှ လူကုန်ကူးခံရမှန်း မသိဘဲ နှိပ်စက်ခိုင်းစေခံရသည့် အနေအထားဖြင့် အလုပ်လုပ်နေရသူ အများအပြား ရှိနိုင်ကြောင်း သျှမ်းလူငယ် တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

“နိုင်ငံရေးကြောင့် အလုပ်ရှာရခက်တော့ ဘာပဲလုပ်ရလုပ်ရ ပိုက်ဆံရရင် လုပ်မယ်ဆိုတာမျိုး ဖြစ်လာတာပေါ့။ အရင်က နိုင်ငံခြားသွားမှ လူကုန်ကူးခံရတယ်ဆိုတာ ကြားဖူးတာ၊ အခုကျတော့ ကျားဖြန့်တွေကြောင့် ကိုယ့်ပြည်တွင်းထဲမှာပဲ လူကုန်ကူးခံရတဲ့ ပုံစံနဲ့ အလုပ်ထဲမှာ နှိပ်စက်ခိုင်းစေတာမျိုးအထိ ဖြစ်လာပြီ။ ဒါမျိုးက ဘယ်လောက်ထိတောင် ကျယ်ပြန့်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး” ဟု အဆိုပါ သျှမ်းလူငယ် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ (၉) ရက်တွင် မြန်မာပြည်မြောက်ပိုင်းတွင် လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်းများနှင့် ဆက်စပ်နေသူ လူအယောက် (၁၀၀) ကျော်ကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဆုကြေးနှင့်တကွ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်မှ ကျားဖြန့်တိုက်ဖျက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။

ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါ နိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...