တာချီလိတ် လူငယ်တစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ၊ အထင်မှား ဖမ်းဆီးခံရမည်ကို မိသားစု စိုးရိမ်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ လူငယ်တစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေပြီး အထင်မှားဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၄ ရက်ကတည်းက အသက် ၂၉ နှစ်အရွယ်ရှိ စိုင်းမောင်သိန်းလှိုင်ဆိုသူသည် ခဏအပြင်ထွက်လည်မည်ဟုဆိုကာ နေအိမ်မှထွက်သွားပြီးနောက် ယနေ့အချိန်ထိ အိမ်သို့ပြန်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် စိတ်ကျရောဂါ (Depression) ဝေဒနာကို ခံစားနေရသူဖြစ်ပြီး ပုံမှန်ဆေးသောက်ရန် လိုအပ်သူလည်း ဖြစ်ကြောင်း ပျောက်ဆုံးနေသူ စိုင်းမောင်သိန်းလှိုင်၏ အစ်ကိုဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ထိ ပြန်မတွေ့သေးဘူး၊ ဘာသတင်းမှလည်း မကြားရသေးဘူး။ ကျနော် ညီလေးကလည်း စိတ်သိပ်မနှံ့ဘူး။ သူများ ခေါ်သွားတာလား၊ သူကိုယ်တိုင်ပဲ ထွက်ပြေးသွားတာလား မသိဘူး။ အခုချိန်မှာ သူဆေးမသောက်ရရင် သူ့ရောဂါပြန်ထမှာကို စိုးရိမ်နေရတာ” ဟု ၎င်းက ပြောသည်။

အဆိုပါပျောက်ဆုံးနေသူမှာ စိတ်ကျရောဂါခံစားနေရသဖြင့် အစစ်အဆေး၊ အမေးအမြန်းများနှင့် ကြုံတွေ့ရပါက ကြောက်ရွံ့ပြီး စကားပြန်မပြောနိုင်ခြင်း၊ ထွက်ပြေးခြင်းများ ပြုလုပ်နိုင်သောကြောင့် ရာဇဝတ်သားတစ်ဦးအဖြစ် အထင်မှားကာ ဖမ်းဆီးခေါ်ဆောင်သွားမည်ကို မိသားစုဝင်များက စိုးရိမ်နေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ပျောက်ဆုံးနေသည့် စိုင်းမောင်သိန်းလှိုင်အား ပြန်ပေးဆွဲခံရမည်ကို စိုးရိမ်နေရသလို တစ်ဖက်မှာလည်း အာဏာပိုင်းများမှ တရားခံအဖြစ် ဖမ်းဆီးနှိပ်စက်မည်ကို စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။

ပြည်သူများနှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ပျောက်ဆုံးနေသည့် စိုင်းမောင်သိန်းလှိုင်ကို တွေ့ရှိပါက ရာဇဝတ်သားတစ်ဦးအဖြစ် သဘောမထားဘဲ ၎င်း၏ ကျန်းမာရေး အခြေအနေကို ထည့်သွင်းစဉ်းစားကာ မိသားစုထံ အမြန်ဆုံး အကြောင်းကြားပေးရန် သို့မဟုတ် လူသားချင်းစာနာမှုဖြင့် ကူညီပေးပါရန် မိသားစုဝင်များက အထူးမေတ္တာရပ်ခံ တောင်းဆိုထားပါသည်။

အကယ်၍ စိုင်းမောင်သိန်းလှိုင်ကို တွေ့ရှိပါက ဖုန်းနံပါတ် – 09421217627 သို့ အကြောင်းကြားပေးပါရန် မိသားစုဝင်များက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...