တောင်ကြီးတန်ဆောင်တိုင် ပွဲလာသူများထံ တည်းခိုခန်းအမည်ခံများက ငွေလိမ်ယူနေ

သျှမ်းပြည် မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများထံ တည်းခိုခန်းအမည်ခံသူများက ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် ကြိုတင်အခန်းငှားရမ်းပေးပြီး ငွေလိမ်ယူနေကြသည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်တစ်ခုအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိလာသူများသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင် ရှိသည်ဆိုသော “Pine Garden Villa” တည်းခိုခန်း၌ သုံးရက်စာ ကြိုတင်ဘိုကင်ယူထားခဲ့သည်။

သို့သော် တောင်ကြီးသို့ အမှန်တကယ် ရောက်လာသည့်အခါ အဆိုပါတည်းခိုခန်းကို ဆက်သွယ်ရန် ပေးထားသည့် ဖုန်းနံပါတ်အား ဆက်သွယ်၍မရတော့ကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ရန်ကုန်ဘက်မှ လာရောက်လည်ပတ်သည့် ခရီးသွားအမျိုးသားတစ်ဦးက “တောင်ကြီးမလာခင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက် ညကမှ ဘိုကင်သုံးရက်စာ ယူထားတာ။ တောင်ကြီးရောက်တော့ သူ့ပေ့ချ်က ဖုန်းနံပါတ်ကို ဆက်တာ ဆက်မရတော့ဘူး။ ကျွန်တော်တို့လည်း တောင်ကြီးကို အခုမှ ရောက်ဖူးတာ၊ ရောက်ရောက်ချင်းကို အလိမ်ခံလိုက်ရတယ်” ဟု ပြောပြသည်။

၎င်းတို့အနေဖြင့် သုံးရက်စာ တည်းခိုရန် ငွေကျပ် ၄ သိန်း ၂ သောင်း ကို ကြိုတင်လွှဲထားခဲ့ခြင်းကြောင့် အလိမ်ခံရသည်မှာ သေချာကြောင်း အတည်ပြုသည်။

ထိုသို့ တည်းခိုစရာ နေရာအခက်အခဲ ဖြစ်နေသော်လည်း တောင်ကြီးမြို့ရှိ အသိမိတ်ဆွေများ၏ အကူအညီဖြင့် နေရာထိုင်ခင်း အဆင်ပြေသွားခဲ့ကြောင်း ၎င်းခရီးသွား အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် တောင်ကြီးမြို့ခံများ၏ ပြောပြချက်အရ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင် အဆိုပါ တည်းခိုခန်းနာမည်ကို မကြားဖူးကြောင်းနှင့် အလိမ်ခံရသည်မှာ ဖြစ်နိုင်ကြောင်းလည်း ထပ်လောင်းအတည်ပြုသည်။

တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးမှ “တန်ဆောင်တိုင် ပွဲတော်မတိုင်ခင်ကတည်းက ဟိုတယ်၊ တည်းခိုခန်းတွေက အကုန်ပြည့်နေပြီးသား။ လာချင်တဲ့သူတွေလည်း အခန်းမရကြလို့ လိုင်းပေါ်မှာ မေးနေကြတယ်၊ ဒီဟာကို အခွင့်ကောင်းယူပြီး လိမ်တာဖြစ်နိုင်တယ်။ ဘုရားဖြူ နယ်မြေ ၂ မှာ အဲ့ဒီတည်းခိုခန်းနာမည် မကြားဖူးဘူး” ဟု ရှင်းပြသည်။

၎င်းမြို့ခံအမျိုးသားက တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လာရောက်လည်ပတ်မည်ဆိုပါက သေချာစုံစမ်းပြီးမှ လာသင့်ကြောင်းနှင့် လူမှုကွန်ရက်ပေါ်ရှိ အလိမ်အညာများကို အလွယ်တကူ မယုံသင့်ကြောင်း အကြံပြု ပြောကြားသည်။

ထိုကဲ့သို့ ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် တည်းခိုရန်နေရာ အလိမ်ခံရသူများမှာ ငါးဦးထက်မနည်း ရှိနေပြီး လိမ်လည်သူများသည် အကောင့်တုများဖြင့် လိမ်လည်နေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်မှ အဆိုပါ Pine Garden Villa ဖေ့စ်ဘွတ်ခ်ပေ့ချ်မှ ပေးထားသည့် ဖုန်းနံပါတ်ကို ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ဆက်သွယ်ကြည့်ခဲ့ရာ ဖုန်းအဆက်အသွယ် မရခဲ့ဘဲ ထိုဖေ့စ်ဘုတ်ပေ့ချ် စာမျက်နှာသို့ ဝင်ကြည့်ခဲ့ရာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့မှသာ စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး Follower (၂၁) ဦး သာ ရှိကြောင်း တွေ့ရှိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားများဖြင့် စည်ကားနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် ညပိုင်းတွင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွင်း ရုတ်တရက် မိုးရွာချခဲ့သဖြင့် လူအများအပြား မိုးလွတ်ရာသို့ ပြေးကြရာ ရုန်းရင်းဆန်ခတ် လူတိုးမှုများကြောင့် လူအုပ်ပိပြီး သတိလစ်မေ့မျောသူများ အယောက် ၈၀ ထက်မနည်း ရှိခဲ့သည်ဟု သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...