Tuesday, January 27, 2026

တန်ဆောင်တိုင်ကာလ တောင်ကြီးမြို့တွင်း ကုန်တင်ကားများ သွားလာခွင့်ယာယီပိတ်

သျှမ်းပြည် တောင်ကြီးမြို့တွင် လာမည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ကုန်တင်ကား နှင့် တွဲကားများကို မြို့အတွင်း သွားလာဖြတ်သန့်ခွင့် ယာယီပိတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့တွင် လာမည့် (အောက်တိုဘာလ ၂၉ ရက် မှ နိုဝင်ဘာလ ၅ ရက်) အတွင်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင့်ပသွားမည်ဖြစ်ကြောင်း သိရသည်။ ခခ

ထိုပွဲတော်ကာလ အတွင်း မြို့ပေါ်တွင် ယာဥ်ကြော ပိတ်ဆို့မှုများ မဖြစ်ပေါ် စေရန် ကုန်တင်ကား နှင့် တွဲကားများကို သွားလာဖြတ်သန်းခွင့် ယာယီပိတ်မည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားကြီးတွေ ကုန်တင်ကားတွေကို အရင်နှစ်တွေတုန်းကတော့ မြို့ရှောင်လမ်းတွေကနေ သွားခိုင်းပေမဲ့ ဒီနှစ်တော့ မြို့ရှောင်လမ်းဘက်လည်း ပေးမသွားတော့ဘူး။ဒီတစ်နှစ်တော့ မြို့ပတ်လမ်းတွေကို အဆင်းလမ်းအဖြစ် အသုံးပြုသွားမယ်ထင်တယ်။“ ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလ အတွင်း ညနေ (၄) နာရီ မှ နောက်တစ်နေ့ မနက် (၄) နာရီ အတွင်း ကုန်တင်ကား နှင့်တွဲကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားမည် ဖြစ်ပြီး မြို့ရှောင်လမ်းကို အောက်တိုဘာ လ ၂၈ ရက် မှစတင်၍ အဆင်းလမ်း အဖြစ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာများက အသိပေးကြေငြာထားကြောင်းသိရသည်။

လက်ရှိ တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းအတွင်း တွင်လည်း တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအတွက် အကများ ကြိုလေ့ကျင့်နေကြသည့အပြင် ဆိုင်ခန်းများလည်း ကြိုတင် ဆောက်လုပ်ပြင်ဆင်မှု နေကြကြောင်း ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
Taunggyi_Polling_Stations

တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊...

တောင်ကြီး မြို့ပေါ် စစ်ကော်မရှင်နှင့် PNO စစ်ဆေးရေးတင်းကြပ်၊ လူငယ်များပျောက်ဆုံးမှုရှိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးမှုတင်းကြပ်နေပြီး၊ ယခုရက်ပိုင်း လူငယ်များလည်း ပျောက်ဆုံးမှုရှိလာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ တတိတယ ပတ်မှစပြီး တောင်ကြီးမြို့တွင် ည (၇)နာရီနောက်ပိုင်းတွင် စစ်ကော်မရှင်နှင့် ၎င်း၏လက်အောက်ခံ PNOတို့က ယူနီဖောင်းအပြည့်စုံ ဝတ်ပြီး ကား(၈)စီးခန့်ဖြင့်...